Friday, March 8, 2013

လူ့မီးပွိုင့်


တစ်ယောက်ကို မီးနီ ပြပေးလိုက်တာဟာ
တစ်ယောက်ကို မီးစိမ်းပြပေးလိုက်တာပဲပေါ့
ဒါလည်းပဲ သချိုင်းကုန်းထဲမှာ ကားတိုက်မှု ဖြစ်တုန်းပဲ

မီးဝါဆိုတဲ့ ဘာသာတရားဟာ
သက်သက် ဘဝကူးကောင်းအောင် လုပ်ထားတာ
တကယ်က မရှိဘူး၊ မသုံးဘူး။   ။

သုအိုင်စံ
၀၈-၀၃-၂၀၁၃

0 comments: