Saturday, August 4, 2012

သင့်တရားခွင်မှာ စီရင်ပေးပါ

မိခင်စိတ်က
ဝိသမ မဖက်
သောကဖြစ် ဆို့နစ် ရင်မှာ
ဝေဒနာရှင် သားလက်ကို
သစ္စာဆိုလွတ်ခဲ့သည်။

သားတရား စီရင်တဲ့
ပညာရှင် မဟော်သဓာ
ငါတို့ လယ်ယာမြေ လွန်ဆွဲပွဲ
အားနဲတဲ့ အမေ့လက်မှာ
တရားကူဆွဲ အဖြေထုတ်
မြေဖုတ်စောရ
ဘီလူးမကို
ဆုံးမရန်အတွက်
သင့်တရားခွင်မှာ စီရင်ပေးပါ။

ခွန်တာဇံ
သြဂုတ်လ ၃ ရက်၊၂၀၁၂။

လယ်ယာမြေ ပြန်လည်ရရှိရေး တောင်းဆိုတိုက်ပွဲဝင်မှုသို့

0 comments: