Sunday, September 16, 2012

ရာနှုန်းပြည့်

တရား မကြုံသေးလို့
တရားဘုံကို သိပ်လှမ်းတယ်
ဝေဟင်နှင့်တူ၏

အမှား မကုန်သေးလို့
အမှားဇုံကို သိပ်ကျွမ်းတယ်
မြေပြင်နှင့်တူ၏

လူသားသည်
ဝေဟင်မှာ မဖြတ်သန်းနိုင်ပါ
လူသားသည်
မြေပြင်မှာ ရပ်စွမ်းနိုင်ပါသည်

တရားလွဲပြီး
အမှားမြဲ၏။   ။

သုအိုင်စံ
၁၆-၀၉-၂၀၁၂

0 comments: