Thursday, July 19, 2012

ကြယ်တွေက ဝေးဝေးမှာ ကျန်ရစ်တဲ့အခါ

ကြယ်တွေ ကြွေလွင့်သွားကြတဲ့နေ့မှာ
ကြယ်များ ရင်ခွဲပြကြတယ်
သူတို့ရင်ထဲက နာကျင်မှုကို ငါတို့  ဘယ်လိုသရုပ်ခွဲရက်ပါ့မလဲ။

ကြယ်တံခွန်တွေက မြစ်တွေကို နေ့စဉ်နေ့စဉ် ကြည့်တယ်၊
ကြယ်တွေကြွေတဲ့နှစ်မှာ၊
မြစ်တွေ နှစ်စဉ်နှစ်စဉ် စိတ်တွေတ၀က် လွှင့်ထူတယ်။

၂၀ ရာစု ရွေ့သွားပါပြီ၊
ပျော်ချင်ယောင်ဆောင်သူတို့
ပျော်ဖို့ အင်မတန်ခက်ခဲတယ်။

0 comments: