ပထမဆုံးရှေ့တန်းခရီး
KNU တပ်မဟာ (၃) တပ်ရင်း (၇) ရွှေကျင်နယ်ဖြစ်တဲ့
ကျောက်ကြီးဘက်က ကျောက်ကြိုး
စခန်းဘက်ကို ကျနော်တို့ ပထမဆုံးစည်းရုံးရေးဆင်းတဲ့အဖွဲ့ နဲ့
ပထမဆုံးရှေ့တန်းထွက်ဖြစ်တယ်။
စည်းရုံးရေးဆိုတာကလဲ အနေအထားသွားကြည့်တာမျိုးဆိုတော့
ကျနော်တို့ အဲဒီမှာ ကြိမ်ခုတ်၊
ဝါးခုတ်၊ ရွှေတူး လုပ်နေကြတဲ့
သူတွေရဲ့ စခန်းအပေါ်ဖက်ဘုရားကုန်းမှာ
ယာယီနေရာယူကြတယ်။ ကျနော်တို့
သုံးလေးယောက် သေနတ် မပါဘဲ
၆၂ မမ လောင်ချာကျည်ဆံတွေကို၊
ခပ်တည်တည်နဲ့ သင်အူကြိုးနဲ့သိုင်းပြီး
နောက်ကျောမှာလွယ် သွားကြတယ်။
အမှန်က သူ့သေနတ်နဲ့သူထည့်ပစ်ရတာ။
တပ်ရင်းမှာ ၆၂ မမ သေနတ်ကမရှိသေးဘဲ
အဲဒီ ကျည်ဆံတွေချည့်ဘဲရှိနေတာဆိုတော့
တစ်ခုခုအသုံးဝင်ကောင်းရဲ့လို့ စဉ်းစားပြီး
သယ်သွားကြတာ။ ရွာသား တွေကကျနော်တို့ကိုတွေ့ပြီး
ကျောင်းသားတွေမှန်းသိသွားကြတယ်။
ကျနော်တို့ မောင်းပြန်သေနတ်တွေ
အပြင် လက်နက်ကြီးတွေတောင်
တစ်ယောက်တစ်လက်ကိုင်ထားနှိုင်တဲ့ ကျောင်းသားတွေကို
အထင်ကြီး သွားတာပေါ့။ ဒါကြီးတွေက
တကယ်တန်းပြောရရင် ထိပ်တိုက်သာတိုက်ပွဲဖြစ်
ကျနော်တို့ ဘယ်လိုပစ်ရမှန်း
သိတာမဟုတ်ဘူး။ အဲဒါက ရှေ့တန်းပထမဆုံးအတွေ့အကြုံသာဆို တယ်
ကျနော်တို့ တိုက်ပွဲတစ်ပွဲမှ
မတိုက် ခဲ့ရဘူး။ ရန်သူက ရွာသားတွေဆီကသတင်းအရလက်နက်အင်အားတောင့်တဲ့ ကျောင်းသားတွေရောက်
နေတဲ့အပြင် နောက်ချန်အင်အားတွေဘယ်လောက်များ ရှိလည်းမသိဘူးလို့ထင်နေလို့
လာမစမ်းသေးတာ လည်း ဖြစ်နှိုင်တယ်။
သူတို့ဆီက ကျနော်နောက်တန်းကိုပြန်လာတဲ့အချိန်
ရန်သူ့လှုပ်ရှားစစ်ကြောင်းတစ်ခု ၀င်လာတယ်။
၆၂ တွေသုံးခွင့်ရသွားတယ်။
ကျန်ခဲ့တဲ့ရဲဘော်ထဲက တစ်ယောက်က
၆၂ အသီးတွေ (ကျည်ဆံ) ကို ၀ါးခြမ်းပြား
ထဲထည့် ဓာတ်ခဲခြောက်လုံးနဲ့ရှော့ခ်ရို က်ပြီးပစ်တယ်။
အနားမှာ ရွာသားတစ်ယောက်နှစ်ယောက်ရှိတယ် ဆို
ဘဲ။ ရွာသားလက်ညှိုးထိုးပြတဲ့
ရန်သူပြန်ထွက်သွားတဲ့လမ်းကို
ချိန်ပြီးပစ်ထဲ့လိုက်တာ ကျဉ်ဆံထွက်သွား
