မောင်ချင့်ချိန်
“ အမိမြေလွတ်မြောက်ဖို့အတွက်
… အရိုးတွေတောင်လိုပုံမှရမယ်ဆိုရင်
… ငါတို့ကျောင်းသားအရိုးတွေက
အောက်ဆုံး အလွှာကရှိလိမ့်မယ်
…” တဲ့ ။ စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲသမိုင်းကြောင်းတလျှောက်
၊ ပြည်သူကို ရဲရဲရင့်ရင့်
ဦး ဆောင်တိုက်ပွဲဝင်ခဲ့တဲ့
သူရဲကောင်းခွပ်ဒေါင်းတွေ
အဲဒီလိုဟစ်ကြွေးခဲ့ကြတယ်
။
ဒီနေ့ခေတ်မှာတော့
“ အနိုင်ကျင့်ဖိနှိပ်မှုမျိုးစုံကိုခံနေရတဲ့
ပြည်သူတွေလွတ်မြောက်ဖို့အတွက်
… အရိုးတွေတောင်လို
ပုံမှရမယ်ဆိုရင်…
ဦးဇဉ်းတို့သံဃာတော်တွေရဲ့အရိုးတွေက
အောက်ဆုံးအလွှာကရှိလိမ့်မယ်…”
လို့ သာသနာ့
အာဇာနည် ရဟန်းသံဃာတွေကပါ
ပြောလာခဲ့ကြတယ်
။
သေချာတာကတော့
ရဟန်းသံဃာတော်တွေရဲ့အရိုးတွေရော..
၊ ကျောင်းသားလူငယ်တွေရဲ့အရိုးတွေရော..၊
ဗမာပြည် သူပြည်သားပေါင်းမြောက်များစွာရဲ့အရိုးတွေရောဟာ
စစ်အာဏာရှင်တွေရဲ့လက်ချက်နဲ့
အထပ်ထပ်စုပုံခဲ့ရတယ်
။ ထပ်ထပ်ပြီးတော့လည်း
အနုနည်း ၊ အကြမ်းနည်းမျိုးစုံနဲ့
သတ်ဖြတ်ခံနေကြရဆဲပါပဲ
။
ခုလည်း လက်ပံတောင်းတောင်စီမံကိန်းကြောင့်
လယ်ယာမြေတွေ(ဧက၇၈၀၀ကျော်)မတရားသိမ်းပိုက်ခံရပြီး
ဆုံးရှုံး ရတဲ့အပြင်
၊ ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုတွေဖြစ်ပြီး
ကျန်းမာရေးတွေပါထိခိုက်ခံနေရတဲ့
ဒေသခံပြည်သူတွေက
အာ ဏာရှင်တွေရဲ့အကျိုးစီးပွားအတွက်သာဖြစ်တဲ့
လက်ပံတောင်းတောင်စီမံကိန်းကိုရပ်ဆိုင်းဖို့
၂၀၁၂ခုနှစ် ၊
မေလထဲက တောင်းဆိုဆန္ဒပြခဲ့ကြတာမှာ
စစ်အာဏာရှင်တွေက
၊ ပြည်သူတွေရဲ့ဆန္ဒကိုလိုက်လျောဖို့မဆိုထားနဲ့
ညှိနှိုင်းဆွေးနွေး
မှုတောင်မပြုလုပ်ပဲ
၊ လက်ပံတောင်းတောင်တည်ရှိရာဒေသဖြစ်တဲ့
စစ်ကိုင်းတိုင်း
၊ မုံရွာခရိုင်
၊ ဆားလင်းကြီးမြို့နယ်
မှာ ပုဒ်မ၁၄၄ထုတ်ပြန်တာ
၊ ဆန္ဒပြခေါင်းဆောင်တွေကိုဖမ်းဆီးတာတွေကိုပဲလုပ်ခဲ့ပြီး
၊ လက်ပံတောင်းတောင်အရေး
အတွက် မြစ်ဆုံဆည်အရေးတုန်းကလို
နိုင်ငံအနှံ့အပြားကပြည်သူတွေတဖြည်းဖြည်းပါဝင်လာကြတဲ့အချိန်
၊ စီမံကိန်း ရုတ်သိမ်းဖို့
တောင်းဆိုဆန္ဒပြနေကြတာ
၇ လသက်တမ်းဖြစ်လာတဲ့အချိန်
၊ သပိတ်စခန်းတွေဖွင့်ဖြစ်လာတဲ့အထိ
ဆန္ဒပြပွဲအရှိန်
တစစမြင့်တက်လာတဲ့အချိန်မှာ
၊ ဆန္ဒပြပြည်သူတွေစုစည်းရာသပိတ်စခန်းတွေကို
(နှစ်ငါး ဆယ်ကျော်
ကျင့်သုံးလာခဲ့တဲ့
စစ်အာဏာရှင်ရဲ့လုပ်နည်းလုပ်ဟန်အတိုင်း)
အကြမ်းဖက်ဖြိုခွဲခဲ့လို့
မေတ္တာတရားကို
သာလက်ကိုင်ပြု
ပြီး ဖိနှိပ်ခံပြည်သူတွေရှေ့ကနေမားမားရပ်ခဲ့တဲ့
သံဃာတော်တွေဟာ
တသက်တာမပျောက်ပျက်နိုင်တော့တဲ့
မီးလောင် ဒါဏ်ရာတွေနဲ့
ဝေဒနာအပြင်းအထန်ခံစားကြနေကြရတယ်
။
အရပ်သားအစိုးရယောင်ဆောင်နေတဲ့
သိန်းစိန်နဲ့ကြံ့ဖွတ်တွေဟာ
ကျောင်းသားတွေ
၊ ပြည်သူတွေနဲ့
ရဟန်းသံဃာတွေ
အပေါ်မှာ ဒီလိုရက်စက်တဲ့နည်းတွေပဲသုံးပြီးဖြေရှင်းမယ်ဆိုတာ
ကျွန်တော်တို့ထင်ထားပြီးသားပါ
။ ကမ္ဘာသိနာမည်ကြီး
နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးတာမျိုးအပါအဝင်
၊ ဗမာပြည်မှာ
အပြောင်းအလည်းတွေမြင်ရပြီလို့
ထင်ရပြော ကြရလောက်အောင်
ကိစ္စတော်တော်များများကိုဟပေးလိုက်တဲ့
အခြေအနေတွေဟာ
၊ ကမ္ဘာ့နိုင်ငံတွေကြားမှာ
၊ အထူး သဖြင့်
အာဆီယံနိုင်ငံတွေကြားမှာ
နာမည်ဆိုးဖြစ်နေတဲ့အခြေအနေကနေလွတ်မြောက်ဖို့
၊ သားစဉ်မြေးဆက်စားမကုန်
တော့အောင်ချမ်းသာပြီးဖြစ်တဲ့
သူတို့ရဲ့ပိုင်ဆိုင်မှုတွေနဲ့
၊ သူတို့မိသားစုတွေရဲ့လုံခြုံရေးအတွက်
နိုင်ငံတကာကို
သွား လာခြေချခွင့်ရဖို့
၊ နိုင်ငံရေးမျက်နှာပန်းလှရုံကစားကွက်တွေသာဖြစ်တယ်ဆိုတာ
ကျွန်တော်တို့အကြိမ်ကြိမ်အခါခါ
ပြော ခဲ့ကြပါတယ်
။
စစ်အာဏာရှင်စနစ်ကိုနိုင်အောင်မတိုက်နိုင်သေးသမျှ
ဒီလိုပဲအကြမ်းဖက်ခံ
၊ အနိုင်ကျင့်ခံနေကြရဦးမှာပဲဆိုတာ
သတိ ရှိကြဖို့လိုပါတယ်
။ သန်းရွှေ ၊ မောင်အေးနဲ့
စစ်အာဏာရှင်ကြီးတွေဟာ
ပြည်သူတွေရဲ့တိုက်ပွဲကြောင့်
ပြုတ်သွားတာ မျိုး
မဟုတ်ပါဘူး ။
ပိုင်ဆိုင်မှုတွေအပြည့်အဝနဲ့
၊ လက်ရှိအုပ်စိုးသူနေသူတွေအပေါ်မှာ
သြဇာအာဏာအပြည့်နဲ့
ပြည်သူ တွေကို
အနိုင်ပိုင်းအနားယူသွားတာပဲဖြစ်ပါတယ်
။ ဒီကနေ့ သမ္မတကြီးအဖြစ်အုပ်ချုပ်နေတဲ့သိန်းစိန်ဟာ
စစ်တပ်အင် အားနဲ့
ဘုန်းကြီးကျောင်းတွေကို
စစ်မြေပြင်ရန်သူ့စခန်းသိမ်းသလိုဝင်စီး
၊ သံဃာတော်တွေကို
ရိုက်နှက်ပစ်ခတ်သတ်
ဖြတ် ၊ ဖမ်းဆီးထောင်ချ
၊ အသက်၈၀ကျော်ဆရာတော်ကြီးတွေပါမချန်
ကျောင်းကမောင်းထုတ်
၊ ဘုန်းကြီးကျောင်း
တွေချိတ်ပိတ်ဆိုတာမျိုး
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကိုဖြိုခွင်းခဲ့တဲ့
စစ်အာဏာရှင်တွေထဲက
ဗိုလ်ချုပ်ကြီးတစ်
ယောက်ဖြစ်တယ်ဆိုတာ
မမေ့ကြပါနဲ့ ။
သိန်းစိန်နဲ့အတူ
လွှတ်တော်ထဲမှာ
အမတ်နေရာအများကြီးကိုရယူထားတဲ့
ကြံ့ဖွတ်ပါတီဟာ
စစ်အာဏာရှင်ကြီးသန်းရွှေ
စိတ်တိုင်းကျဖွဲ့စည်းခဲ့တဲ့အဖွဲ့အစည်း
။ လူထုကိုနှိပ်ကွတ်တဲ့နေရာမှာ
အသုံးချခဲ့တဲ့အဖွဲ့အစည်း
။ စစ်ဗိုလ်ချုပ်တွေ
ယူနီဖေါင်းချွတ်ပြီး
ဦးစီးလုပ်ဆောင်နေတဲ့အဖွဲ့အစည်း
။ ပြီးတော့ ၂၅%
ဆိုတဲ့ လွှတ်တော်ထဲကစစ်ယူနီဖေါင်းဝတ်တွေနဲ့
လွှတ်တော်ရဲ့အထက်မှာရှိနေတဲ့
ကာလုံ ။ လက်ရှိအသက်ဝင်နေ
တာက သန်းရွှေစိတ်တိုင်းကျရေးဆွဲထားတဲ့
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ
။ အဲဒီတော့ ဗမာပြည်ဟာ
… နိုင်ငံသူ နိုင်ငံသားအားလုံးဟာ
စစ်အာဏာရှင်တွေရဲ့လက်အောက်
မှာပဲရှိနေသေးတယ်ဆိုတာ
… အဲဒီစစ်အာဏာရှင်စနစ်ဆိုး
ပျက်သုန်းအောင်တိုက်ရမဲ့တိုက်ပွဲ
မပြီးသေးဘူးဆိုတာ
မမေ့ ကြပါနဲ့
။
အသေအချာပြန်လေ့လာကြည့်ပါ
။ ဧရာဝတီ(မြစ်ဆုံ)အရေးအတွက်
လူထုလူတန်းစားအသီးသီးကဝိုင်းတောင်းဆို
တော့ သူသမ္မတဖြစ်နေတဲ့သက်တမ်းမှာ
ရပ်ထားပေးမယ်ပြောတယ်
။ လုံးဝဆက်မလုပ်တော့ပါဘူးလို့
ပြောတာမျိုး မဟုတ်ဘူး
။ သက်ဆိုင်တဲ့ တရုပ်ကုမ္ပဏီနဲ့ချုပ်ထားတဲ့စာချုပ်
လုံးဝဖျက်သိမ်းလိုက်ပါပြီဆိုတာမျိုး
စီမံကိန်း အပြီးပိုင်
ရပ်ဆိုင်းလိုက်တာ
မဟုတ်ဘူး ။ မြေသိမ်းခံရ
၊ နေအိမ်နဲ့ကျေးရွာကိုလက်လွတ်ဆုံးရှုံးရဆိုတဲ့
ဒေသခံပြည်သူတွေရဲ့
နစ်နာမှုတွေက
ဒုံရင်းဒုံရင်းပဲ
။ လုပ်အားခနည်းတဲ့အလုပ်သမားတွေက
သက်ဆိုင်ရာကုမ္ပဏီ(အလုပ်ရှင်)တွေကို
ဆန္ဒပြတောင်းဆိုမှုတွေ
၊ မြေသိမ်းခံရတဲ့လယ်သမားတွေရဲ့
ဆန္ဒပြတောင်းဆိုမှုတွေ
၊ စသည်ဖြင့် သူတို့ရဲ့အာဏာ
ကိုတိုက်ရိုက်မထိခိုက်တဲ့တောင်းဆိုမှုတွေကို
လွှတ်ပေးထားသယောင်ရှိပေမဲ့
ပြည်သူတွေရဲ့အခက်အခဲတွေ
ပြေလည် သွားအောင်ဖြေရှင်းပေးတာမျိုး
မရှိခဲ့ဘူး။ အောင်မင်းနဲ့ခင်ရီအဖွဲ့က
သမ္မတကိုယ်စား
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့
အစည်းတွေနဲ့ အပစ်ရပ်ရေးဆွေးနွေးပွဲတွေလိုက်လုပ်ပြပေမဲ့
ကချင်နဲ့ရှမ်းပြည်နယ်ထဲမှာ
စစ်တပ်ရဲ့ထိုးစစ်တွေ
၊ တိုက် ပွဲတွေ
လျော့မသွားဘူး
။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတိုင်းကအဆိုပြုတဲ့
အဓိကအကြောင်းအရာဖြစ်တဲ့
တစ်နိုင်ငံလုံးအပစ်ရပ်ရေး၊
အဖွဲ့စုံ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးရေးဆိုတာကို
အကြောင်းအမျိုးမျိုးပြ
ဝေ့ဝိုက်ရှောင်
လွှဲထားတယ်။ နိုင်ငံရေးအကျဉ်းသားတွေ
အကုန်မလွှတ်သေးတဲ့အပြင် လက်ရှိဆန္ဒပြပွဲအမျိုးမျိုးက
ခေါင်းဆောင်တွေ
ကိုလည်း ပုဒ်မအမျိုးမျိုးတပ်ဖမ်းဆီးအရေးယူနေတယ်
။ ဆန္ဒပြပြည်သူတွေကိုနှိပ်ကွတ်မဲ့
ပုဒ်မ ၅ည ၊ ၅၀၅(ခ) ဆို တာတွေ
တည်မြဲနေတုန်းပဲဖြစ်တယ် ။
ဒါတွေ… ဒီထက်မကတဲ့အချက်တွေကို
ထောက်ပြတဲ့ သူတွေ
အများကြီးရှိခဲ့ပြီး
ပါပြီ ။ ပြောရရင်
သိန်းစိန်နဲ့ကြံ့ဖွတ်အစိုးရ
၊ တစ်နည်းအားဖြင့်
စစ်အာဏာရှင်တွေဆီမှာ
မရိုးသားမှုတွေအများကြီး
ဆိုတာပါပဲ ။
အဲဒီလို ရိုးသားမှုလုံးဝမရှိတဲ့
၊ ရက်စက်ယုတ်မာမှုမျိုးစုံနဲ့
လိမ်ညာနည်းမျိုးစုံကို သမိုးစဉ်ဆက်ကျင့်သုံးလာခဲ့တဲ့
သိန်း စိန်နဲ့စစ်အုပ်စုက
လက်ပံတောင်းတောင်အရေးအတွက်
စုံစမ်းရေးကော်မရှင်ဖွဲ့စည်းပေးလိုက်ပြန်ပြီတဲ့
။ ပြဿနာ တစ်ခုဖြစ်ပြီးမှ
စုံစမ်းရေးကော်မရှင်ဖွဲ့စုံစမ်းမယ်ဆိုတာ
စစ်အာဏာရှင်တွေလုပ်လေ့ရှိတဲ့အကြောင်းအရာတစ်မျိုးပါပဲ
။ ရှင်းလင်းမြင်သာနေတဲ့လတ်တလောအကြောင်းအရာကို
မှေးမှိန်သွားအောင်လမ်းလွှဲလိုက်တာပါပဲ
။ သပိတ်စခန်းတွေ
ကို အင်အားသုံးဖြိုခွဲဖို့အမိန့်မပေးခင်မှာ
ပြည်သူတွေရဲ့ဆန္ဒနဲ့လိုအပ်ချက်တွေကိုကျတော့
ဘာကြောင့်မစုံစမ်းခဲ့ရတာ
လဲ ။ အဌိကရုန်းနှိမ်နှင်းရေးတပ်ဖွဲ့ကိုအသုံးပြုဖို့
၊ မီးသတ်ပိုက်တွေနဲ့ထိုးဖို့
၊ မျက်ရည်ယိုဗုံးနဲ့
မီးလောင်ဗုံး
တွေကိုသုံးဖို့
၊ ဝင်ရိုက်ဖမ်းဆီးဖို့၊
လိုအပ်လာရင် သေနတ်ကိုသုံးဖို့အမိန့်ကို
ဘယ်သူတွေကပေးခဲ့တာလဲ
။ ပြည်ထဲရေး ဝန်ကြီးကလား။
ရဲချုပ်ကလား ။
တိုင်းရဲမင်းကြီးကလား
။ ကာလုံအဖွဲ့ကလား
။ တစ်ဦးတစ်ယောက်ထဲက
ဆုံးဖြတ်ပြီးပေးလိုက်တဲ့အမိန့်
ဖြစ်နိုင်ပါ့မလား
။ တိုင်းပြည်မှာ
ပြုပြင်ပြောင်းလဲရေးတွေလုပ်နေပါပြီလို့
သမ္မတဆိုတဲ့ပုဂ္ဂိုလ်က
ကမ္ဘာကိုကြေငြာနေတဲ့
အချိန် ၊ အမေရိကန်သမ္မတလိုပုဂ္ဂိုလ်မျိုးတောင်
ဗမာပြည်လာပြီး
ဒီမိုကရေစီနိုင်ငံဖြစ်လာဖို့
ကူညီပေးမဲ့အကြောင်း
မိန့်ခွန်းတွေပြောသွားပြီးစအချိန်
၊ အဲဒီလိုအခြေအနေမျိုးမှာ
တိုင်းပြည်အတွက်အရေးကြီးမဲ့
၊ သံဃာတော်တွေကို
အကြမ်းဖက်နှိမ်နှင်းဖြိုခွဲမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကို
သမ္မတမသိပဲချခဲ့တယ်ဆိုတာ
ဟုတ်နိုင်ပါ့မလား
။
အရှင်းကြီးပါ ။ ဦးပိုင်ဆိုတာက
စစ်ခေါင်းဆောင်ဟောင်းတွေရော
၊ လက်ရှိစစ်ခေါင်းဆောင်တွေရော
ရှယ်ရာတွေအများ ကြီးရနေတဲ့
သူတို့အကျိုးစီးပွားအတွက်ဖန်တီးထားတဲ့အဖွဲ့အစည်း
။ အဲဒီအဖွဲ့အစည်းနဲ့ဆိုင်တဲ့
အလုပ်တွေကိုထိပါး တာဟာ သူတို့ရဲ့အကျိုးစီးပွားကိုထိပါးတာပဲ
။ အဲဒါကြောင့် သိန်းစိန်ရဲ့နောက်ကွယ်မှာရှိနေတဲ့
အာဏာရှင်ဟောင်းကြီး တွေက
သူတို့တတ်တဲ့တစ်ခုတည်းသောဖြေရှင်းနည်းဖြစ်တဲ့
အကြမ်းဖက်နှိမ်နှင်းနည်းကိုသုံးဖြိုခွဲဖို့
အမိန့်ပေးခဲ့တာပါပဲ။
အဲဒီတော့ အခုပဲတိုင်းပြည်ကြီးကောင်းစပြုနေသယောင်
၊ မနက်ဖြန်ပဲတိုင်းပြည်ကောင်းတော့မယောင်
ထင်မှတ်မှား ဝေဝါးမနေကြပါနဲ့တော့
။ စစ်အာဏာရှင်ခေတ်မကုန်သေးဘူးဆိုတာသဘောပေါက်နားလည်ပြီး
အလုပ်သမားသပိတ် ၊ လယ်သမားသပိတ်
၊ လူထုလူတန်းစားအသီးသီးရဲ့အထွေထွေသပိတ်ဆိုတာမျိုး
ဖေါ်ထုတ်တိုက်ပွဲဝင်ကြဖို့
၊ အကြမ်း ဖက်မှုတွေနဲ့တုန့်ပြန်လာမဲ့စစ်အာဏာရှင်တွေကို
ရရာလက်နက်စွဲ ခုခံကြဖို့လိုပါတယ်
။
ဒီအတွက် ဘယ်သူ့ဘယ်သူကိုမှ
အားကိုးမျှော်လင့်နေဖို့မလိုပါဘူး
။ ဘယ်သူခေါင်းဆောင်မှာလည်းလို့
စောင့်နေစရာ မလိုပါဘူး ။
လက်ပံတောင်းတောင်ဒေသတဝိုက်ကပြည်သူတွေဟာ
ကိုယ့်ကိုယ်ကိုယ်အားကိုးပြီး
တိုက်ပွဲဝင်ခဲ့ကြတာ
ပါ ။ အဲဒီလိုပဲ မိုးထိမိုးမိရွှေလုပ်သားတွေ
၊ မမျှတတဲ့လုပ်အားခအတွက်
တိုက်ပွဲဝင်ခဲ့ကြတဲ့ စက်ရုံပေါင်းစုံကအလုပ်
သမားတွေနဲ့ လယ်ယာမြေအသိမ်းခံရမှုတွေအတွက်တိုက်ပွဲဝင်ခဲ့ကြတဲ့
နေရာဒေသအစုံကလယ်သမားတွေဟာ
ကိုယ့် အားကိုယ်ကိုးတိုက်ပွဲဝင်ခဲ့ကြတာပါ
။ ဘယ်ခေါင်းဆောင်ကမှ အဲဒီပြည်သူတွေရှေ့ကနေ
မားမားလာရပ်ပြီး ဦးဆောင်
ခဲ့တာမဟုတ်ပါဘူး ။
လူထုဘက်ကနေပြတ်ပြတ်သားသားရပ်တည်မှ
လူထုခေါင်းဆောင်လို့ သတ်မှတ်လို့ရမှာပါ
။ ကြားနေသယောင် ၊ အဖြစ်မှန်ကိုလေ့လာနေသယောင်နဲ့
နှာစေးနေရင် ဖေါက်ပြန်တဲ့အာဏာရှင်တွေကို
အားပေးနေသလိုပဲမို့ လူထုခေါင်း
ဆောင်လို့ သတ်မှတ်လို့မရနိုင်တော့ပါဘူး
။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုရင်
လူထုက အရမ်းမျှော်လင့်ခဲ့ပြီးပါပြီ
။ ဒါပေမဲ့ ဒေါ်စုက သိန်းစိန်ဂိုဏ်းနဲ့ထိပ်တိုက်မတွေ့ရေးမူကိုပဲကိုင်စွဲပြီး
ပြည်သူတွေရဲ့အရေးကို ဝေ့ဝိုက်ရှောင်လွှဲခဲ့တာ
ချည်းပါပဲ ။ ကချင်ပြည်နယ်မှာ
တိုက်ပွဲတွေဖြစ်နေတဲ့သက်တမ်း
၊ ကချင်ပြည်သူပေါင်းများစွာ
စစ်ဘေးသင့်နေရတဲ့ သက်တမ်း
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ပြီးကာလမှာတင်
တနှစ်ပြည့်ပါပြီ ။
သိန်းစိန်နဲ့စစ်အုပ်စုက နိုင်ငံတကာ
ကိုလှည့်ဖြားလို့ကောင်းအောင်ပေးထားတဲ့
တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဌဆိုတဲ့
ရာထူးကြီးရယူထားပြီး တရားမဲ့
ဖြစ်နေတဲ့အဲဒီစစ်ပွဲတွေရပ်ဆိုင်းသွားအောင်
ထိထိရောက်ရောက်ဆောင်ရွက်တာမျိုး
ဒေါ်အောင်ဆန်းစုကြည်
မလုပ်ခဲ့ ဘူး ။ လက်ရှိအချိန်ထိ
မအေးချမ်းသေးတဲ့ ရခိုင်ပြည်နယ်အရေး
၊ ရခိုင်ပြည်သူတွေအရေးကိုလည်း
ထိထိ ရောက် ရောက်ဆွေးနွေးဖြေရှင်းမှု
ဘာတစ်ခုမှလုပ်တာမတွေ့ရဘူး
။ အခုအကြမ်းဖက်နှိမ်နှင်းခံရတဲ့
လက်ပံတောင်းတောင်
အရေးမှာလည်း ဖြစ်တာ
၇ လသက်တမ်းရှိပြီး သံဃာတော်တွေသွေးမြေကျမှ
ကြားဝင်စေ့စပ်ဆွေးနွေးပေးဖို့ဆိုတဲ့
အခြေအနေနဲ့ပဲရောက်လာခဲ့တယ်
။ ပြည်သူတွေရှေ့ကနေ လက်ပံတောင်းတောင်စီမံကိန်းရပ်ဆိုင်းလိုက်ဖို့
ဦးဆောင် ပြောဆိုတာမျိုးမလုပ်ခဲ့ဘူး
။ သံဃာတော်တွေ ရုပ်ပျက်ဆင်းပျက်
သေရာပါမီးလောင်ဒါဏ်ရာတွေရတဲ့ကိစ္စ
၊ သံဃာ တော်တွေကိုယ်စား အကြမ်းဖက်မှုကိုကျူးလွန်ခဲ့တဲ့
ရဲတွေ ၊ လုံထိန်းတွေ ၊ အမိန့်ပေးစေခိုင်းသူတွေကိုဖေါ်ထုတ်အရေး
ယူရေးလုပ်ရမဲ့အစား
၊ အာဏာပိုင်တွေရဲ့အပြစ်ကိုပေါ့သွားစေမဲ့
သိန်းစိန်ဖွဲ့ပေးတဲ့ စုံစမ်းဖေါ်ထုတ်ရေးကော်မတီ
ဆို တာကို ကျေကျေနပ်နပ်လက်ခံခဲ့တယ်
။ ပြောရရင် ကျမတာဝန်ယူမယ်လို့ပြောပြီးရွေးချယ်ခဲ့တဲ့လမ်းမှားကို
ဇွတ်တိုး လျှောက်ရင်း၊
ဒေါ်စုဟာ သိန်းစိန်နဲ့စစ်အုပ်စုအကျိုးစီးပွားအတွက်ဆောင်ရွက်ပေးသူ
ဖြစ်မှန်းမသိဖြစ်လာခဲ့ပြီ
။ပြည်သူ ပြည်သားတွေအပေါ် စစ်ရာဇဝတ်မှုမျိုးစုံကျူးလွန်ခဲ့တဲ့
သိန်းစိန်လိုစစ်ခေါင်းဆောင်ဟောင်းတစ်ယောက်ကို
နိုဘယ်ဆု နို့တစ်ပေးခံရတဲ့အထဲပါစေတဲ့အထိ
ဖြစ်စေခဲ့ပြီးပြီ ။ စစ်အုပ်စုနဲ့ကြံ့ဖွတ်တွေကြီးစိုးတဲ့လွှတ်တော်ထဲကို
ခေါင်းလျှိုဝင်
ရောက်သွားတဲ့ ဒေါ်စု ၊ ဘာတွေဆောင်ရွက်ပေးမလဲဆိုတာမျှော်လင့်နေတဲ့အချိန်မှာပဲ
ပြည်သူပြည်သားပေါင်းများစွာ
ဟာ စစ်အာဏာရှင်တွေရဲ့ကျူးလွန်မှုတွေကြောင့်
ထပ်ထပ်ပြီးအသက်တွေဆုံးရှုံး
၊ ဘဝတွေပျက်ဆီးဖြစ်နေရပြန်ပြီ
။
ဗိုလ်ချုပ်အောင်ဆန်းလူထုခေါင်းဆောင်ဖြစ်ခဲ့တာ
လူထုဘက်ကပြတ်ပြတ်သားသားရပ်တည်ခဲ့တာကြောင့်ဖြစ်တယ်
။ ဗိုလ်ချုပ်အောင်ဆန်းလည်း
ပြည်သူလူထုမနှစ်မြို့တဲ့
ဂျပန်နဲ့ပေါင်းနေရတဲ့ကာလတွေရှိခဲ့ပေမဲ့
ခုလို သံသယဖြစ်စရာ အခြေအနေမျိုးတွေမဖြစ်အောင်
ဗိုလ်ချုပ်ဟာရပ်တည်ခဲ့တယ်
။ နောက်လိုက်ငယ်သားတွေနဲ့ပြည်သူလူထုကို
သူဘာ လုပ်နေတယ်ဆိုတာ ပွင့်ပွင့်လင်းလင်းပဲမိန့်ဟခဲ့တယ်
။ တစ်တိုင်းပြည်လုံးကပြည်သူတွေဘာလုပ်သင့်တယ်ဆိုတာ
ပြတ်ပြတ်သားသားပဲ လမ်းညွှန်ခဲ့တယ်
။ ဒေါ်စုဟာ ဖခင်ဗိုလ်ချုပ်ခြေရာ
နင်းတော့မလိုနဲ့ လမ်းလွဲစပြုနေပြီဖြစ်တယ်
။ အခုအချိန်မျိုးမှာမှ လူထုရှေ့ကနေ
ပြတ်ပြတ်သားသားမရပ်တည်ရင်
၊ လူထုရဲ့အားကိုးမျှော်လင့်တဲ့စိတ်ကိုပျက်ဆီးစေ
ရင် လူထုခေါင်းဆောင်လို့သတ်မှတ်ခဲ့ဘူးတာကို
လူထုကိုယ်တိုင်ကပြန်ရုတ်သိမ်းတာမျိုး
ဒေါ်စုရင်ဆိုင်ရနိုင်တယ် ။
“ငါတို့ခေါင်းဆောင်ကိုယ်တိုင်ကိုကကွာ”..လို့
စိတ်ဓာတ်ကျချင်နေတဲ့သူတွေ
အများကြီးဖြစ်လာနေတာတွေ့ရတယ်
။ ခေါင်းဆောင်ကောင်းတစ်ယောက်ရှိဖို့လိုအပ်တယ်ဆိုပေမဲ့
တွေဝေတဲ့ခေါင်းဆောင်ဆိုရင်တော့
ဆုံရှုံးမှုတွေနဲ့သာ
ရင် ဆိုင်ရပါလိမ့်မယ် ။ ခေါင်းဆောင်ထက်
“ တစ်ဦးချင်းစီရဲ့တိုက်ပွဲဝင်ရဲတဲ့စိတ်ဓာတ်ကသာအဓိက”
ဖြစ်ပါတယ် ။ တိုက်ရဲ သူတွေအတွက်သာ
အောင်ပွဲရှိတာပါ ။
ဒါကြောင့် ဖိနှိပ်ညှင်းပန်းမှုမျိုးစုံကိုခံနေရတဲ့ပြည်သူတွေအနေနဲ့
စစ်အာဏာရှင် တွေအောက်ကလွတ်မြောက်ဖို့
၊ စစ်အာဏာရှင်စနစ်အကြွင်းမဲ့ပပျောက်ဖို့
၊ ခေါင်းဆောင်အားကိုးစောင့်မျှော်မနေ
တော့ပဲ လက်ပံတောင်းတောင်တိုက်ပွဲကပြည်သူတွေလို
၊ မိုးထိမိုးမိရွှေလုပ်သားတွေလို
၊ မမျှတတဲ့လုပ်အားခအတွက်
တိုက်ပွဲဝင်ခဲ့ကြတဲ့ စက်ရုံပေါင်းစုံကအလုပ်သမားတွေလို
၊ လယ်ယာမြေအသိမ်းခံရမှုတွေအတွက်
တိုက်ပွဲဝင်ခဲ့ကြတဲ့ လယ်သမားတွေလို
ကိုယ့်ကိုယ်ကိုယ်အားကိုးပြီး
နည်းလမ်းစုံနဲ့အထွေထွေတိုက်ပွဲဆင်နွှဲဖို့လိုနေပြီဆိုတာ
တိုက်တွန်းနှိုး စော်လိုက်ပါတယ်
။
တိုက်ပွဲဝင်ပြည်သူလူထုကြီးအားဦးညွတ်လျက်
မောင်ချင့်ချိန်
0 comments:
Post a Comment