Wednesday, January 9, 2013

ဟန်ကိုင်းတောင် အစိုးရ လက်နက်ကြီးကုန်းအား KIA ၀င်စီးခဲ့

၉ ရက် ဇန်န၀ါရီလ ၂၀၁၃

KIO ဌာနချုပ် လိုင်ဇာအပါဝင် KIA စခန်းများကို ပစ်ကူပေးနေသော ဒေါ့ဖုန်းယန်ရှိ ဟန်ကိုင်းတောင် လက်နက်ကြီးကုန်း ကိုKIA တပ်ဖွဲ့မှ ယမန်နေ့က စစ်ဆင်တိုက်ခိုက်ရာ လက်နက်ကြီးများ ပျက်စီး ခဲ့သည်ဟု ၄င်းရှေ့တန်း စခန်းကို ကွပ်ကဲ နေသော KIA အရာရှိ တဦးက ရွှေဟင်္သာ သတင်းဌာနကို ပြောပါသည်။

“ နေ့လည်ပိုင်း ၂ နာရီ လောက်မှာ တက်တိုက်ခဲ့တာပါ။ ကျနော်တို့လည်း လက်နက်ကြီး ပစ်အားကို တအားသုံးတော့ သူတို့ ဆင်ထားပြီးသား ရှိနေတဲ့ ၁၀၅ မမနဲ့ ၁၅၅ မမဟော်ဝစ်ဇာ အမြောက်တွေကို ထိသွားတယ်လေ။ (၂) လက်ပျက် တယ်လို့ သိရတယ်။ ဒီစခန်းမှာ ရှိနေတာက (၃) လက်လေ။ စခန်းကလည်း ပျက်စီး သလောက်ဖြစ်လို့ ကျန်တဲ့ လက်နက်ကြီးတွေ နေရာ ရွှေ့နေရတယ်လို့ ကြားရတယ်ဗျ။” ဟု ဆိုပါသည်။
ကိုးကား - ရွှေဟင်္သာသတင်းဌာန

0 comments: