Friday, December 14, 2012

မြေးအဖိုးနှစ်ယောက် လမ်းလျှောက်နေတယ်

ပေါ့ပေါ့ပါးပါး ဆော့ကစကားနေတဲ့
ကလေးငယ်က ရုတ်တရက် ထအော်တယ်
"ဘိုးဘိုး ဗိုက်ဆာပြီ" တဲ့။

လေးလေးနက်နက် အတွေးချဲ့နေတဲ့
အဖိုးအိုက အလန့်တကြား ဖြေတယ်
"အေး...သွားမယ်"တဲ့။

မြေးအဖိုး နှစ်ယောက်
ပေါင်မုန့် ခြောက်ဆိုင်လေးဆီ လျှောက်လာခဲ့တယ်။

ငါတို့ နှစ်ယောက်အတွက်
လောလောဆယ် လိုနေတာ ကစားစရာ မဟုတ်ဘူး
လောလောဆယ် လိုနေတာ အတွေးအခေါ်မဟုတ်ဘူး
လောလောဆယ် လိုနေတာ ပေါင်မုန့်ခြောက်ပါပဲ။

လမ်းတလျှောက်လုံး ဘယ်ပေါင်မုန့် ခြောက်ဆိုင်မှ ဖွင့်မနေခဲ့တော့
ခြေလှမ်းတွေဟာ ဆာလောင်စွာ ဆက်လျှောက်နေကြတယ်။   ။

သုအိုင်စံ
၁၄-၁၂-၂၀၁၂

0 comments: