Saturday, July 28, 2012

စေ့စပ်ရဲဘော်နဲ့ လက်ဆွဲနှုတ်ဆက်လမ်းခွဲ ကျောခိုင်း၍တစ်ခွန်းဆဲမိတယ်( -ီးပဲ)

ဒါ နေ့စဉ်ပြဿဒါးတွေ ငါ တွေ့မြင်ဖြတ်သွားနေပါ၏
အလှအားကာင်းပေ့များ ဘဝတပါးပြောင်းရွှေ့သွားစဉ်
ဘဝကြို ဘဝကြားမှာ ငါ့ကို ခြစားနေပြီ ရဲဘော်

သင်ဟာ သစ္စာသွေးကတိအား တမင်တကာ ပစ်ခွာပြေးသည့်မျှားလား
ပစ်မှတ်သေတွေ ရစ်ပတ်ခွေနေတဲ့ ပစ္စက္ခမြေမှ စစ်ကကြွေကျလာတဲ့ ငါ
ရာသီ နိုင်ငံရေး အပူအလောင်ဒဏ် မိထားတယ်
မြန်မာပြည် ခိုင်သန်ရေး ထူထောင်ရန် အသိပွားတယ်

နောက်တန်းဗျူဟာကို စောက်ရမ်းတွေချည်းပဲ ပြန်ပြန်ညာနေတဲ့ အပျင်းကြီး စစ်ကြောင်းနဲ့
ခေတ်သစ်ကောင်းအောင် အသစ်သစ်ပြောင်းအောင် မမောင်းနိုင်ဘူး နှစ်သစ်တွေချောင်းကူးသွားပြန်ပြီ
ဒီဘဝရဲ့နေ့လည်ခေါင်ဟာ ဓနလိုလို ဓမ္မလိုလို နောင်တလိုလို တဘောင်မသလိုလိုတွေနဲ့လာတွေ့တတ်တယ်လို့

(နောက်ပြောင်ပြောသလိုဗျာ) အဖော် ပြန်ပြေးတာ တော်လှန်ရေးလား (တကယ်ဖြစ်ခဲ့တယ်)
(နောက်ပြောင်ပြောသလိုဗျာ) အဖော် ချန်ပြေးတာ တော်လှန်ရေးလား (တကယ်ဖြစ်ခဲ့တယ်)
(အနောက်တောင်ကြောလျှိုမှာ) အတော်အတန် အဝေးမှာ တော်လှန်ရေးသမား (တကယ်ဖြစ်လျှက်ပဲ)

တရားများကို ငှားစားတဲ့ ဘုရားများရဲ့ပိုင်ရှင်ဟာ ငါပါ...(ငါဟာ အမှားမတိုးတော့ဘူး)
ဓါးသွားကို ဝါးစားတဲ့ သွားများရဲ့ပိုင်ရှင်ဟာ ငါပါ...(ငါဟာ သွားမကြိုးတော့ဘူး)
အမျိုးသားရေးအတွက် ကြိုးစားသွေးခဲ့ ငါ့ဓါးနဲ့ ငါ့ကိုယ်ငါလုပ်ခိုင်းပြီး ငါ့ကိုယ်ငါခုတ်ပိုင်းဖို့လား
(သွားပါ) နှုတ်ဆက်မသွားပါနဲ့ နှုတ်ထွက်မသွားပါနဲ့ (သွားပါ) အလုပ်ရဲ့တရားပဲ အလုပ်ရဲ့အားပဲ

(သွားတော့ကွာ) နောက်လှည့်တွေဝေ လာငြိမနေနဲ့တာ့ စောက်ခွက်တွေကို ငါမကြည့်ချင်တော့ဘူး ( -ီးပဲ)။   ။




(တောထဲမှ ငါချစ်သောရဲဘော်များသို့အလွမ်းစာ)
သုအိုင်စံ
၂၈.၀၇.၂၀၁၂

0 comments: