Monday, July 30, 2012

ဂရိပုံပြင်ထဲကလူ

စက်ဝိုင်းခြမ်းလို
ထက်ပိုင်းခြမ်းခံရ

ကွင်းတစ်ဝက်ထဲမှာ
တစ်သင်းလုံးထဲ့ထားခံရ

အဖိုက အမကို
လိုအပ်သလို

အမက အဖိုကို
ထပ်လိုပြန်တယ်

နေ့က ညကို
ရှေ့က ရပ်ကြို

ညက နေ့ကို
တသသ ပွေ့ကြို

အမဲက အဖြူကို
တွဲ ထ ထူတယ်

အဖြူက အမဲကို
ကူ ရပ် ဆွဲတယ်

အလင်းအမှောင်လိုဖက်တွယ်
အဆင်းအရောင်လိုယှက်နွယ်

သုံညသဏ္ဍာန်များ
ဘုံဘဝစံစားတယ်။  ။

သုအိုင်စံ
၂၉.၀၇.၂၀၁၂

0 comments: