Sunday, January 6, 2013

"ပွိုင့်-၄၀၄၄ ပေါ်မှာ ကြွေကျန်ခဲ့တဲ့ဝိညာဉ်သံစဉ်" ကဗျာစာအုပ်ရဲ့ အမှာစာ

ကိုယ့်ဦးခေါင်းကို ကိုယ့်ပုခုံးနဲ့ ကိုယ့်ခြေလှမ်းပေါ်မှာပဲ ထမ်းလျှောက်လာတဲ့စာ




ကွဲခြားများပြားလွန်းတဲ့ ကဗျာပုံစံတွေအားလုံးမှာ အခြေခံတူတဲ့အချက်က ကဗျာဖြစ်တာဟာ ကဗျာပါပဲ။ ကဗျာ။ လူ့ဦးနှောက်စိတ်ပိုင်းဆိုင်ရာရဲ့ ဖန်ဆင်းနိုင်စွမ်းနဲ့ ရသသွန်းလိုက်တဲ့ သပ်ရပ်မြင့်မြတ်သော အနုပညာပစ္စည်း။ ကဗျာစာအုပ်ထုတ်ဝေမယ်ဆိုတော့ အမှာစာကိစ္စ ဘယ်သူ့ရေးခိုင်းရမလဲ ကျနော်စဉ်းစား ဖြစ်ပေမဲ့ ကျနော်ဟာ ကဗျာနယ်ကနေ တစ်ကောင်တည်း ပဲ့ထွက်နေတဲ့ သင်းကွဲမို့ ဒီစာအုပ်မှာ အမှာစာကို မထည့်သွင်းနိုင်ခြင်းကြောင့် ကိုယ်တိုင်ပဲ မိတ်ဆက်စကားလေးပြောခွင့်ပြု လိုက်ရပါတယ်။

 ၁၉၉၁/၉၂ ပွင့်လင်းရာသီ မာနယ်ပလော ထိုးစစ်မှာ၊ ရန်သူ တပ်မတော် စစ်ကြောင်းတွေက ညစဉ်တက်ထိုး၊ လက်နက်ကြီးတွေက မုန်တိုင်းသင့်သရက်သီးတွေလို တဝုန်းဝုန်းကျကွဲ၊ နေ့စဉ်တိုက်ပွဲတွေ အရမ်းကြမ်းနေရတဲ့ ပွိုင့် ၄၀၄၄ ပေါ်က ဆက်သွယ်ရေးလျှောက်မြောင်းကို ခပ်ယိမ်းယိမ်းမှီရပ်ပြီး "မောင့်ရဲ့သီရိမေ" သီချင်းကို ဆိုကျူးနေတဲ့ ကျနော့်ဘော်ဒါ ကျနော့်ရဲဘော် နေမျိုး (ခေါ်) တိုးအောင်လွင် ဟာ ဝုန်းကနဲ 120MM ကျကွဲပြီး ရင်အုံကို Spinner စ ဖောက်ခွင်းကာ အပြုံးအက်အက်လေးနဲ့ပဲ ပုံခွေလဲကျ ကျဆုံးသွားပါတော့တယ်။ သူဟာ ကျနော့်လိုပဲ  (၉)တန်းကျောင်းသားဘဝနဲ့ တောခိုလာခဲ့တဲ့ ကျောင်းသားတပ်မတော်ရဲ့ အငယ်ဆုံးတော်လှန်ရေးသမားတွေထဲက တစ်ယောက်ပါ။ အဲဒီကဗျာဆိုးက ကျနော့်ယုံကြည်ချက်သွေးကြောပေါ်မှာ ထိုးခြယ်လိုက်တဲ့ ဆေးမှင်ကြောင်လို ဘဝတစ်လျှောက်မှာ ထွင်းနစ်ဝင်နေခဲ့တော့တယ်။ သူ့ မိခင်ကို တချိန် သွားတွေ့ ပြောပြပေးရမဲ့တာဝန်ကိုလည်း ကျနော့် နှလုံးသားက ကျနော့်ကို တာဝန်ပေးအပ်ထားလိုက်တယ်။ ကြာခဲ့ပြီ ဆိုပေမဲ့ သွေးဆူဆဲမို့ ရဲဘော်ကို အလေးပြုသော အားဖြင့် ကျနော့်ကဗျာစာအုပ်ကို... "ပွိုင့်-၄၀၄၄ ပေါ်မှာ ကြွေကျန်ခဲ့တဲ့ဝိညာဉ်သံစဉ်" လို့ပဲ အလေးနီပြု အမည်ပေးဖြစ်ပါတယ်။

 
အင်းလျားတစ္ဆေ

ရေပြင်ပေါ်တွင်
စာအုပ်ဘောပင်
ပေါလောပေါ်စဉ်
သူတို့ပိုင်ရှင်
ရေငုတ်သေ၏ ။

ရေပြာမျက်နှာ
မြင့်တက်လာကာ
အနီရောင်ပြောင်း
ဘယ်အကြောင်းကြောင့်
အင်းလျားသိ၏ ။

ဒီကဗျာလေးကို ဘ၀မှာ ပထမဆုံး ရေးဖြစ်တယ်…အဲဒီတုန်းက ၁၉၈၈ ဒီဇင်ဘာ တောတွင်းသူပုန်စခန်းတနေရာမှာ ကျနော်က ငှက်ဖျားတွေအရမ်းတက်နေတယ်၊ ၈၈၈၈ အရေးအခင်းမှာ ကျောင်းသားတွေကို နှိမ်းနင်းသတ်ဖြတ် အင်းလျားကန်ထဲ အလောင်းတွေ ပစ်ချတယ်ဆိုတဲ့ ပြောစကားတွေနဲ့ ကြားဖူးတဲ့ အတွေ့အကြုံကို ဒီကဗျာတိုလေးထဲမှာ အရိုးသားဆုံး ပါးနပ်လျှို့ဝှက်စွာ ထည့်သွင်းရေးတာပါ…ဘဝရဲ့ ပထမဆုံး ကဗျာဆိုတော့ ဒီကဗျာလေးက ရင်ထဲ စွဲမြဲ ကျန်ရှိဖြစ်တည်နေတော့တယ်၊ ဘဝတစ်ခုပါပဲ။ အဲဒီနောက်ပိုင်းမှာတော့ မြန်မာပြည်ရဲ့တရားသော တော်လှန်စစ်ထဲမှာ အရှေ့နယ်စပ်တလျှောက် တောင်မှ မြောက်အထိ၊ အဖွဲ့အစည်းကပေးတဲ့ တာဝန်တွေထမ်းဆောင်ရင်း ကဗျာကို မှတ်စု စာအုပ်ထဲမှာပဲ ရံဖန်ရံခါရေးသားပါတယ်။ မြိတ်ကျွန်းစု တစ်နေရာက ပင်လယ်ပြင်တိုက်ပွဲတစ်ခုမှာ အဲဒီ ဒိုင်ယာရီလို ကဗျာနဲ့ Political Termတွေ ရေးထဲ့ထားတဲ့ မှတ်စုစာအုပ်က ကျကျန်ခဲ့ပြီးနောက်ပိုင်း ဘာမှ မရေးဖြစ်တော့ပြန်ဘူး။(၁၆)နှစ်အရွယ် ကတည်းက တောထဲတောင်ထဲမှာ မ.က.ဒ.တ (ကျောင်းသားတပ်မတော်) ရဲ့ တိုက်ခိုက်ရေးရဲဘော် ဖြစ်ခဲ့တဲ့ ကျနော့်အဖို့တော့ တောထဲမှာ ABSDF ကထုတ်ဝေတဲ့ ဒေါင်းအိုးဝေစာစောင်ကလွဲရင် စာအုပ်စာပေတော်တော်ရှားပါးပါတယ်။
         ၂၀၀၀ခုနှစ်မှာ ကျနော်ရေးထားတဲ့ ကဗျာအားလုံးကို စုပြီး သုအိုင်စံ အမည်နဲ့ ပြည်တွင်းမဂ္ဂဇင်းတွေဆီ ကျနော် ပို့ကြည့်လိုက်ပါတယ်။ ၂၀၀၁..၂၀၀၂တွေမှာ စာမျက်နှာပေါ်မှာ ကဗျာတွေ ဆက်တိုက်ဖော်ပြခံရပါတယ်။ ကျနော်မှတ်မိပြီး စာမူပါ မဂ္ဂဇင်း အကန်တော့ခံရရှိတဲ့အရေအတွက်က ၁၇ အုပ်ပဲ။ အဲဒီနောက်ပိုင်း ရန်ကုန်နဲ့ အဆက်အသွယ်တွေ ပြတ်ပြီး ဘယ်လောက် ဆက်လက်ဖော်ပြခံရမှန်း ကျနော်မသိတော့သလို ပြည်တွင်းမဂ္ဂဇင်းတွေဆီ ကဗျာမပို့တော့တာလည်း အခုအချိန်ထိပါပဲ။ ခုနောက်ပိုင်းတော့ နိုင်ငံခြားတိုင်းပြည်တစ်ခုမှာနေထိုင်းရင်း အင်္ဂလိပ်ဘာသာနဲ့ကဗျာကို စမ်းသပ်ရေးသားထားတာတွေကိုလည်း နောင်တချိန်မှာ THE SECOND SECOND အမည်နဲ့ အင်္ဂလိပ်ကဗျာသက်သက် သီးသန့် ထုတ်ဝေဖို့ ရည်ရွယ်ထားပေမဲ့ လောလောဆယ်မှာ မြန်မာကဗျာဖတ် ပရိသတ်ထဲမှာလည်း အင်္ဂလိပ်ကဗျာ ဖတ်သူတွေရှိတာမို့ ဒီစာအုပ်ထဲမှာ ထဲ့သွင်း တင်ဆက်ထားပါတယ်…နောက်တခုက Concrete Poem လို့ ခေါ်တဲ့ ပုံနဲ့ စာတွေနဲ့ ရောစပ်ဖန်တီးတဲ့ အနုပညာလက်ရာတွေကို ကျနော်ဖန်တီးရတာကြိုက်တာမို့ ထဲ့သွင်းဖော်ပြထားပါတယ်။ ဒီစာအုပ်ပါ ကဗျာတချို့ဟာ နှစ် ၂၀ကျော် ကြာပြီဖြစ်သလို တချို့ဟာ မနေ့တနေ့ကမှ ရေးထားတာတွေဖြစ်ပြီး အဲဒါကို စနစ်တကျ အချိန်ကာလ ရက်စွဲတွေ မတပ်ပေးနိုင်တာက မသပ်ရပ်တဲ့ ကျနော့်အားနည်းချက်ပါ။

