အဝေးဆီသို့
၁၉၉၀ ခုနှစ်၊ ဇွန်လ (၂၈) ရက်နေ့။
ကျနော်အိမ်ကထွက်ခဲ့တဲ့နေ့။
အဲဒီနေ့မှာ ကျနော်က ဆုံနေကျလ္ဘက်
ရည်ဆိုင်ကိုသွား၊ အပ်ထားတဲ့အ၀တ်အစားနဲ့
ခရီးမှာလိုအပ်မယ့်ပစ္စည်းပစ္စယတွေ ကိုသွားပြီး
ထုတ်ပိုး ပြင်ဆင်ရတယ်။ မနက်
၁၁ နာရီဝန်းကျင်လောက်။ ကျနော်နဲ့
မင်းဇော် ဆိုက္ကားပေါ်တက်ပြီး
သင်္ဘောဆိပ်ကို ဆင်းတယ်။ မိုးတွေကတစ်ဖွဲဖွဲပေါ့။
ကျနော်က ကျနော့ရဲ့အင်္ကျီစုတ်ပုဆိုးစုတ်ကို
ဝတ်ထားပြီး၊ ညစ်ပေနေတဲ့ ဦးထုတ်တစ်လုံးကိုဆောင်းထားတယ်။
သူများတွေမှတ်မိမှာစိုးလို့
ရုပ်ဖျက်ထားတာလေ။ ကျနော်တို့ကို
သူငယ်ချင်းကျောင်းသားရဲဘော်တစ်ေ ယာက်
စက်ဘီးနဲ့မယောင်မလည်လိုက်ပို့ေ ပးတယ်။
သူက ကျနော်တို့ သင်္ဘောပေါ်တက်ပြီး
သင်္ဘောထွက်တဲ့အထိ ကမ်းပေါ်ကလ္ဘက်ရည်ဆိုင်လေးမှာ
ထိုင်စောင့်ပြီးမှ ပြန်ထွက်
သွားတာ တွေ့လိုက်တယ်။ ကိုယ်ကြီးပြင်းခဲ့တဲ့မွေးဇာတိက
အပြီးခွာလာခဲ့ရတယ်ဆိုတဲ့အသိက
ရင်ထဲမှာရှိ နေတော့ ဟာတာတာကြီး။
သာရဝေါကနေ စာပို့ရထားနဲ့
ဖြစ်သလိုလိုက်ကြတယ်။ နောက်
လက်ပံတန်း ရောက်မှ ပြည်-ရန်ကုန်
အမြန်လော်ကယ်ရထားကို ပြန်စီးကြတယ်။
ရန်ကုန်ကနေ မော်လမြိုင်ရောက်ပြီး
ခရီးစဉ်စလို့ရမယ့် ရွာအထိလိုက်ပို့ပေးနှိုင်မယ့်သူ ကိုရှာကြရတယ်။
မွန်ဦးဇင်းတစ်ပါးလိုက်ပို့ပေး တယ်။
သူက လမ်းကြောင်းသိပြီးသားသူဆိုတော့
သူ့ကို ဟိုမှာနေလို့မဖြစ်လို့ထွက်လြာ ကတယ်ဆိုတာရယ်၊
မော်လမြိုင် မှာလည်း လုံခြုံရေးအရ၊
ကြာကြာနေလို့မဖြစ်ကြောင်း
တောင်းပန်လျှောက်ထားတော့မှ
သူကခပ်လန့်လန့်နဲ့ လိုက်ပို့ပေးတာ။
မော်လမြိုင်ကနေ ရေးမြို့ကိုသွားတဲ့ရထားလမ်းဘေးက
လမိုင်းဆိုတဲ့ရွာကို ရောက်တယ်။
အဲဒီကနေ နောက်တစ်ရက် လမ်းကြောင်းအဆက်အစပ်ကိုသိတဲ့
လိုက်ပို့ပေးမယ့်ကျနော်တို့မြို့ က
အဘိုး ကြီး ဦးအုန်းသန်းကိုစောင့်ပြီး
ခရီးဆက်ခဲ့ကြတယ်။ သူ့သား
ကျနော်တို့လုပ်ဖော်ကိုင်ဘက်
ရဲဘော် တောကြက်က ၈၈ ကတည်းကတောခိုသွားတာ။
ကျနော်နဲ့အတူတူ သူငယ်ချင်းလုပ်ဖော်ကိုင်ဘက်တြွေ ဖစ်
တဲ့ အမွှာအကြီးကောင်အောင်ကျော်ရယ်၊
မင်းဇော်ဆိုတဲ့ တရုတ်လူမျိုး
ကျောင်းသားတစ်ယောက်လည်း ပါ
တယ်။ လမိုင်းဘူတာမှာ ရထားပေါ်ကဆင်း
ယူလာတဲ့ကျောပိုးအိတ်ကိုယ်စီနဲ့ ကျနော်တို့
ဘူတာကိုဖြတ်ပြီး ၀င်လာတော့
စစ်ဦးထုပ်ဆောင်းထားတဲ့ အရပ်ဝတ်လူတစ်ယောက်က
အမျိုးသမီးတစ်ယောက်ရဲ့ ပုခုံးပေါ်ကို
လက်တင်ပြီး ကျနော်တို့ကိုစူးစူးစိုက်စိုက်ြ ကည့်နေတယ်။
သူ့ရဲ့ကြည့်ပုံကိုကျနော်မကြိုက် တော့
ခပ်စူးစူး တစ်ချက် ပြန်စိုက်ကြည့်ရင်းဘေးကဖြတ်လျှောက်သွားလိုက်တယ်။
နောက်ထပ် နှစ်နှစ်လောက်ကြာတော့
သူနဲ့ကျနော် တောထဲမှာပြန်တွေ့ကြတယ်။
အဲဒီလူက စစ်တပ်ကဆက်သွယ်ရေးရဲဘော်တစ်ယော က်ပေါ့။
နောက်ပိုင်း သူတပ်ကပြေးလာတယ်။
ကျနော်တို့စကားစမည်ပြောရင်း
တစ်ယောက်နဲ့တစ်ယောက် ဘယ်မှာ
တွေ့ခဲ့ကြတယ်ဆိုတာကို ချက်ခြင်းပြန်ပြီးမှတ်မိကြတယ်။
လမိုင်းရွာက
ကျနော်တို့ကိုလမ်းပြလိုက်လုပ်ေ ပးမယ့်သူတစ်ယောက်
ထည့်ပေးတယ်။ ယောင်္ကျားလျှာလိုလို
အမျိုးသမီးဘဲ။ သူကဦးဆောင်ပြီးသွားတယ်။
ကျနော်တို့က နောက်ကလိုက်ပေါ့။
တနေရာရောက်တော့ လယ်ကွင်းထဲမှာ
တခြားကရင်လူမျိုးတစ်ယောက်နဲ့ဆုံ တယ်။
အဲသူက ရှေ့မှာကရင်စစ်သားရှိတယ်တဲ့။
ကျနော်တို့နဲနဲလန့်သွားတယ်။
အဲဒါသူ့ကိုသေချာအောင် အဲဒါကေအင်န်ယူ
KNU က စစ်သားလား။ ဗမာ စစ်တပ်က
စစ်သားတွေလားပေါ့။ သူက ကေအင်န်ယူကဗိုလ်တစ်ယောက်ရဲ့
အဖွဲ့လို့ပြောတော့မှ စိတ်သက်
သာရာရတော့တယ်။ ဒီခရီးက ကျနော်တို့လိုစိတ်နောက်ကိုယ်ပါ
လက်နက်ကိုင်တိုက်ပွဲဝင်ချင်တဲ့
ကျောင်း သားပေါက်စတွေအတွက်
ရှေ့ဘာဖြစ်ဦးမယ်ဆိုတာလုံးလုံး မသိတဲ့
စွန့်စားမှုကြီးတစ်ခုပါဘဲ။
ကျနော်တို့က လည်း တောထဲမှာလမ်းကျဉ်းလေးတွေတိုးသွားလိုက်၊
တောင်တွေတက်လိုက်နဲ့ လမ်းတွေလျှောက်နေရင်း
ကျနော်တို့ကိုယ်ကျနော်တို့အရမ်း တက်ကြွနေတာပေါ့။
အဲ… ကျနော်တို့ သုံးလေးရက်လောက်
လမ်း လျှောက်ပြီး တောင်တက်တောင်ဆင်းတွေများလာတော့
ကျနော်တို့နောက်ကနေ ရှေ့ကသွားတဲ့
ရွာဆက် လိုက်ပို့တဲ့ကင်းသမားတွေကိုလို က်အော်ရတယ်…
ကျနော်တို့ကိုစောင့်ပါဦးပေါ့။
ဒေသခံကရင်နဲ့ မွန်လူမျိုး
တွေက မိန်းကလေးတွေပဲဖြစ်ဖြစ်
ဒီလိုတောဝင်တောင်တက်လမ်းကိုကြွ မ်းနေကြပြီ။
လျှောက်တာအေးအေး ဆေးဆေးဘဲ။
မြန်တာလဲမပြောနဲ့။ ရှစ်ဆယ့်ရှစ်မှာ
“သေမှာမကြောက်လို့ ပေတရာ
လျှောက်ခဲ့တဲ့” ကျနော် တို့သာ
နောက်ကနေယက်ကန်ယက်ကန်ဖြစ်ကုန်ြ ကတာ။
နောင်…တောထဲမှာကြာမှသာ “အတက်ဖြေးဖြေး
အဆင်းပြေး သီအိုရီ” ကို အလေ့အကျင့်ရသွားကြတာ။
တကယ်ဘဲ အဲဒီအချိန်က တောင်တက်မှာ
အင်ပြည့် အားပြည့်တက်ချသွားပြီး။
အဆင်းကျတော့ ထိန်းဆင်းကြတော့
ဒူးတွေပါတစ်ဆတ်ဆတ်တုန်ပြီး
ခရီးမတွင် ဖြစ်ကုန်ကြတဲ့အပြင်။
နောက်နေ့ခရီးကို ဆက်သွားဘို့တောင်
လန့်လာကြတယ်။
တောင်ကြီးဖ၀ါးအောက်ဆိုတဲ့စကားကိုသတိရမိတယ်။
ကရင်ပြည်နယ် ဒေါနတောင်ကြောတစ်ခုပေါ်မှာဖြတ်
လျှောက်ကြတော့ ကျနော်တို့တိမ်တွေထဲမှာရောက်ေ နတယ်။
တိမ်တွေက အဲဒီတောင်ကြီးကိုပတ်ထားတာ
လေ။ ကျနော်တို့ရှေ့မှာ မြူတွေလိုဆိုင်းနေပြီး
အနီးတစ်ဝိုက်လောက်ကိုပဲမြင်ရတော့ တယ်။
၁၃ ရက် ခြေလျင်ခရီးဆိုတော့
တောင်တွေဘယ်နှစ်လုံးလောက်ဖြတ်ခဲ့ ကြတယ်ဆိုတာ
မမှတ်မိတော့ဘူး။
ရွာတစ်ရွာကထွက်တော့ န၀တစစ်ကြောင်းတစ်ခုလှုပ်ရှားနေလို့
သတိထားသွားကြလို့ မထွက်ခင်
ရွာသား တွေက သတိပေးလိုက်တယ်။
အဲဒါနဲ့ ကျနော်တို့ ရှေ့ကလူကိုမျက်စေ့မပြတ်သတိထာြး ကည့်
သူတို့သွား သလိုလိုက်သွား
သူတို့လုပ်သလိုလိုက်လုပ်နဲ့
သတိကြီးကြီးထားပြီးခရီးဆက်ကြတယ် ။
ကင်းသမားက ရှေ့ဆုံး သူ့နောက်ကအောင်ကျော်၊
အဲဒီနောက်က အဘိုးကြီး၊ ကပ်လျှက်က
ကျနော် ပြီးတော့မင်းဇော်ပေါ့။
ရှေ့ကလူရပ်ရင် ကိုယ်လည်းသတိနဲ့ရပ်။
ရှေ့ကလူက၀ပ်နေတာတွေ့ရင် ကိုယ်လည်းနောက်ကလိုက်ဝပ်။
ဘေးကပ်ရင် ကိုယ်လည်းဘေးကပ်နဲ့ပေါ့။
တစ်နေရာရောက်တော့ ချောင်းလေးထဲကိုရှေ့ကလူတွေက
ဆင်းရင်း တစ်ဘက်ကိုဒလကြမ်းပြေးတက်သွာြး ကတယ်။
ဘာပါလိမ့်ပေါ့။ အဘိုးကြီးလည်း
ပုံမှန် ချောင်းဖြတ်နေရင်းက
ဝရုန်းသုန်းကားပြေးတက်သွားတယ်။
ကိုယ်လည်း ဘေးဘီတောင် မြောက်ဝဲယာ
ကြည့်ပြီး ချောင်းထဲအသာဆင်းလိုက်တယ်။
ချောင်းလည်လောက်ရောက်တော့
ပျားတုတ်ခံရပါလေရော။ ချောင်းပေါ်မှာဖြတ်ပြီးကိုင်းေ နတဲ့
သစ်ကိုင်းပေါ်ကပျားအုံကို
ရှေ့ကတစ်ယောက် ၀င်တိုက်သွားပုံရတယ်။
ပူထူပြီး ပြေးလိုက်ရတာအမောပဲ။
အဲ… နောက်ကဆက်ထိတာက ကျနော်နဲ့ကပ်လျှက်လိုက်လာတဲ့
မင်းဇော်ပေါ့။ အဘိုးကြီးကအပေါ်ရောက်တော့
“ရီးထဲ။ ရှေ့ကပျားတုတ်ခံရလည်း
အော်သွားပေါ့။ တိတ်တိတ်ကလေးပြေးတက်သွားရလား။”
လို့ ဟိုကောင်တွေကိုအပြစ်တင်တော့
အောင်ကျော်က “နာလွန်း တော့
မပြောနှိုင်တော့ဘူးဗျို့။
လွတ်အောင်ဘဲပြေးရတာ” တဲ့။
မောရတဲ့ကြားထဲ လူတွေက အဖုအပိန့်တွေပါ
ခရီးလက်ဆောင်ထပ်ရလာသေး။
အဲ ၁၃ ရက်တစ်ဝကြီးလမ်းလျှောက်အပြီးမှာ တော့
ကျနော်တို့ ကရင့်အမျိုးသားအစည်းအရုံး
KNU တပ်မဟာ (၆) ရဲ့ ဈေးကွက်ရွာကြီးတစ်ခုဖြစ်တဲ့
အဇင်းရွာ တဘက်ကမ်းကိုရောက်လာကြတယ်။
ကိုယ့်ရှေ့ မှာ လူတွေအများကြီးဘဲ။
မိုးရွာလို့ရေမြုတ်နေတဲ့တံတားကို
ဖြတ်လျှောက်နေကြတာ။ ကျနော်တို့လည်း
အဲဒီတံတားကိုပဲကူးရမှာလေ။
ပြဿနာက ရေမြုတ်နေတဲ့တံတားကိုက
ပေါင်လည် လောက်ထိရေရောက်
နေတာ။ ပုဆိုးတွေကိုမပြီး
အောက်ကအတွင်းခံဘောင်းဘီ မပေါ်ရုံတမည်
(အဲပေါ်ရင်လည်းပေါ်မယ်) ဖြတ်
လျှောက်ရမှာ။ တဘက်ကထိုင်ကြည့်နေတဲ့လူတွေလည်း အများကြီး။
ရှေ့က ကရင်ကောင်မလေးတွေတောင်
ထမီတို့၊ စကပ်တို့ ‘မ’ သွားနေသေးတာ
ကိုယ်လည်း ဘာဖြစ်လို့မသွားနှိုင်ရမလဲဆိုတဲ့
ရဲဆေးတင်ပြီး ကျနော်တို့
ပုဆိုးကိုခါးလောက်နီးပါးထိ
‘မ’ ပြီးဖြတ်ကြရတယ်။ ဟိုဘက်ရောက်တော့
ဟိုဟိုဒီဒီလိုက်ကြည့် မိနေသေးတယ်။
လူတိုင်းကကိုယ့်အလုပ်နဲ့ကိုယ်ဆိုတော့
ဒါကိုသတိထားမိပုံလည်းမရပါဘူး။
သူတို့က ရိုးနေတဲ့ပုံ။ ဘာဘဲဖြစ်ဖြစ်
လွတ်မြောက်နယ်မြေ (နောက်ပိုင်း
လူတွေခေါ်တဲ့အခေါ်အဝေါ်) ရောက်ပြီဆို
တော့ စိတ်အေးရပြီပေါ့။ ဒူးပလာယာခရိုင်ရုံးရဲ့ခရိုင်ဥက္က ဌကြီး
ဖူးတာအယ်က ညောင်တုန်းဇာတိ။
ကျနော်တို့ကို နွေးနွေးထွေးထွေးကြိုဆိုခဲ့သလို
သူ့ရုံးမှာ ကျနော်တို့ ၂ လလောက်
နေခဲ့ကြတယ်။ သူက မွန်တော်လှန်ရေးကိုကူညီခဲ့သလို
ကျောင်းသားတွေရဲ့လှုပ်ရှားမှုတွေ ကိုလည်း
အပြည့်အ၀ထောက်ခံခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ်နှိမ့်ချပြီး
တဖက်သားကိုလေးစားမှု အမြဲပြခဲ့တယ်။
ပစ္စည်းမဲ့တော်လှန်ရေးသမား
တစ်ဦးရဲ့ ဘ၀ကို ခုံခုံမင်မင်ခံယူသွားခဲ့သလို
သူ့ရဲ့ယုံကြည်ချက်ကိုသေတဲ့အထိ
ဆုတ်ကိုင်သွားတဲ့ ခေါင်းဆောင်
ကောင်းတစ်ယောက်။ အခုသူမရှိတော့ဘူး။
ကျန်းမာရေးကြောင့် ဆုံးရှာပြီ။
အဲဒီကမှတဆင့်
ကျနော်တို့အစီအစဉ်က မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး
(ကျောင်းသားတပ်မတော်) ဖြစ်သည့်
ABSDF ကို ခရီးဆက်ရန်သာ။ ကျနော်နဲ့ပါတဲ့
အောင်ကျော်တို့၊ မင်းဇော်တို့က
လူ့ဘောင်သစ်ပါတီအဖွဲ့ဝင်တွေဖြစ် လို့
ကိုမိုးသီးဇွန်နဲ့သိပြီးသားဆိုေ တာ့
ပြည်တွင်းမှာက တည်းက ကိုမိုးသီးဇွန်ကတောခိုသွားပြီး
ဥက္ကဌဖြစ်နေပြီဖြစ်ပြီဆိုတာကြား ခဲ့ပြီးသား။
ကျနော်တို့ကလည်း ဒီ အတိုင်းတော့မရဘူး
လက်နက်ကိုင်တော်လှန်ရေးလုပ်မြှ ဖစ်တော့မယ်ဆိုတာကိုယုံကြည်ပြီး သားဆိုတော့
မာနယ်ပလောအခြေစိုက် ကျောင်းသားတပ်မတော်ကို
မဲဆောက်ကတဆင့်ခြေလှမ်းဆက်ခြဲ့ ကတယ်။
မဲဆောက်ကိုဖုန်တစ်ထောင်းထောင်း နဲ့ခရီးဆက်ခဲ့ရပြီး
ကျနော်တို့လူသစ်သုံးယောက်စလုံး
တစ်လလောက် ငှက်ဖျားတက်၊ အားပြတ်ပြီးလဲနေကြတော့တယ်။
ကျနော်တို့တည်းတဲ့ မဲဆောက်က
KNU စခန်းရုံးက အတော်ကျယ်တယ်။
ကျနော်တို့ကို အိမ်ခန်းလေးတစ်ခုပေးထားတယ်။
ကရင်ဆေးမှူးတွေက သူတို့မှာရှိတဲ့
ငှက်ဖျားဆေးမျိုးစုံတိုက်တယ်။
မသက်သာဘူး။ စားလို့မ၀င်ရတဲ့အထဲ
ဆေးတွေမူးပြီး အော့အန်ကုန်တယ်။
တစ်ကိုယ်လုံးလည်းနုံးချည့်နေတာ ပဲ။
နှစ်ပတ်ကျော်ကျော်အထိ မသက်သာကြတော့
တိုင်းရင်းသားကရင် ရဲဘော်တွေ၊
သူတို့ရဲ့မိသားစုတွေတစ်အုပ်
ကျနော်တို့တဲကို ဂီတာတစ်လုံးနဲ့
စုပြီးရောက်လာကြတယ်။ ခရစ်ယာန်ဓမ္မတေးတွေဆိုပြီး
ကျနော်တို့ကိုဆုတောင်းပေးကြတယ်။
မေတ္တာရဲ့အစွမ်းလို့ပဲပြောရတော့
မှာဘဲ။ ကျနော်တို့ နောက်တစ်ရက်နှစ်ရက်လောက်မှာ
ပြန်ပြီးထူထူထောင်ထောင်ဖြစ်လြာ ကတယ်။
နောက်ပိုင်း ကိုမိုးသီးကကျနော်တို့ကိုလာတွေ့ ပြီး
ကျောင်းသားတပ်မတော် ဗဟိုဌာနချုပ်အတွက်
ခရီးစဉ်ကို မဲဆောက်တာဝန်ခံတွေကတစ်ဆင့်
စီစဉ်ပေးခဲ့တယ်။ ဗဟိုကော်မတီဝင်ကိုစိုင်းမြင့်သူ နဲ့အတူ
ကားတစ်တန်၊ လှေတစ်တန်ခရီးဆက်ပြီးတဲ့အခါ
တော်လှန်ရေးဌာနချုပ် မာနယ်ပလောဒေသက
ကျောင်းသားတပ်မတော် ဌာနချုပ်ကို
ရောက်ခဲ့ကြတယ်။
ရဲဘော်မြတ်
0 comments:
Post a Comment