Thursday, October 18, 2012

သို့..ဒေါင်း..မနက်ဖန်

ခွပ်ဒေါင်းအနီတွေရဲ့ အကြောင်း
ကျောင်းတော်ကြီးက စောင်းတွေ
အဲဒီလက်တွေနဲ့ ဟို ဟိုထောင်ထဲသွားပြီး
သံတိုင်တွေကို ကိုင်ခဲ့ကြတယ်...ယုံကြည်ချက်နဲ့ ပေါ့
အဲဒီလက်တွေနဲ့ ဟို ဟိုတောထဲသွားပြီး
သေနတ်တွေကိုင်ခဲ့ကြတယ်...ယုံကြည်ချက်နဲ့ပေါ့

ခုချိန်ခါ ဥပုဒ်ဆောင်ဝင်
ရတနာမိုးမျှော်သူ ဂါတာမန္တာန်ရွတ်နေတုန်း
ဒေါင်းတွေ ပြန်ကဖို့ရန် အချိန်တန်
ကြမ္မာတံခါးလေးကလည်း တဟဆိုတဟလေး
စောင်းကြိုးတွေကို ညှိ
ပွင့်လင်းလူ့ဘောင် အောင်ကြောင်း ပီပြင်စွာဖြစ်ထွန်း
စု၊ ဒေါင်း၊ ခေတ်ဆောင်၊ ဗျူဟာတွေပြောင်းပြီး
အို ချစ်ဒေါင်း အပေါင်းတို့
စစ်ကြောင်း အသစ်ပြင် ညှင်သာစွာနဲ့ ဖွင့်။   ။

ယမထာလုလင်
အလုံ (၆) ပုသိမ် (၃) ခေတ္တ မဲလ်ဘုန်း

0 comments: