ဒေါင်းဂွင်ဌာနချုပ်ဆီသို့...
ဇာဇာအမှတ်တရ
ဒါးဂွင်ဘက်ကိုမရောက်ခင်
တပ်ရင်းနောက်တန်းရံပုံငွေအတွက်
လက်သမားကျွမ်းကျင်တဲ့ နှုတ်ခမ်းမွှေး
ကိုဇော်ဝင်းကြီးနဲ့ အတူ သံလွင်မြစ်စောင်း
သစ်စက်တွေကလွှင့်ပစ်ထားတဲ့
ကျွန်းသစ်အပြင်သား (ပကာစ) တွေနဲ့
စားပွဲ၊ ကုလားထိုင်၊ ပက်လက်ကုလားထိုင်လေးတွေလုပ်ပြီး
ထိုင်းဖက်ကမ်းကိုကူးပြီး
သွားရောင်း ကြတယ်။ ထိုင်းနိုင်ငံဖက်ခြမ်းက
သောလဲထဈေးမှာပေါ့။ နောက်တန်းရဲဘော်တွေအတွက်
ရိက္ခာကအစ တစ်ဘက်တစ်လမ်းက
အထောက်အကူဖြစ်ခဲ့ပါတယ်။ အဲဒါအတွက်လည်း
ဒီရဲဘော်ကြီးကို ဒီနေ့အထိ
ကျေးဇူးတင်လို့မဆုံးဖြစ်နေတုန်း ။
၉၁ နောက်ပိုင်း ကျနော်တို့တပ်ရင်းအမှတ်
(၂၁၂) က ဒါးဂွင်ဘက်ကိုရွှေ့ရတယ်။
သံလွင်မြစ်ဆုံ (သံလွင်မြစ်
နဲ့ သောင်ရင်းမြစ်တို့ဆုံတဲ့နေရာ)
ရဲ့ ဟိုး အထက်ဘက်ပေါ့။ ကျနော့ကိုလည်း
တပ်ရင်းရဲ့ တပ်ရေးအရာရှိ
(နောက်တန်းမှူး) အဖြစ် တာဝန်ပေးထားတယ်။
တပ်ထောက်တာဝန်ကိုပါတွဲကိုင်ရတာ ကိုး။
အဲဒီအချိန်က နောက်တန်းပြန်လည်တည်ဆောက်ရေးကာ လလို့
ပြောရမယ်။ ပထမထိုင်းဖက်ခြမ်းမှာ
ယာယီဝင်နေကြ တယ်။ အဲဒီအချိန်က
ဇာဇာရတနာဆိုတဲ့ အခြောက်ရဲဘော်ကိုတွေ့ရတယ်။
သူက အတော်သတ္တိရှိတယ် ကြားဖူးတယ်။
ရှစ်ဆယ့်ရှစ်ကတည်းက သူ တောထဲကိုကျောင်းသားတွေနဲ့အတူ
ရောက်နေတာ။ တိုက်ပွဲ ပြင်းထန်နေတဲ့
တိုက်ပွဲကြားထဲမှာ သူက သူ့ရဲ့ဝပ်ကျင်းထဲကနေ
အပေါ်ကို မကြာခဏ ခုန်တက်ပြီး
ရန်သူ ဖက်ကို “သားတို့ရေ၊
အမေ့ကိုမထိသေးဘူးဟဲ့။ ထိအောင်ပစ်ကြလေ”
လို့ သူ့တင်ပါးကိုပုတ်ပုတ်ပြီး
အော်တယ်တဲ့။ သူထိလိုက်ရင်လည်း
ဖင်မှာချည့်မှန်တယ် ကြားဖူးတယ်။
သူက ကျနော့အမေအရွယ် လောက်ရှိတယ်။
ကျနော်တို့က ဇာဇာလို့ဘဲခေါ်ကြတယ်။
ကျနော်တို့မြို့က နတ်ကတော်တွေကို
သူ အကုန်သိတယ်။ ဆံပင်ညှပ်တာသိပ်ကောင်းတယ်။
ကျနော်တို့ ဆံပင်ညှပ်ချင်တဲ့အခါ
ဇာဇာရာ ကျနော့ကို ဒီအတိုင်းပဲပစ်ထားတော့မလား။
အမေ့သား ဆံပင်ဘုတ်သိုက်နဲ့
ဒုက္ခရောက်နေတာလို့ပြောလိုက်ရင်
သူက “ဟင်း.. ပြောချင်ဘူး။ နင်တို့ငါ့ကိုခိုင်းချင်တဲ့အခါ ကျတော့
လာလာချွဲနေတာ။ သိပါတယ်နော်”
လို့ပြန်ပြော လေ့ရှိတယ်။
ကိုယ်ကလည်း ဒီအမေ့သားတွေဘဲရှိတာ
အမေမှလှလှပပလေးတွေဖြစ်အောင်
လုပ်မပေးရင် ဘယ်သူလုပ်ပေးမလဲဆိုတော့
“သွား၊ ဘယ်မှာလဲ၊ ကပ်ကြေးနဲ့
ဘီးယူခဲ့” ဖြစ်လာရော။ သူ့အကြောင်း
လေးတွေက ပြန်ပြောရင် ညစ်ပတ်တဲ့
စကားတွေအသုံးအနှုန်းတွေပါနေလို့
ဆက်မပြောတော့ပါဘူး။ ဒါပေမယ့်
အဖွဲ့အစည်းနဲ့ရဲဘော်တွေအပေါ်မှာ
သံယောဇဉ်ကြီးပြီး သစ္စာရှိတဲ့ရဲဘော်ကြီးတစ်ယောက်ပါ ။
သူလည်း မရှိရှာတော့ပြီ။ နယ်စပ်တစ်နေရာမှာ
အသတ်ခံလိုက်ရတယ်တဲ့။
ကံကောင်းလို့
ဟိုဘက်မြန်မာနိုင်ငံအခြမ်းမှာ
သံလွင်မြစ်ကိုဖြတ်ပြီး တပ်ရင်းမတည်ခင်
ကိုကြီးဇော်ဝင်းရဲ့အမျိုးသမီး
ရဲမေ ၀င်းဌေးက တစ်နေ့ တောထဲမှာမှိုကျင်းတွေ့လာတယ်။
မှိုနဲ့ချဉ်ပေါင် ချက်စားကြတယ်။
ဟင်းကလည်း အတော်စားကောင်းတယ်။
ထုံးစံအတိုင်း အသားအနေနဲ့ကတော့ငါးပိရည်ကျဲပေါ့ ။
စားကောင်းကောင်းနဲ့ နောက်တန်းကျန်ရဲဘော်
ဆယ့်ငါးယောက်လောက် စားထည့်လိုက်ကြတာ။
ခနနေတော့ တစ်ယောက်ပြီး တစ်ယောက်
တဝေါ့ဝေါ့နဲ့ ထိုးအန်ကုန်တယ်။
ကျနော်လည်း မူးနောက်နောက်ဖြစ်လာပြီး
အန်တယ်။ ဆက် တိုက်ပဲ မရပ်တော့ဘူး။
အစာအဆိပ်ဖြစ်တာ။ အားလုံး
ယာယီဘားတိုက်ပေါ်မှာဝမ်းလျားမှော က်
ခေါင်းလေး တွေထုတ်ပြီး အန်နေကြတာ။
ကျနော် ဗဟိုကို စက်နဲ့လှမ်းပြီး
အကူအညီတောင်းရတော့တယ်။ ဗဟိုက
ဆေးမှူး ကိုထွန်းထွန်းဝင်းအပြေးရောက်လာေ တာ့
အကုန်လုံး ဖင်လေးတွေလှန်ပြီးတန်းစီဆေးထိုး ခံကြ။
အဆိပ်ပြေအောင်စားဖို့ သူလမ်းမှာခူးလာတဲ့
ကန်ဇွန်းရွက်စိမ်းတွေကို
အစိမ်းအတိုင်းစား၊ နောက်..
ခဏကြာမှ အားလုံးထူထူထောင်ထောင်ပြန်ဖြစ်ေ တာ့တယ်။
ကံကောင်းလို့။
အဲ ကံကောင်းလို့ဆိုမှ ကိုယ်ဖတ်ဖူးတဲ့
မောင်ရိုးကာတွန်းလေးတစ်ခုကို
ပြန်သတိရလာတယ်။ မောင်ရိုးက
တစ်နေ့ မြင်းတစ်ကောင်ဝယ်ဖို့
သွားကြည့်တယ်။ မြင်းတွေက
ခပ်တောင့်တောင့်တွေ။ ဈေးမေးကြည့်တော့
မြင်းပိန်တစ်ကောင်က တစ်ခြားမြင်းတွေထက်
ပိုဈေးကြီးနေတယ်။ အဲဒါနဲ့
မောင်ရိုးမေးတော့ ရောင်းတဲ့သူ
က ဒီမြင်းက ထူးခြားတယ်။ သူ့ကို
“ကံကောင်းလို့”လို့ ပြောရင်
သူက ဒုန်းစိုင်းပြေးရော ဘယ်မြင်းမှ
လိုက်မ မီဘူးတဲ့။ “အောင်မလေး”
လို့ပြောမှ သူကရပ်တယ်ပေါ့။
မောင်ရိုး သဘောကျပြီး အဲဒီမြင်းကို
ဝယ်လိုက် တယ်။ သူက “ကံကောင်းလို့”
လို့ပြောလိုက်တော့ မြင်းက
ဒုန်းစိုင်းပြီးပြေးတာ မြင်းပေါ်ကမောင်ရိုး
ရင်တဖိုဖို နဲ့ ပါသွားပါလေရော။
မောင်ရိုးရှေ့ကို လှမ်းကြည့်လိုက်တော့
အသူတရာနက်တဲ့ ချောက်ကမ်းပါးစောင်း၊
ပြုတ်ကျတော့မယ်။ မောင်ရိုးလည်း
ဘယ်လိုရပ်ခိုင်းရမယ်ဆိုတာမေ့သွားပြီး
ကြောက်အားလန့်အားနဲ့ “အောင်မယ်လေးဗျ၊
လုပ်ကြပါဦး၊ ပြုတ်ကျတော့မယ်”
လို့အော်လိုက်တယ်။ အောင်မယ်လေးသံကြားသွား
တဲ့မြင်းက ချောက်ကမ်းပါးစောင်းမှာ
မကျရုံတစ်မယ်ထိုးရပ်သွားတယ်။
မောင်ရိုးရင်အေးသွားပြီး
“တော်သေး တာပေါ့။ ငါအချိန်မီအော်မိပေလို့။
နို့မို့ရင် ချောက်ထဲကျတော့မှာ။
ကံကောင်းလို့” တဲ့။ မြင်းက
ရုတ်တရက် ချောက်ကမ်းပါးစောင်းကနေ
ဝုန်းကနဲခုန်ချလိုက်တယ်။
ကံကောင်းလို့ဆိုတဲ့အသံကြားသွား လို့။
နတ်ပြုစားတာတဲ့
ကျနော်တို့ တပ်ရင်းအသစ်နေရာ ဒါးဂွင်ဒေသမှာ
တပ်ရင်းသစ်တွေ၊ စခန်းသစ်တွေ
ဆောက်ကြရတယ်။ ကျနော်တို့တပ်ရင်း၊
သံလွင်မြစ်အထက်ဘက်ဘယ်ဘက်မှာ
ဗဟိုသင်တန်းကျောင်း၊ နောက်
ညီနောင်တပ် ရင်းဖြစ်တဲ့ တပ်ရင်း
(၂၁၀)ကနေ ဗဟိုအထိပေါ့။ တပ်ရင်းနေရာက
အရင်ကသစ်စက်ဟောင်းနေရာပေါ့။
ကိုင်းတောတွေကို ဓားနဲ့ဆင်းခုတ်တာလက်တွေပေါက်ပြဲ ကုန်တယ်။
နောက်တော့ လက်နဲ့ဆွဲနှုတ်တဲ့အခါကျ
တော့ လွယ်လွယ်ကူကူဘဲ တဗြုတ်ဗြုတ်နဲ့ပါလာတယ်။
အဲဒီကျမှ အကုန်လုံး ဒီလိုမှန်းသိရင်အပင်ပန်းခံပြီး
ဓားနဲ့လိုက်ခုတ်မနေပါဘူး
ဖြစ်ကုန်တယ်။ ကုန်းလေးပေါ်မှာ
တပ်ရင်းရုံးဆောက်။ စားဖိုနဲ့အိမ်သာ
အဲပြီးတော့ ရဲဘော်တွေရဲ့
ဘားတိုက်ပေါ့။ အဲဒီအချိန်က
တပ်ရင်းမှူးကိုရောဘတ်က ရှေ့တန်းကပြန်ရောက်ပြီး
မာနယ် ပလောကိုသွားနေတယ်။
ကျနော်တပ်ရင်းကိုလှည့်ပတ်ကြည့် လိုက်တော့
တပ်ရင်းကနေ အောက်ဖက် သံလွင်မြစ်ကိုဆင်းမယ့်
လမ်းပေါက်တည့်တည့်မှာ အရင်သစ်စက်လုပ်တုန်းကထားခဲ့တဲ့
ခြေတံရှည်နတ်စဉ် လေးတစ်ခုရှိနေတယ်။
အဲဒီလိုနတ်စဉ်မျိုးတွေကို
ထိုင်းနိုင်ငံရဲ့နေရာအနှံ့မှာ
နောက်ပိုင်းတွေ့ရတယ်။ ကျနော်
အတော်မျက်စေ့နောက်သွားတယ်။
ကျနော်ကအဖိုးအဖွားနဲ့ကြီးခဲ့တာ ဆိုတော့
ကျနော့အဖေဘက်က အဖိုး က နတ်အယုံအကြည်မရှိဘူး။
ကျနော်တို့ကိုလည်း နတ်တွေကိုမယုံဖို့အမြဲပြောခဲ့ တယ်။
တစ်ခါ သူ့အိမ်မှာ အိမ်တွင်းမင်းမဟာဂီရိနတ်အုန်းကို
သူ့ဆွေမျိုးတစ်ယောက်က မသိလို့သွားဆွဲထားတာတွေ့တော့
အုန်းသီး ကို ခြေထောက်နဲ့အပြင်ကိုကန်ထုတ်ပြီး
သူကရတနာသုံးပါးကလွဲပြီးဘာမှမယုံ ဘူးလို့
ဒေါသတကြီးပြောခဲ့ တာ မှတ်မိသေးတယ်။
ကျနော်လည်း တပ်ရင်းသစ်အလယ်ခေါင်ကနတ်စဉ်ကြီး ကိုတွေ့တော့
ဒါကြီးနဲ့တော့ စစ်တပ်ဝင်းလုပ်ရတာမနိတ်ပါဘူးဆို ပြီး
ကျနော့ရဲဘော်ကြီးကိုဝင်းဗိုလ်နဲ့ 
ကိုသံချောင်းတို့ကိုခေါ်လိုက်တယ် ။
ကိုဝင်းဗိုလ်က
ကျောက်ကြီး၊ သူရဲသမိန်ဘက်က
ရွာသား၊ ကိုသံချောင်းကတော့
မန္တလေးဘက်ကတဲ့၊ ကျနော့ကို
ဗိုလ်ကြီးလို့ပဲခေါ်ကြတယ်။
များသောအားဖြင့်တော့ နာမည်ရှေ့မှာ
‘ကို’ တတ်ပြီးခေါ်လေ့ရှိကြ
တာ။ “ကိုသံချောင်းနဲ့ကိုဝင်းဗိုလ်။
ကျနော်ဒီနတ်စဉ်ရှေ့မှာ စကားပြောမယ်။
အဲဒါပြီးရင် ခင်ဗျားတို့နတ်စဉ်ကို
ဆွဲနှုတ်လိုက်တော့” လို့ကျနော်ပြောတော့
ကိုဝင်းဗိုလ်က “ဗိုလ်ကြီးက
ဖြစ်ပါ့မလား” တဲ့။ ရပါတယ်ဗျာ
လာစမ်းပါဆိုပြီး “ကဲ…။ ဒီနေရာကတပ်ရင်းနေရာဖြစ်နေပြီ။
တပ်ရင်းမှာစစ်သားပဲရှိရမယ်။
ဘာမှလာနေလို့ မရဘူး။ အဲဒီတော့
ခင်ဗျားလည်းဒီမှာမနေနဲ့တော့”
လို့အမိန့်သံနဲ့ပြောပြီး
သူတို့ကို ဆွဲနှုတ်ဘို့မျက်ရိပ်ပြ
လိုက်တယ်။ တဆက်တည်း နတ်စဉ်မှာထောင်ထားတဲ့လှေခါးလေး ကို
ကျနော်ဖြုတ်ယူလိုက်တယ်။ သူတို့
လည်း နတ်စဉ်ကိုမရဲတရဲဆွဲနှုတ်ပြီး
ကျနော့နောက်ကို လိုက်လာကြတယ်။
ကျနော် သံလွင်မြစ်စောင်းကို
ဆင်းပြီး “ခင်ဗျားအခုအချိန်ကစပြီး၊
ရောက်တဲ့နေရာမှာတက်နေလို့ရပြီ”
ဆိုပြီး လှေကားလေးကို တဟုန်ထိုး
စီးနေတဲ့ သံလွင်မြစ်ထဲကိုလွှင့်ပစ်လိုက် သလို
ကိုဝင်းဗိုလ်တို့ကိုလည်း
နတ်စဉ်ကို ရေထဲကို လွှင့်ပစ်ခိုင်း
လိုက်တယ်။ ပြီးပြီပေါ့။ ကျနော်က
စိုးရိမ်နေတဲ့ရဲဘော်တွေရဲမျက်လုံးတွေကို
မသိဟန်ဆောင်ပြီး တပ်ရင်းပေါ်
ကို ရင်ကော့တက်ခဲ့တယ်။ တပ်ရင်းမှူးကိုရောဘတ်
နောက်ထပ် ၁၀ ရက်လောက်အကြာ
မာနယ်ပလောက ပြန်လာတော့ ကျနော့ကိုဆူပါလေရော။
တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ချင်တော့
အဲဒီရက်ထဲ သူ တုတ်ကွေးထ ဖြစ်တာ
တစ်ပတ်လောက်ဆန်ပြုတ်သောက်နေရတယ် ဆိုဘဲ၊
ဟိုဟာကြီးကိုသွားပြီးနှုတ်တဲ့
ကျနော့ရဲ့ လက်ချက်ကြောင့်တဲ့။
စားလို့ရတာအကုန်စား
တစ်ခါ ရှေ့တန်းမှာ
ရဲဘော်တွေက ကုန်းလိပ်တစ်ကောင်ရှာလာပြီး
ကျနော်တို့နေရာယူထားတဲ့ ရွှေကျင်မြို့
အနီးတစ်ဝိုက်က တောင်ကုန်းတစ်ခုမှာ
ချက်စားကြတယ်။ မစားခင် စီနီယာကျတဲ့ရဲဘော်တွေက
မင်းတို့ လိပ်သားစားရင် ရောဂါဟောင်းပြန်ပေါ်လာတတ်တယ်လို့ ပြောလို့
ငါ့မှာ အရင်ကဘာရောဂါရှိလည်း
ပြန်စဉ်း စားနေရသေးတယ်။ စားတော့လည်း
သဲတွေပါလို့လားမသိ၊ သွားထဲမှာ
ကျလိကျလိနဲ့။ အသားငတ်နေလို့
သာ စားတာ။ နို့မို့ မစားဘဲတောင်နေချင်တယ်။
တစ်ခါလည်း ကျနော့ရဲဘော်ကြီးဖိုးရခိုင်က တပ်ရင်းအနောက်ဖက်တောင်ကြောပေါ်က
အမဲကွက်နဲ့ စပါး အုန်းမြွေကြီးတစ်ကောင်
ဂျီပေါက်စတစ်ကောင်ကိုမြိုနေတုန်း
ခေါင်းကိုသေနတ်နဲ့ပစ်ပြီး
ဟင်းစားရှာလာ တယ်။ ဂျီပေါက်စအသားကို
ဟင်းချက်၊ မြွေကိုအရေခွံဆုတ်ပြီး
ငြုပ်သီးနဲ့ဗာလချောင်ကြော်ကြော် ပြီး
ပုလင်း တွေနဲ့ထည့်သိမ်းပြီး
စားကြတယ်။ မဆိုးဘူး။ စားလို့ကောင်းတယ်။
လိပ်ဥ၊ ဖွတ်ဥနဲ့ ဖွတ်သားအကုန်လိုလို
စားခဲ့ဖူးတယ်လေ။
မှတ်မိသေးတယ် အဲဒီ
တပ်ရင်းမှာရှိနေတဲ့အချိန်တွေက
ဗဟိုဌာနချုပ်အထက်ဖက်မှာ တောင်ပေါ်ကကျပြီး
သေတဲ့ ဆင်ကို ပိုင်ရှင်ကအစွယ်ဖြတ်ယူသွားပြီး
ကျနော်တို့ရဲဘော်တွေကို ဆင်သားစားဖို့ပေးလို့
တစ်ဝကြီး စားလိုက်ရသေးတယ်။
ဆင်သားက အမျှင်ကြီးတော့ မနဲဝါးရတယ်။
လူတွေကလှုပ်ရှားသွားလာနေရတာဆိုေ တာ့
ဘာနဲ့စားစား စားဝင်တာပါဘဲ။
တစ်ခါတစ်လေတော့ အသား ငတ်ပြီး
အသားကလည်းစားချင်၊ အနားဝန်းကျင်မှာ
တောကောင်လည်းမရှိတော့ ကြံရဖန်ရတယ်။
ကျနော် တို့ တစ်ခါ ရှေ့တန်းမှာ
စစ်ကြောင်းလိုက် ရှေ့တန်းဆင်းတဲ့အချိန်
ခြောက်ရက်လောက် အသားမစားရပဲ
လမ်း လျှောက်နေရတာဆိုတော့
လူတွေကပင်ပန်းနေတယ်။ မျှစ်နဲ့
တစ်ခြားအရွက်တစ်ချို့လောက်နဲ့
ဟင်းစား လုပ်နေရတော့ အသားဟင်းရရင်ကောင်းမှာဘဲတွေးမိ တယ်။
ကျနော်တို့မှာ ရွာတွေက ကြက်၊
ဝက် ၀ယ်စား နှိုင်လောက်တဲ့
ငွေမပါလာဘူး။ ပါလာတဲ့အချိန်တော့
လိုအပ်လာရင်ဝယ်စားလို့ရတာပေါ့။
ဒါတောင် ၀ယ် မစားတတ်ရင် ပြဿနာတက်သေးတာ။
ရွာတစ်ရွာမှာ
ကျနော်တို့တပ်ရင်းမှူးက ကရင်ရွာသားတွေကို
ပင်ပန်းနေတဲ့ရဲဘော်တွေစားဖို့
ကြက်ဝယ် ကြွေးတယ်။ ရွာသားကို
သူက “ကချောတပေ့” လို့ တောင်းဝယ်တော့
ရွာသားက ဘာလုပ်ဖို့လဲလို့မေး
တယ်။ သူက စားမလို့လို့ပြန်ဖြေတယ်။
နင်တို့ လူအယောက် ၃၀ လောက်
စားလို့ကုန်မလားလို့ ရွာသားက
ပြန်မေးတယ်။ ကြားထဲက ကရင်လိုတတ်တဲ့
ရဲဘော်တစ်ယောက်နှစ်ယောက်ပါပေလို့ ။
ကရင်လို ကြက်ကို “ချော” လို့ပြောတယ်။
“ကချော” ဆိုတာက ဆင်လေ။ တကယ်များရောက်လာရင်
ဆင်ကောင်လုံးကင်ကြီး စားပြီး
ဘယ်လိုရှင်းမလဲလို့ တွေးကြရသေးတယ်တဲ့။
အဲ ခုန.. ကျနော်တို့စစ်ကြောင်းရွာကိုရော က်တော့
KNU ကရင်ရဲဘော်လေးတွေကို တွေ့ရတယ်။
ကျနော်တို့ က ညနေပိုင်းရွာဝင်တာဆိုတော့
အဲဒီမှာတစ်ညနားရမှာလေ။ ရဲဘော်တွေလည်း
အသားငတ်လာတော့ သူတို့အသားစားရအောင်
ကရင်ရဲဘော်တွေဆီက ခွေးတစ်ကောင်လောက်တောင်းစားမယ် လို့
တစ်ယောက် က ပြောတယ်။ ကျနော်လည်း
ရတာပေါ့လို့ ခွင့်ပေးလိုက်တယ်။
သူတို့ ခွေးကိုဆွဲလာတော့
ည ၇ နာရီ ခွဲလောက်ရှိနေပြီ။
ကျနော်က တိုးတိုးတိတ်တိတ်လုပ်ကြလို့ပြော တော့
တစ်ယောက်က စိတ်ချပါကိုမြတ်တဲ့။
ခနနေတော့ အသံကြားရတယ်။ “ကိန်…
ကိန်… ကိန်… ကိန်..” ခွေးသံကဆူညံနေတာဘဲ။
အသံ အကျယ်ကြီးထွက်လာပြီး
နောက် တစ်ဖြည်းဖြည်းတိုးသွားတယ်။
ဘာနဲ့သွားလုပ်နေလဲမသိဘူး။
ကျနော်တို့ အကုန်လုံး နောက်နေ့မနက်အစောကြီး
ရွာကလစ်လာခဲ့ကြရတယ်။ ခွေးသတ်စားပါတယ်ဆိုမှ
တစ်ရွာလုံး ကြားတော့တဲ့အဖြစ်ကို
ရွာသားတွေကိုရှက်လို့။ ခွေးသားက
အချိုသား။ ငတ်ငတ်နဲ့ ၀ိုင်းဆွဲထဲ့လိုက်ကြတာ
အမြှီးတောင် မကျန်ဘူး။ အရိုးတွေကို
တစ်နေရာမှာသွားမြှုပ်ခိုင်းလို က်ရတယ်။
0 comments:
Post a Comment