Tuesday, December 4, 2012

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင် အစည်းအဝေးပြုလုပ်

ဆုံဆည်းရာ၊ ၄ ရက် ဒီဇင်ဘာလ ၂၀၁၂

ဓါတ်ပုံ - ဆင်ပေါက်
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ ယနေ့နံနက် ၁၁ တွင် အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါ အစည်းအဝေးကို နေပြည်တော် လွှတ်တော်ဝန်းအတွင်းရှိ ရေးရာအဆောင်တွင် ကျင်းပပြုလုပ်ခဲ့တာပါ။  

ဒီဇင်ဘာ ၁ ရက်က ဖွဲ့စည်းခဲ့သော လက်ပံတောင်းတောင်အရေး စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဒီဇင်ဘာ ၃ ရက်တွင်  ပြန်လည်ပြင်ဆင် ဖွဲ့စည်းလိုက်ခြင်း ဖြစ်ပါတယ်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည့်မှ ဥက္ကဌအဖြစ်ဆောင်ရွက်ပြီး မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်မှ ဦးကျော်တင့်ဆွေမှ အတွင်းရေးမှူးအဖြစ်နှင့် စုစုပေါင်း အဖွဲ့ဝင် ၁၆ ယောက်ဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရပါတယ်။

0 comments: