သိနေသူများ
ဒီအဖြစ်အပျက်နှစ်ခုစလုံးက
တစ်ခုနဲ့တစ်ခု အချိန်သိပ်မကွာဘူး
ပထမအကြိမ်မှာ အမေက သားကြီး…
မင်းမလဲကွယ် ဒီနှစ်ထဲ ရုံးရောက်ဂတ်ရောက်နဲ့
မင့်ကြီးကြီးတို့ကပြောတယ်။
တို့မြို့မှာ ဗေဒင်ဆရာမကြီး
တစ်ယောက်ရှိတယ်၊ သူပြောတာသိပ်မှန်တာလို့ပြောလို့
ကျနော်အမေ့မျက်နှာပေါ်ကစိုးရိမ် စိတ်တွေ
တစ်စုံ တစ်ရာလျော့သွားပါစေတော့ဆိုပြီး
ဗေဒင်ကြည့်လိုက်သွားတယ်။
ဗေဒင်သာပြောတာ ဟိုက လက္ခဏာ
ဆရာမကြီး။ ကျနော့လက်ကိုဆွဲယူကြည့်ပြီး
ကျနော့မျက်နှာကိုတစ်ချက်စူးစို က်ကြည့်တယ်။
နောက် ပြီးတော့ “သားက၊ သွားတော့မှာဘဲ။
သားရဲ့လက္ခဏာမှာပြနေတယ်။ အဲဒီခရီးကခရီးရှည်မယ်”
လို့ တန်း ပြောချလိုက်တယ်။
ကျနော်က ဟန်ဆောင်ပြီးဟုတ်လို့လားလိြု့ ပန်မေးတော့
သူကကျနော့ကိုထပ်မကြည့် တော့ပဲ
အသက် ၂၂ နှစ် ပြည့်ပြီးမှထွက်ဖို့အကြံပေးတယ်။
ကျနော် နဲနဲအံ့သြသွားတာအမှန်ဘဲ။
သူပြောတဲ့ အချိန်အထိတော့
မစောင့်နှိုင်ခဲ့ပါဘူး။
နောက်တစ်ခေါက်ကျတော့ ကျနော်ကျောင်းမှာအရင်းနှီးဆုံး တတွဲတွဲပေါင်းတဲ့သူငယ်ချင်း
ညီညီရဲ့ ယောက်ဖ ကြီး။ သူကခြေတစ်ဖက်မရှိတော့တဲ့စစ်ဗို လ်ဟောင်းဖြစ်ပြီး
အစိုးရဌာနတစ်ခုမှာအရာရှိတစ်ယော က်လေ။
ညီညီရဲ့ မမကြီးကသူနဲ့အိမ်ထောင်ပြုပြီး
သူတို့မိသားစုက တစ်ခါတစ်လေမိဘတွေဆီကို
ပြန်လာလည် လေ့ရှိတယ်။ အဲဒီ
၁၉၉၀ ခုနှစ်ထဲမှာဘဲ သူတို့ကျနော်တို့မြို့ကို
တစ်ပတ်လောက်လာနေပြီး အပြန်ကျတော့
ကျနော်တို့ ညီညီရဲ့သူငယ်ချင်းတွေလည်း
သူတို့ကို အထုတ်အပိုးကူသယ်ပြီး
သင်္ဘောဆိပ်ကို လိုက်ပို့ကြ
တယ်။ သင်္ဘောစောင့်ရင်းခနထိုင်နေကြတုန်း
ညီညီရဲ့ယောက်ဖအကိုကြီးက ဟေ့…
ညီလေးရဲ့ လက်ပြစမ်း၊ တစ်ချက်ကြည့်ရအောင်ဆိုပြီး
ပြောပြောဆိုဆိုနဲ့ ကျနော့လက်ကိုဆွဲယူပြီး
လက္ခဏာ အရေးအကြောင်း တွေကို
ကြည့်တယ်။ မျက်မှောင်ကြုတ်စဉ်းစားရင်းနဲ့. .