တာက တခြားဖက်ကိုတဲ့။ နောက်တစ်နေ့
ရွာသားသတင်းအရ လမ်းကြောင်းပြောင်းပြီးဆုတ်သွား တဲ့
ရန်သူ့ စစ်ကြောင်းထဲကိုကျကွဲတာ
အရာရှိတွေတောင်ဒဏ်ရာရကုန်တယ်ဆို ဘဲ။
ပစ်တဲ့သူက မထိဘူးဆိုပြီး
သဘောထားသလို သူ့ကုသိုလ်နဲ့သူဖြစ်တာလို့
ပြောရမယ်။ ကျောင်းသားတပ်မတော်က
ကျောင်းသားတွေရဲ့ ခေတ်ပေါ်လက်နက်
ပိုပြီးနာမည်ကြီးဖို့ ဖြစ်လာပြန်တာပေါ့။
ကျနော်တို့ နောက်ပိုင်း အဲဒီဒေသကိုအခြေခံပြီး
ရဲဘော်သစ်တွေအများကြီး စုဆောင်းလို့ရခဲ့တယ်။
အဲဒီပဲခူးဒေသမှာ ရွှေကျင်နေကြတဲ့
မိသားစုတွေထဲက ဆယ့်သုံးနှစ်ပတ်ဝန်းကျင်လောက်ရှိတဲ့
ကောင်မ လေးတစ်ယောက်ဆိုရင်..
အဲဒီကောင်မလေးက အကြော်ကြော်ပြီး
ဗန်းနဲ့ထွက်ရောင်းတယ်။ ကျနော်တို့
စခန်းချနေတဲ့နေရာကိုရောက်တော့
သူကကျနော်တို့ကို အကြော်ဝယ်စားပါဦးလို့ပြောတယ်။
ကျနော်က “ဟဲ့.. ကလေးရဲ့ တို့ကတော်လှန်ရေးသမား။
တော်လှန်ရေးသမားဆိုတာ ငမွဲတွေ။
ဘယ်မှာပိုက်ဆံရှိမှာလဲ” လို့ပြောတော့သူက
သူ့ဗန်းထဲကအကြော်လေးငါးခုကို
အင်ဖက်နဲ့ထုတ်ပြီး ကျနော့လက်ထဲထိုးထည့်ပေးရင်း
“စားပါဦးရဲ့။ ဦးတို့ပြောတဲ့
ဒီမိုကလိုစီကြီးရတဲ့အခါ ပြန်ပေးပေါ့”
တဲ့။ ကြည့်စမ်း ကိုယ်တို့စည်းရုံးရေး
ကောင်းပုံ။
ထူးထူးဆန်းဆန်း
အဲဒီနောက် ၉၁ နှောင်းပိုင်း
KNU တပ်မဟာ (၃) နယ်မြေဘက်ကို နောက်ထပ်နှစ်ခေါက်ရောက်ခဲ့သေး
တယ်။ ပထမအကြိမ်တော့ နောက်တန်းကနေပြီး
အရှေ့မှာရောက်နေကြတဲ့ရဲဘော်တွေ အတွက်
ပစ္စည်းတွေ သွားပို့ရင်း။
ရှေ့တန်းဝန်းကျင် စည်းရုံးရေးသဘောပါ။
အင်အားထပ်ဖြည့်ဖို့ ရဲဘော်
၃၀ ကျော်လောက် လည်း ပါတယ်။
အဲဒီလမ်းမှာ ကျနော်ကစစ်ကြောင်းနောက်ဆုံးရော က်သွားပြီး
ရှေ့ကသွားတဲ့ရဲဘော်ကို ချောင်းသေးသေးလေးအကူးမှာ
မျက်ခြေပြတ်သွားတော့ ချောင်းရိုးအတိုင်းအထက်ဘက်ကို တက်ပြီး
လမ်း လိုက်ရှာတာ လျှိုမြောင်ကြီးတစ်ခုကြားထဲကိုေ ရာက်သွားတယ်။
ကျနော်မိနစ် ၃၀ လောက် ချောင်းအတိုင်း
ဆန်တက်သွားတော့ ရေညှိတက်နေတဲ့ကျောက်တုံးကြီးတွေ က
လူတပ်ရပ်နီးပါးလောက် အကြီးကြီးတွေ
လူသူမရောက်တဲ့ နေရာတစ်ခုဘဲ။
ကျနော်လမ်းလွဲနေပြီဆိုတာ
ရိပ်မိလိုက်တယ်။ လာရာလမ်းအတိုင်း
နောက်ကြောင်းပြန်ဆင်းတော့
အမှောင်ကသန်းနေပြီ။ တဖက်ကိုဆက်သွားရမယ့်
လမ်းကြောင်းသေးသေး လေးကိုရှာတွေ့တော့
အမြန်တက်ပြီး ၁၅ မိနစ်လောက်ပဲလျှောက်ရသေးတယ်
အရှေ့မှာဆက်သွားရမယ့် မြေလမ်းလေးတွေက
သုံးခွဖြစ်နေတယ်။ ကျနော့ရှေ့ကရဲဘော်တွေက
လမ်းပြသွားတဲ့အမှတ်အသား ရှိမရှိ
ရှာကြည့်သေးတယ်။ ဘာမှမတွေ့ဘူး။
အဲဒါမှဒုက္ခ။ အဲဒီဒေသတွေက
ရန်သူလည်းအချိန်မရွေးရောက်နှိုင် တဲ့
ဒေသဖြစ်တဲ့အပြင် လမ်းမှားပြီးရန်သူစခန်းဖက်ရောက် သွားရင်
ကျနော့မှာသေနတ်တစ်လက်ထဲနဲ့
လူ တစ်ယောက်ထဲလေ။
ကျနော် လမ်းဝကသစ်ပင်ငုတ်တစ်ခုပေါ်မှာထို င်ပြီး
လမ်းသုံးခုကိုမျက်နှာမူ သေနတ်
ကိုပေါင်ပေါ်တင်ပြီး ဆေးပေါ့လိပ်ထုတ်ပြီးမီးညှိသောက် ရင်း
ဘယ်လမ်းကိုလိုက်ရမလဲလို့စဉ်းစား နေမိတယ်။
ညာဘက်အစွန်ဆုံး လမ်းက အကောင်တစ်ကောင်ကောင်
ကိုယ့်ဖက်ကိုပြေးလာတဲ့ အသံကြားရတော့
ကျနော်လှမ်းကြည့်လိုက် တယ်။
ဟား… အညိုနဲ့အဖြူရောင်စပ်
ခွေးလေးတစ်ကောင်ပါလား။ အမြှီးလေးက
အဖြူရောင်လေး။ အမြှီးကိုရမ်း..
ကျနော်ကိုကြည့်ပြီးတ၀ုတ်ဝုတ်နဲ့ ဟောင်တယ်။
သူထွက်လာတဲ့လမ်း အတိုင်းပြန်ပြေးသွား
တယ်။ ကျနော်လှမ်းကြည့်နေတုန်းမှာ
သူပြန်ထွက်လာပြီးထပ်ဟောင်ပြန် တယ်။
မျက်နှာကျက မြေခွေးလို ပုံစံမျိုးလေး။
သူက သုံးကြိမ်ဟောင်လိုက်
ပြန်ပြေးလိုက်လုပ်နေတော့
ကျနော်က ငါ့ကိုလာခေါ်တာလား
မသိဘူး။ ခွေးရှိရင်လူရှိမှာပဲဆိုပြီး
သူပြေးဝင်တဲ့လမ်းအတိုင်း
ထလိုက်သွားတယ်။ ဆယ် မိနစ်တောင်မရှိဘူး
ကျနော် ချောင်းကျယ်ကြီးတစ်ခုဘေးက
ခြေတံရှည်ကရင်အိမ်တစ်လုံးကိုတွေ့ တယ်။
အဲဒီအိမ်ကခွေးတွေက ထိုးဟောင်တော့
အိမ်ရှင်ကရင်အမျိုးသားတစ်ယောက် ထွက်လာပြီး
ဆရာလေး ၀င်လာတာနောက်ကျတာ
ပဲ။ ဆရာတို့အဖွဲ့တွေ အစောပိုင်းကတည်းက
ဖြတ်သွားကြတယ်၊ အခုဆို ရွာမှာ
နားနေကြပြီထင်တယ်လို့ ဖော်ဖော်ရွေရွေထွက်ပြီးကြိုတယ်။
ကျနော့ကို ညဖက်မှောင်နေပြီမို့
အချင်းချင်း လူမှားပြီးပစ်တာခတ်
တာတွေဖြစ်နှိုင်တဲ့အတွက် သူ့ဆီမှာဘဲညအိပ်ဖို့တိုက်တွန်း တယ်။
သူ့မိသားစုဝင်တွေဖြစ်တဲ့
မိန်းမနဲ့ကလေး နှစ်ယောက်လောက်လည်း
တဲထဲကမီးဖိုဘေးမှာ မီးလှုံနေကြတာတွေ့ရတယ်။
သူက အတော်ဘဲ ဆရာ ရောက်လာတာ၊
ကျနော့မြင်းကြီးမနက်က သေသွားလို့
မြင်းသားချက်ထားပြီး စားမယ့်ဧည့်
သည်မရှိလို့ ထမင်းတစ်ခါထည်းစားဆိုပြီး
ထမင်းတွေချက်ခြင်းခူးခပ်ကြွေး တယ်။
ကျနော် အရမ်းအလုပ်ဖြစ် သွားတယ်။
မောမောပန်းပန်းနဲ့ ထမင်းကောင်းဟင်းကောင်းစား၊
မီးလှုံကြရင်း သူတို့မိသားစုနဲ့စကားလက်
ဆုံကျပြီး ညကိုးနာရီလောက်
သေနတ်ဘေးချ၊ ကျောပိုးအိပ်ကိုခေါင်းအုံးပြီး
ပါလာတဲ့စောင်ပါးလေး ခြုံပြီးအိပ်လိုက်
တာ မနက် ၆ နာရီလောက်မှ တစ်ရေးနိုးတော့တယ်။
ကရင်တဲတွေက ၀ါးနဲ့ဆောက်ထားကြ
တာဆိုတော့ တဲပေါ်မှာလမ်းလျှောက်ရင်
ဝါးသံတကျွိကျွိနဲ့လေ၊ အသံကြားရင်
ကျနော်ဆတ်ကနဲ နိုးတာဘဲ။
ကျနော်စမ်းချောင်းဘေးကိုဆင်း
ကိုယ်လက်သန့်စင်လိုက်ပြီး
အထုတ်အပိုးပြင်၊ ခရီးဆက်ထွက်ဖို့လုပ်တော့
အိမ်ရှင် အကိုကိုထပ်တွေ့တယ်။
သူက ရွာကနီးနီးလေး၊ ဘီးလင်းချောင်းကိုဖြတ်ပြီး
နောက်ဆယ်မိနစ် လောက်ပဲ လျှောက်ရမှာလို့ပြောတယ်။
သူ့ကိုကျေးဇူးတင်စကားပြောရင်း
မနေ့ကညနေကတွေ့ခဲ့တဲ့ သူ့
ခွေးလေးက ခွေးချောလေးဘဲလို့ပြောတော့
သူက “ဟာ.. ဆရာကလည်း၊ ကျနော့မှာ
ကရင်ခွေးပိန်ပိန် ညောင်ညောင်၊
ညစ်ညစ်ပတ်ပတ်ကောင်တွေဘဲရှိတာပါ။
ဆရာပြောတဲ့ခွေးမျိုးက မြို့ပေါ်မှာ
သူများ တွေမွေး တဲ့ခွေးမျိုးတွေ။
အဲဒါကျနော့ခွေးမဟုတ်ပါဘူး”
ဆိုပြီး သူ့အိမ်အောက်က သူ့ခွေးလေးကောင်ကိုပြတယ်။
ကျနော်ကြည့်တော့ ဟိုခွေးမျိုးတစ်ကောင်မှမပါဘူး။
သူပြောခဲ့သလို ခွေးဝဲစားတွေချည့်ဘဲ။
မနေ့က တွေ့ခဲ့ တဲ့ခွေးကဘာလဲဆိုတာ
အခုအချိန်အထိကျနော်စဉ်းစားလို့ မရဘူး။
အဲဒီလိုမျိုး ထူးခြားတဲ့အတွေ့အကြုံတွေ
ကလည်းရှိသေး။
0 comments:
Post a Comment