ပစ်မှတ်က
သချိုင်းတစ်ခုစာ
ထွက်ပြေးသွားသည်။
ကျည်ဆံက
ဘဝတစ်ခုစာ
ရှေ့တိုးလိုက်သည်။
တော်လှန်သူက
ယုံကြည်ချက်တစ်ခုစာ
ပေးဆပ်ရင်းသည်။
အောင်မြင်မှုက
အနာဂတ်တစ်ခုစာ
တာဝန်အပ်သည်။
ဒီနေရာရောက်တဲ့အထိ
သူရဲကောင်းတွေ ကျန်သေခဲ့ပြီ
အမှောင်ထဲမှ လှမ်းလျှောက်ချီ။
ဒီနေရာရောက်တဲ့အထိ
သူရဲကောင်းတွေ ကျန်နေသေးသည်
အောင်ပွဲ ရသ လန်းတောက်ပြီ။
တော်လှန်ရေးသမားတို့ဘဝရဲ့
အရိုင်းသွေးကာရန်
အလျှော်ပြန်ပေးသွားလို့မရတဲ့
သမိုင်းပေးတာဝန်ပဲ။
မနက်ဖန်များ...ပုံရုပ်လုံးကြွဖို့
လက်ကျန်အား...အကုန်ထုတ်သုံးကြစို့...ရဲဘော်...။ ။
(လက်ရှိ မြန်မာ့နိုင်ငံရေးအား မီးမောင်းထိုး ရေးဖွဲ့သည်။)
သုအိုင်စံ
၂၁.၀၃.၂၀၁၂
မြန်မာ့ရေးရာ သတင်းပဒေသာ (၂၃-၅-၂၀၁၃ - ညပိုင်း)
-
- ရခိုင်အစီရင်ခံစာ အပြစ်အနာဆာများဟု အာရှလူ့အခွင့်အရေးကော်မရှင် ဝေဖန် click
- သံဃာတော်တပါး သေဆုံးမှုဖြင့် ထောင်ချခံရသူအချို့ အယူခံဝင်မည် click
- ဘင်္ဂါလီဒုက္ခသည...
6 hours ago

0 comments:
Post a Comment