ဟာ.. ညီလေး၊ မင်းက သွားတော့မှာဘဲ။
အားလုံး အစီအစဉ်လုပ်ထားပြီတဲ့။
ဟ… လာပြန်ပြီလား၊ နောက်တစ်ယောက်။
ကျနော်က အကိုကြီးကလည်း ဘာ
တွေပြောနေတာလဲဆိုတော့… “မညာပါနဲ့ကွာ၊
အကိုသိတယ်၊ အကိုလည်းသူတို့ထဲကလာတာပဲလေ။
မလွယ်ဘူးညီလေး။ သူတို့မှာအားလုံးရှိနေတယ်၊
အချိန်စောင့်ပါ” လို့ပြောခဲ့သေးတယ်။
ကျနော့ရဲ့ လက္ခဏာ က ဘာတွေရှင်းရှင်းလင်းလင်းပြခဲ့လို့
လူတွေကြိုသိနေကြတာပါလိမ့်လို့
စဉ်းစားခဲ့မိသေးတယ်။ ဘာဘဲပြော
ပြော ကျနော်ထွက်မလာခင် အဲဒီလက္ခဏာဆရာနှစ်ယောက်ကတော့
ကျနော်ဘာလုပ်တော့မယ်ဆိုတာ
သိနေပုံရှိခဲ့ကြတယ်လို့ ပြောရမယ်။
နှုတ်ဆက်ခဲ့ပါတယ်
အဲဒီအချိန်က
၁၉၉၀ ရွေးကောက်ပွဲပြီး နောက်တစ်လ။
စစ်အစိုးရကဖမ်းထဲ့လိုက်တာလည်း
ရွေးကောက် ပွဲမှာ အနိုင်ရတဲ့အမတ်တွေပါပါတော့
ကျနော်တို့အတွက် ပြည်တွင်းလှုပ်ရှားရေး
လုံခြုံမှုမရှိတော့ဘူး။ အဲဒီ
တော့ လက်နက်ကိုင်တောလှန်ရေးလုပ်တောခိုဖို့ဘဲရှိတော့တယ်။
နို့မို့ ကျနော်တို့ ခြင်းထဲကကြက်တွေလို
အချိန်မရွေးအဖမ်းခံရပြီး
ရန်သူ့လက်ထဲမှာရောက်သွားနှိုင် တယ်။
ဆက်နေရင် ကျိန်းသေအဖမ်းခံရမယ့်
အနေအထားလေ။ ကျနော်တို့အားလုံးစောင့်ကြည့်ခံ နေကြရတယ်။
အဲဒီတော့ ကျနော်တို့ တောခိုဘို့ပြင်ကြ
ရတော့တယ်။ ကျနော်တို့ တစ်ခါတစ်လေ
မြို့စွန်ကလ္ဘက်ရည်ဆိုင်တစ်ခုမှာ
ဆုံရပ်လုပ်လေ့ရှိတယ်။ အဲဒီ
ဆိုင်လေးက မိသားစုအားလုံးက
ကျနော်တို့အမျိုးတွေလိုဖြစ်လြာ ကတယ်။
ကျနော် အိမ်ကနေ အ၀တ်အ စား တစ်စုံစနှစ်စုံစ
စက်ဘီးခြင်းထဲကိုထုတ်ထည့်သွာြး ပီး
အဲဒီအိမ်မှာအပ်ထားတယ်။ သုံးလေးရက်လောက်
အဲဒီလို နဲနဲစီခွဲပြီးအပ်ထားတော့
အိမ်ကနေအထုတ်အပိုးဆွဲပြီးထွက်မှာမဟုတ်တဲ့အတွက်
လူမသိလောက် ဘူး။ နောက်ဆုံး
သွားမယ့်နေ့မနက်ကျမှ ကျနော်
ကျောပိုးအိပ်ကိုကြွတ်ကြွတ်အိတ် နဲ့
ထည့်ပြီး စက်ဘီးခြင်း ထဲထည့်ယူသွား၊
ဟိုမှာရှိပြီးသားအ၀တ်အသုံးအဆော င်တွေကို
တစ်ခါထည်းဖြည့်ပြီး အဲဒီနေရာကနေ
ထွက်ဖို့လုပ်ရတာ။ နိုင်ငံရေးလှုပ်ရှားဖက်ကျောင်းသားတွေထဲက
လုပ်ဖော်ကိုင်ဖက်တွေကိုတောင်
အားလုံး အသိပေးခဲ့တာမဟုတ်ဖူး။
တကယ်သွားမယ့်သူနဲ့ သွားတဲ့သူအဆင်ပြေအောင်ထွက်နှိုင် ရေး
စီစဉ်ပေးမယ့် သူတွေလောက်ပဲ
သိကြတယ်။
မသွားခင်ည… ကျနော်တို့အစီအစဉ်ကို သိထားတဲ့
သူငယ်ချင်းတွေအားလုံးလေးငါးယော က်လောက်ရှိမယ်၊
သူတို့က ကျနော်တို့မသွားခင်နှုတ်ဆက်ပွဲလု ပ်မယ်ဆိုတော့
မြို့မှာဖွင့်ထားတဲ့ စားသောက်ဆိုင်တစ်ခုမှာ
အရက်ဝိုင်းဖွဲ့ပြီး နှုတ်ဆက်ပွဲလုပ်ဖြစ်ကြတယ်။
ဖြစ်ချင်တော့ ကျနော်တို့နဲ့သုံးလေးစားပွဲကျော်လောက်မှာ
ရဲ ထောက်လှမ်းရေးတစ်ယောက်
လာထိုင်တယ်။ သူလည်းဘီယာမှာသောက်ပေါ့။
ကျနော်တို့ သောက်ကြစား ကြရင်း
တဖြည်းဖြည်း အသံတွေကျယ်လာတယ်။
ကောင်းလာကြပြီလေ။ အဲဒီအထဲ
ကျနော်တို့ထဲက တစ်ယောက်က
ဆတ် ကနဲထပြီး ဟိုရဲထောက်လှမ်းရေးဆီကိုသွားနှု တ်ဆက်တယ်။
“ကျနော်တို့ မနက် သွားကြတော့မှာ။
အဲဒါခင်ဗျားကိုလာနှုတ်ဆက်တာ”
ဆိုဘဲ။ ကျနော်လည်း တားမရတော့ပြီမို့
မသိချင် ယောင်ဆောင်ပြီး ဆက်သောက်နေလိုက်တယ်။
အဲဒီရဲထောက်လှမ်းရေးကလည်း
သူတို့အပတ်ခံရ တာများပြီဆိုတာက
တစ်ကြောင်း၊ ကိုယ့်လူရဲ့မူးကြောင်ရူးကြောင် ပုံစံကြောင့်တစ်ကြောင်းကြောင့်
သူက ကျနော်တို့အဖွဲ့ထဲကသူ
က တကယ်ပြောနေတယ်မထင်ဘူး။
အဲဒါလည်း ကံကောင်းသွားတယ်။
နောက်ပိုင်း ကျန်ခဲ့တဲ့သူတွေကိုသူက
အဲဒီနေ့ကအဖြစ်အပျက်အကြောင်း
မကြာခဏပြောလေ့ရှိတယ်တဲ့။
သူလုံးဝ မထင်လိုက်မိလို့
ကျနော်တို့လွတ်သွားတဲ့အကြောင်းေ ပါ့။
ည ၁၁ နာရီကျော်တော့မှ ကျနော်တို့အားလုံးထ
ကြတယ်။ တစ်အုပ်လုံး စက်ဘီးတွန်းတဲ့သူတွန်းလမ်းလျှော က်တဲ့သူလျှောက်
ပြန်လာကြရင်း တစ်ယောက် က မျက်ရည်ဝိုင်းပြီး
ကျနော့ကိုမသွားဖို့ ပြောတယ်။
ကျနော်လည်း ဆုံးဖြတ်ပြီးသားအလုပ်ကို
အနှောက် အယှက်မလုပ်စေချင်တာပြောပြီး
စကားမြန်မြန်ဖြတ်၊ အိမ်ပေါ်တက်ခဲ့တယ်။
ဒီနှုတ်ဆက်ပွဲမှာပါပြီး ကျန်ခဲ့ကြ
တဲ့ သူငယ်ချင်းရဲဘော်တွေ
တစ်ချို့နောက်ပိုင်းထောင်ကျြ ကတယ်။
သူတို့နဲ့ အနှစ် ၂၀ ကျော် ပြန်မဆုံဖြစ်
တော့ဘူး။
ကျနော်အိမ်မှာအိပ်တဲ့ကုတင်က
အဖေနဲ့အမေတို့အခန်းဝမှာ။ အခန်းဖွဲ့ထားတာမဟုတ်တဲ့နေရာမှာ
တစ် ယောက်အိပ်ခြင်ထောင်လေးချပြီးအိ ပ်တာ။
ကျနော်မနက် အိမ်ကထွက်တော့မှာမို့
အဲဒီညက တော်တော်နဲ့ အိပ်မပျော်ပါ။
သက်ပြင်းတိုးတိုးချမိတာလဲ
ဘယ်နှစ်ကြိမ်မှန်းမသိတော့ဘူး။
မနက် ၉ နာရီခွဲလောက်မှာ သူငယ်ချင်းတွေနဲ့
တစ်နေရာမှာစုဆုံပြီး အတူတူသင်္ဘောဆိပ်ကိုဆင်းကြမယ်ဆြို ပီးချိန်းထားခဲ့ပြီ။
ဖေဖေနဲ့ မေမေတို့ကိုလည်း
ဒီခရီးစဉ်ကိုအသိမပေးရဲတော့
အဲဒီညသန်းခေါင်ကျော်လောက်
ဖေဖေမေမေတို့ အိပ် မောကျတဲ့အချိန်မှာ
ကုတင်ပေါ်ကဆင်း မိဘတွေရဲ့အခန်းဝက
ဒူးထောက်ပြီး စိတ်ထဲကရည်ရွယ်ရင်း
တိတ် ဆိတ်စွာနှုတ်ဆက်ကန်တော့ခဲ့တယ်။
ဒါဟာ ကျနော့ဘ၀မှာ အမေ့ကိုနောက်ဆုံးနှုတ်ဆက်ခြင်ြး ဖစ်ခဲ့တယ်။
0 comments:
Post a Comment