တသုတ်စီ
ပါရမီရှင် ကြီး/သေး အားလုံးသည်
နာရီစင်ကြီးဘေးနား ကျဆုံးသွားပြီ
တစ်စစီ
ဘဝရဲရဲတောက်ပ နေရောင်လို အချိန်တွေသည်
ညငရဲအောက်က တစ္ဆေတစ်ကောင်လို ဇီဝိန်ချွေပြီ
သဘောတူကြပါစို့
တောင်တန်းမှာ
အမှောင်လွှမ်းသွားတာပါပဲ
သဘောတူကြပါစို့
မြေပြင်မှာ
နေဝင်သွားတာပါပဲ
ပင်လယ်မှာ
စင်ကြယ်နေတယ်မင်း
သမုဒ္ဒရာပြင်မှာ
ရုပ်လာထင်တယ်မင်း
အထက်ကောင်းကင်ယံတခိုမှာ
အနက်စောင်းစင်သံ ချိုလွင်နေတဲ့မင်း
မြင်ရသောတရားစဉ်
အရင်ကဖွားမြင်ခဲ့မယ်
ထင်ရသောအတွေးစဉ်
အရင်ကမွေးရှင်ခဲ့မယ်
အခုကစကြည့်သွားလေ
တခုမှမရှိတဲ့တရား သေ
မင်းလျှောက်မရှာပါနဲ့
အလင်းရောက်မလာတော့ဘူး
မျက်လုံးအစွမ်း
တစ်သက်လုံးကန်းသွားတာလား
တစ်သက်လုံးကန်းခဲ့တာလား
ပညာပြခံရစဉ်အမေးကို
သံင်္ခါရသံစဉ်တေးဆိုထွက်သွားတဲ့ ဂျစ်ပစီ။ ။
သုအိုင်စံ
၁၃.၀၇.၂၀၁၂
မြန်မာ့ရေးရာ သတင်းပဒေသာ (၂၃-၅-၂၀၁၃ - ညပိုင်း)
-
- ရခိုင်အစီရင်ခံစာ အပြစ်အနာဆာများဟု အာရှလူ့အခွင့်အရေးကော်မရှင် ဝေဖန် click
- သံဃာတော်တပါး သေဆုံးမှုဖြင့် ထောင်ချခံရသူအချို့ အယူခံဝင်မည် click
- ဘင်္ဂါလီဒုက္ခသည...
2 hours ago

1 comments:
Hi looks so impressive and interesting blogs, come and visit us back too:
http://motors.com.mm/?utm_campaign=mot_mm_lb_blog_mgesc&utm_source=mot_lb_blog&utm_medium=lb_blog
Post a Comment