Saturday, August 25, 2012

လှသော ကြက်ခြေခတ်များ


ဘဝက အသိတရား မကြွယ်ဝ
အနတ္တ အရှိတရားကို ပယ်ချ
သတ်မှတ် ကတိတရားတွေ ကွယ်ပျ

ရပ်ပြီးတော့ တွေ့အောင်တားတယ်
ကပ်ပြီးတာ့ ကွေ့ရှောင်သွားတယ်
ထပ်ပြီးတော့ မေ့အောင်မှားတယ်

အလင်းရောင်စိတ်နဲ့ ခင်းထားပေးတယ်
အငြင်းဆောင်စိတ်နဲ့ နင်းသွားခဲ့တယ်
အချင်းဆောင်မိတ်မပျက် စင်းလျားလျှက်ပဲ

လမ်းများဝယ် စေတနာ မွန်မြတ်စွာ
လှမ်းသွားတယ် ဝေဒနာ သွန်ချကာ
ထမ်းထားတယ် မြေကမ္ဘာ အခွန်မရပါ

ငိုယိုလာသလား ကြိုဆိုပါတယ်
ပျော်ရွှင်လာသလား ခေါ်ငင်ပါတယ်
ခွေးကျင့်ခွေးကြံနဲ့လူတွေအတွက်
ခွေးဖြစ်ခွေးခံဆိုတဲ့မူတွေရှိတယ်
လာခဲ့။   ။

သုအိုင်စံ
၂၂-၀၈-၂၀၁၂

0 comments: