၁၄ ရက် ဒီဇင်ဘာလ ၂၀၁၂
![]() |
| ဓါတ်ပုံ- Kayin Lay |
လဂျားယန်ကို မနက်ထဲက ရန်သူ နအဖ စစ်တပ်က စတင်တိုက်ခိုက်နေပြီး လဂျားယန်ကို တိုက်ခိုက်ဖို့ရန်အတွက် ရန်သူနအဖ စစ်တပ်က စစ်ကူထပ်မံတောင်းထား သတင်းရရှိပါတယ်။ ကျောင်းသားတပ်မတော်(မပ)နဲ့ ကေအိုင်အေ မဟာမိတ်တပ်ပေါင်းစုရဲ့ ခံစစ်ကြောင်းလိုင်းကို ရန်သူတပ်တွေဘယ်လိုမှ မထိုးဖောက်နိုင်ပဲ တိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ အလောင်းတွေကို ကောက်ယူနိုင်ခြင်းမရှိဘဲ ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရှိရပါတယ်။
ယခုအချိန်ထိတိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျှက်ရှိပြီး ရန်သူ နအဖ စစ်တပ်မှ ကျဆုံး စစ်သား ၅၀ ကျော်ရှိကြောင်း သိရှိရသည်။ ကိုးကား-Moa Swe


0 comments:
Post a Comment