       ဒီစာအုပ်ပါ ကဗျာတွေကို ကေသာဦးခိုက်၊ သုအိုင်စံ၊ အတိတ်မြို့စား၊ နေရဲခိုက်၊ A’karikz Yannaing စတဲ့ အမည်တွေနဲ့ ပြည်တွင်း၊ ပြည်ပစာမျက်နှာနဲ့ အွန်လိုင်းစာမျက်နှာတွေပေါ်မှာ ဖော်ပြခဲ့ဖူးတာကို အခု သုအိုင်စံအမည်နဲ့ ထုတ်ဝေပါတယ်။ ဒီစာအုပ်ပါ ကဗျာတစ်ပုဒ်စီ စကားလုံးတစ်ခုစီရဲ့ ကျန်းမာရေးနဲ့ ပရောဂကို ကျနော် ရာနှုန်းပြည့်တာဝန်ယူထားတာမို့ လိုအပ်တာရှိရင် ကျနော့်ထံ yathazoe@gmail.com နဲ့ ဆက်သွယ်နိုင်ပါတယ်။

      နောက်ဆုံးအနေနဲ့ ကဗျာနဲ့ မသက်ဆိုင်တဲ့ ကျနော်အပြောချင်ဆုံး စကားတစ်ခုကို သေသေချာချာပြောချင်ခဲ့ပါတယ်…မြန်မာပြည် ပြန်လည် ထူထောင်ရေးအတွက် ပညာတတ်သူတွေရော ပညာမတတ်သူတွေရော ကိုယ့်ဘဝကို ကိုယ်လွတ်မရုန်းထွက်ကြပါနဲ့၊ ဒီနိုင်ငံရေးမှာ ပတ်သက်ပါ၊ ပါဝင်ပါ၊ ပေးဆပ်ပါ၊ ရယူပါ။

“ဒီတိုင်းပြည်မှာ
အရင် နှစ် ၆၀ စာ ဆိုးဝါးမှားမိုက်ခဲ့တဲ့ မတိုးတက်မှုတွေအတွက်
နောက်ထပ် အနှစ် ၆၀ ကြိုးစားအားစိုက်ရမဲ့ မျိုးဆက်ထုရဲ့တာဝန်တွေနဲ့ 
ဆွဲယူဖဲ့ထုတ်လွှင့်ပစ်လိုက်လို့ မရတဲ့ နှလုံးသားဟာ မင်းရဲ့ မြန်မာပြည်”

‘တော်လှန်ရေးသည် ငါတို့ကျောင်း၊ ငါတို့ တက္ကသိုလ်’
တော်လှန်ရေးသစ္စာဖြင့်
 

သုအိုင်စံ
၀၀.၀၀.၂၀၁၃

1 comments:

ကျော်ထူး (စောဌက်) said...

ဟေ့ ဒီမှာ ဒီမှာ ဘာမှမလိုဘူးကွ

ငါလိုးမသားကချင်တွေ အကုန်သတ်ပစ်
ဟိုမအေလိုးက၇င်တွေလည်း မျိုးဖြုတ်ပစ်ကွာ
ပြီးရင် နှမဇောင်းရှမ်းမသားတွေ မြွေပွေး၇ခိုင်တွေလည်း ရှိသေးတယ် အကုန်သတ် အကုန်သတ်မယ်ကွာ

ငါတို့ဗမာတွေ မင်းတို့ကိုခေတ်အဆက်ဆက် အုပ်ချုပ်လာတာ ဘာခုမှ လူပါးလာမဝနဲ့ မျိုးကန်းသွားမယ်

မအေပေးတွေ ခေါင်းထောင်မယ်အကြံနဲ့ ခုမှဗုံးလေးတစ်လုံးနှစ်လုံးပဲ ချ၇သေးတယ် ကြောက်ကန်ကန်ပြီး အော်နေ၇ပြီမဟုတ်လား

လူ့အခွင့်ေ၇းတွေဘာတွေလည်း လာမကြောင်နဲ့ ငါတို့နိုင်ငံ ငါတို့ပိုင်တယ် လုပ်ချင်တာ လုပ်လို့၇တယ် ကြားလား။ မော်မကြည့်နဲ့ ပါးဖြတ်၇ိုက်ပလိုက်မယ်

မင်းတို့ကို မလုပ်ချင်လို့ ကြည့်နေတာကြာပြီ အခွင့်ေ၇းလေး နည်းနည်းပေးတာနဲ့ ကဲကဲပိုတဲ့မအေလိုးတွေ၊ ငါတို့ကထိုင်းကို ဘယ်လိုဘန့်ပိုးပေးခဲ့သလဲ သိတယ်မှုတ်လား

မင်းတို့အားလုံးကို လီးပဲကွ
မင်းတို့နှမအားလုံးကိုလိုးပြီး မင်းတို့ဖင်ပါတက်လိုးပစ်မယ်
ကြောက်တတ်၇င် ခေါင်းငုံ့ထား လီးတဲ့မှမော်မကြည့်နဲ့
ဒီမြေပေါ်မှာ၇ှိတာအားလုံး ငါတို့ပိုင်တယ် လုပ်ချင်၇ာလုပ်မယ်
မင်းတို့မနေချင်၇င် ထွက်သွား လီးတဲ့မှ ၈၇ုမစိုက်ဘူး
အားလုံးသတ်ပစ်မှ နားအေးမယ့်ကောင်တွေ