Tuesday, September 4, 2012

ဇာတ်လိုက်

ဖာပွန် ငှက်ဖျားက အရမ်းကြမ်းတယ်
တာဝန်ရဲ့အားက အရမ်းစွမ်းတယ်
ဟိုတုန်းက အဲဒီလို
တပ်မတော်သားတစ်ယောက်က ပြောခဲ့သလို
သူပုန်တစ်ယောက်ကလည်း ပြောခဲ့တာပဲ။

ငါတို့ရဲ့
အချစ်တွေသေခဲ့တဲ့စစ်မြေရဲ့
နှစ်ရှည်သချိုင်းထဲက
လျှောက်ထွက်ခဲ့တယ် မနက်ဖန်ရဲ့လမ်းပေါ်ဝယ်
ယမ်းခိုးတွေ လွင့်ပျယ်စရဲ့ ခေတ်သစ်ဦး
ပန်းမျိုးဝေ ပွင့်ထည်ရမဲ့ အချစ်နှစ်ကူးချိန်
ဘဝရဲ့နောက်ကျောမှာ ဘဝတစ်ဝက်ပြိုလွင့်ပါးပျက်ယွင်း
ဘဝရဲ့နောက်ကျောမှာ သေနတ်တစ်လက်ကိုပစ်ထားခဲ့ရင်း
အလင်းလမ်းအောက် နင်းလှမ်းလျှောက်ခဲ့တယ်
ဂျိုင်းထောက်တစ်ဖက် ခြေထောက်တစ်ဖက်နဲ့

ဇာတ်လိုက်ကို
ဖြတ်ရိုက်လိုက်တဲ့ စကားက
ငမိုက်သား တဲ့
(အေး... ပြောကွာ)
စစ်ရဲ့အမွေကို မချစ်ခဲ့ရင်နေပါ
အသစ်ယာမွန်အတွက် ခေတ်တာဝန်ကို မင်းကျေပါစေ။   ။

သုအိုင်စံ
၀၄-၀၉-၂၀၁၂

0 comments: