နာနာဘာဝများနဲ့ သေ့လောထစခန်း
၁၉၉၁ခုနှစ်နှောင်းပိုင်း ကျနော်တို့ကို
တကွဲတပြားစီဖြစ်စေမယ့် ABSDF
တတိယအကြိမ်ညီလာခံကာလမှာ ကျောင်းသားညီလာခံကိုယ်စားလှယ်ေ တွ
တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ညှိနှိုင်းမရတဲ့ အတွက်
KNU က ကျောင်းသားတွေ မာနယ်ပလောကနေပြောင်းကြရမယ်လို့
အမိန့်ထုတ်လာတဲ့အတွက် ကျနော်တို့တပ်ရင်း
က သံလွင်မြစ်ဆုံအထက် သေ့လောထစခန်းကို
ပြောင်းကြရတယ်။ ကျနော်တို့က
အရင်ရှိနေပြီးသား ကရင်တဲလေးတစ်ခုမှာ
တက်နေကြတဲ့အချိန် ရဲဘော်အများစုကတဲရှည်ကြီးတစ်ခုေ ပ်ါမှာနေကြတယ်။
သရဲ ချောက်တယ်ဆိုဘဲ။ တရက်နေ့လည်ပိုင်း
စားသောက်အပြီး တဲပေါ်မှာစောင်ခြုံအိပ်နေကြတဲ့ရဲ ဘော်တွေ
ကိုတောင် နေ့လည်ကြောင်တောင်ကြီး
စောင်တွေဆွဲချတာတွေခံရတာရှိတယ်။
သူတို့ဆီက “မလုပ်ပါနဲ့ဆို
နေ….။ ပြောလို့မရဘူးလား။ ရီးထဲမှဘဲ”
ဆိုတဲ့အသံတွေထွက်လာလို့ သွားကြည့်တော့မှ
သူတို့ပြောလို့သိရ တာ။ နောက်ပိုင်း
အဆောက်အဦတွေစနစ်တကျပြန်ဆောက်၊
ခြံစည်းရိုးခတ်ပြီးတော့ သိပ်အသံမကြားရ
တော့ဘူး။ ကြားမယ့်ကြားတော့
ကျနော်တို့တဲ့တဲ့ကိုလာတာ။
ညီလာခံကိုလည်း တပ်ရင်း
၂၀၉ (သံလွင်စခန်း) မှာ နေရာရွှေ့လုပ်ကြတယ်။
အဲဒီအချိန်က တစ်လှုပ်လှုပ်
အချိန် အဖွဲ့အစည်းက အချိန်မရွေးတစ်ခြမ်းစီကွဲသွားနှိုင်တယ်။
ညီလာခံအခြေအနေကိုလည်း ကျနော်တို့နဲ့
လက်ပွန်းတတီးရှိတဲ့ ကိုယ်စားလှယ်တွေဆီက
ပြန်နားထောင်နေကြရတာ။ သူတို့အပြောအရ
ညီလာခံက နိုင်ငံရေးစစ်ရေးအပါအ၀င်
ဖွဲ့စည်းပုံအခြေခံဥပဒေတွေအပေါ်မှာ
အားလုံးသဘောတူညီမှုရပြီးသား။
ကျနော် တို့တပ်ရင်းကိုလည်း
မူလက (၈၈၈၈) တပ်ရင်းအနေနဲ့
ဗဟိုကော်မတီကဖွဲ့စည်းပေးခဲ့ေ ပမယ့်
အဲဒီညီလာခံ မှာ တပ်ရင်း (၂၁၂)
လို့ နာမည်ပြောင်းလိုက်တဲ့အကြောင်းသိ ရတယ်။
ရွေးကောက်တင် မြှောက်ရမယ့်အချိန်
ရောက်မှ အရွေးချယ်မခံရမယ့်အရေးစိုးရိမ်ြ ပီး
တာဝန်တွေကို ဗြောင်တောင်းဆိုလာတာတို့လိုမျိုး
ညှိမရမယ့် အခြေအနေကိုရောက်လာတာတဲ့။
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး
ABSDF ရဲ့ ညီလာခံမှာ… လျှို့ဝှက်မဲပေးစနစ်နဲ့
ဗဟိုကော်မတီဝင်တွေ၊ အဲဒီအထဲကမှ
ဗဟိုဦးဆောင်ကော်မတီဝင်တွေ
အပါအ၀င် ထိပ်တန်းတာဝန်တွေဖြစ်တဲ့
ဥက္ကဌ၊ ဒု-ဥက္ကဌ၊ အထွေထွေအတွင်းရေးမှူးနဲ့
အတွင်းရေးမှူး (၁)၊ (၂) တို့ကို
ဖွဲ့စည်းပုံအခြေခံဥပဒေပါစည်းကမ်းအတိုင်း
ရွေးချယ်ကြတာလို့ ကျနော်တို့နဲ့နီးစပ်တဲ့
ညီလာခံ ကိုယ်စားလှယ်နဲ့ လေ့လာသူအနေနဲ့တက်ရောက်နေကြတဲ့ရဲ ဘော်တွေက
ပြန်ပြောကြတယ်။
ကျနော်တို့တပ်ရင်းက
ရဲဘော်အများစုက ရှစ်ဆယ့်ရှစ်အရေးတော်ပုံမှာ
လူသိများတဲ့ ကျောင်းသားသမဂ္ဂ
အတွင်းရေးမှူးဟောင်း ကိုမိုးသီးဇွန်ကိုထောက်ခံကြတယ်။
ကိုမိုးသီးဇွန်နဲ့ သူ့ကိုထောက်ခံတဲ့သူတွေ
ညီလာခံကထွက်သွားကြပြီ။ အဲဒါကဖွဲ့စည်းပုံကိုချိုးဖောက် တာဖြစ်တယ်၊
ဘာညာလည်းကြားနေရတယ်ဆို တော့
ကျနော်တို့လည်း တစ်ခုခုတော့ဆုံးဖြတ်ရတော့မယ့်
အခြေအနေဖြစ်လာတယ်။ နောက်ပိုင်း
ကျနော် တို့ လူအင်အားအနည်းစုဖြစ်တဲ့
တပ်ရင်းရဲဘော်ဆယ့်သုံးယောက်လော က်က
ကိုမိုးသီးဇွန်ရဲ့နောက်ကို
မလိုက်ဘူးလို့ ဆုံးဖြတ်လိုက်ပြီး
တပ်ရင်းကနေ လက်လွတ်ထွက်ခဲ့ကြရတယ်။
မျက်နှာငယ်ငယ်နဲ့ ရဲဘော်
အနည်းစုလေးကိုအခြေခံပြီး
တပ်ရင်းပြန်လည်တည်ထောင်ရေးတွေကို
တာဝန်တွေခွဲပြီးလုပ်ခဲ့ကြရတာ။
ကျနော်တို့ရဲ့ညီညွတ်မှုက ကျနော်တို့ကိုမျက်နှာသာပေးခဲ့ပါ တယ်။
ကျနော်တို့ အင်အားတစ်စုံတစ်ရာနဲ့
ပြန်ပြီး ထူထောင်နှိုင်ခဲ့ကြတယ်။
အဲဒီအချိန်က ကျနော်တို့တပ်ရင်းမှာရှိနေတုန်း
မာနယ်ပလောကပြန်ရောက်လာတဲ့
ကျနော်တို့နဲ့ တစ်မြို့ တည်းသား
ရဲဘော်ကိုဝမ်းသာက ၀က်သားတစ်တွဲဆွဲလာတယ်။
အဲဒီအချိန်က ကျနော်ရယ် ကိုခင်ထွန်း
ကြည်ရယ် မူဆလင်ဘာသာဝင်ရဲဘော်မိုးအောင် ရယ်က
ကျနော်တို့တပ်ရင်းတစ်နိုင်စိုက် ခင်း
အပေါ်စောင်း က ယာစောင့်တဲခေါ်မလား…
အဲဒီတဲမှာနေကြတယ်။ ၀မ်းသာက
သူဆွဲလာတဲ့ဝက်သားကနဲတော့
တပ်ရင်း တစ်ရင်းလုံးဝေစားဖို့မဖြစ်ဘူး
လက်လှမ်းမီရာရဲဘော်သူငယ်ချင်းေ တွလောက်
ချက်စားကြတာပေါ့ ဆိုတော့
ကျနော်တို့ ဟင်းကိုသီးသန့်ချက်စားဖြစ်ကြတယ် ။
မူဆလင်ရဲဘော်ကိုမိုးအောင်ကတော့
မစားဘူးပေါ့။ အဲ… သူကမစားပေမယ့်
ဒုက္ခရောက်တဲ့အထဲပါလာသေးတယ်။
ကျနော်တို့ ညနေစောင်းစားသောက်ပြီးအချိန်
ကိုဝမ်းသာက လှေကြုံနဲ့ မာနယ်ပလောဖက်ကို
ပြန်ဆင်းသွားတယ်။
ညမိုးချုပ်တော့ ကျနော်တို့ထုံးစံအတိုင်း
ယာစောင့်တဲမှာ ကိုခင်ထွန်းကြည်နဲ့ကျနော်က
တဲတိုင်တွေမှာ ပုခက်တွေချည်ပြီးအိပ်၊
ကိုမိုးအောင်က တဲကြမ်းပြင်ပေါ်မှာအိပ်ကြတယ်။
ည ၁၁ နာရီခွဲလောက် အချိန်မှာ
ကရင်တွေစကားပြောပြီး လမ်းလျှောက်သွားတဲ့အသံတွေကြောင့် 
ကျနော်လန့်နိုးလာတယ်။ အသံတွေအရ
ယောင်္ကျားကြီး ၂ ယောက်လောက်၊
အမျိုးသမီး ၃ ယောက်လောက်၊
လမ်းလျှောက်ပြီး စကားပြောတတ်တဲ့
အရွယ် ကလေးငယ် ၃ ယောက်လောက်နဲ့
ကတစ်ခွင်ပါလာတဲ့ကလေးသံလေးတွေပါ ပါတယ်။
သူတို့က ကျနော်တို့ တဲဘေးကဖြတ်ပြီး
အပေါ်ဖက်တောင်ကုန်းပေါ်ကို
ဖြတ်တက်သွားတဲ့အသံတွေ။ ဟ…
ငါတို့ တပ်ရင်းက ခြံစည်းရိုးတွေကာထားတာ
အနားကရွာသားတွေလည်း ဒါကကျောင်းသားတပ်ဆိုတာ
သိပြီး သား၊ ဘယ်လိုလုပ်ပြီးညဖက်ကြီး
ဝင်လာရဲမလဲလို့စဉ်းစားနေတုန်း…
“ဟေ့..။ ဘယ်သူတွေလဲကွ” ဆိုတဲ့
ကိုမိုးအောင်ရဲ့အသံနဲ့အတူတစ်ဆက် ထဲသူက
“ကိုမြတ်..။ ကြားလား။ လူသံတွေ”
ကျနော်ချက်ခြင်း မတုန့် ပြန်နှိုင်ခင်
ကိုခင်ထွန်းကြည်ရဲ့အသံထွက်လာတယ် ။
“ငါ..။ ကြားတယ်” တဲ့။ ကျနော်လည်းကြားတယ်လို့
ပြောပြီး ကိုမိုးအောင်ကိုနောက်ကခေါ်ပြီး
တဲပေါ်ကဆင်းခဲ့တယ်။ ကိုမိုးအောင်ကို
နို့ဆီခွက်ကိုပိန်ပြီး လုပ်ထားတဲ့
လက်ဖြစ်ရေနံဆီမီးခွက်ကို
လေထဲခပ်မြင့်မြင့်မြှောက်ကိုင် ခိုင်းထားပြီး
ကျနော်က သေနတ်ကို ရှေ့ကိုထိုးချိန်ပြီး
ဆင်းကြည့်တာလေ။ ဘာမှမတွေ့ဘူး။
ကျနော်က ဘာလဲကွာ.. ဘာမှလည်းမတွေ့ဘူး၊
လာ ပြန်အိပ်ကြမယ်ဆိုပြီးတဲပေါ်ပြန် တက်ခဲ့တယ်။
ကျနော်တို့ မှေးကနဲအိပ်ပျော်ရုံရှိသေးတယ်
ကျနော်တို့ တဲက စပြီးလှုပ်လာတော့ ရုတ်ကနဲပြန်နိုးလာတယ်။
ဘုရားရေ။ အောက်က… အကောင်ကြီးကြီး
တစ်ကောင်ကောင်က ထမ်းပြီးလှုပ်နေသလို။
ကျနော်လည်း ပါးစပ်က အယုတ္တအနတ္တတွေဆဲဆိုပြီး
ဝုန်းကနဲသေနတ်ဆွဲပြီး ပုခက်ပေါ်ကဆင်းရတော့တယ်။
ကိုမိုးအောင် ကြောက်နေပြီ။
လာလို့သူ့ကိုခေါ်တော့ သူမလိုက်ရဲဘူးလို့ပြောတယ်။
ကျနော်က နောက်ကနေပဲလိုက်ဖို့
ပြောပြီးတဲကို လှည့်ပတ်ကြည့်တယ်။
ဘာမှမရှိဘူး။ နောက်တစ်ခေါက်တဲပေါ်ပြန်ရောက်ပြီး
အိပ်ဖို့ပြင်ရုံရှိ သေးတယ်၊
တဲကထပ်ပြီး ခုနကလိုလှုပ်လာပြန်တယ်။
ကျနော်က “ဒါတပ်မြေကွ၊ မင်းတို့
၂ ခါသေချင်လို့ လား။ ငါတို့ကိုဘာမှတ်နေလဲ”
ဘာညာအော်ရင်း လေထဲကို သေနတ်နဲ့သုံးချက်လောက်
ထောင်ဖောက်ပစ် လိုက်တယ်။
တပ်ရင်းတစ်ရင်းလုံးလည်း နိုးလာတယ်။
တစ်ချို့က ကျနော်သရဲပစ်နေတာဆိုတော့
“ကိုမြတ် ကလည်းဗျာ၊ ကျနော်တို့က
ခင်ဗျားတောဝက်ပစ်ထားတယ်မှတ်လို့
ဟင်းစားရပြီဆိုပြီးလာတာ”
လို့ အပြစ်တင်တဲ့လေသံတွေနဲ့
ပြောသွားတာပါ ခံလိုက်ရသေးတယ်။
သေနတ်သံကြားလို့လားမသိဘူး
အဲဒီသရဲ နောက်ထပ်လာမခြောက်တော့ဘူး။
နောက်မှ တရားခံကိုတွေ့တော့တယ်။
ဟိုကောင် ကိုဝမ်းသာက အားလုံးစားပြီးကျန်နေတဲ့
အဆီတုန်းတစ်ခုကို အဲဒီညနေက
တဲပေါ်ကနေအောက်ကိုပစ်ချပြီး
“စားကြ၊ စားကြ၊ မင်းတို့မ၀သေးရင်
ညကျရင် ဒီတဲမှာလာတောင်းတဲ့”
လက်စသတ်တော့ ကျေးဇူးရှင်ရဲ့လက်ချက်ပေ
ဘဲ။ အဲဒါ တစ်သက်နဲ့တစ်ကိုယ်
ပထမဆုံးသရဲခြောက်ခံရ တာ။
0 comments:
Post a Comment