Tuesday, July 10, 2012

သဲလွန်စကို ဦးညွတ်သောခြေရာ

လွတ်လပ်ကောင်းကင်မှာ
ပျံသန်နေတဲ့လွပ်လပ်ငှက်တကောင်
ဘယ်သီချင်းတွေ နားထောင်နေပါသလဲ။

ငါတို့ကို ဖြိုချလိုက်တဲ့
ဇူလိုင်သတ်ဖြတ်မှုကြီးကို ဘယ်သူအမိန့်ပေးခဲ့တာလဲထက်
ဦးစွာ ၇ ဇူလိုင်ကျောက်တိုင်းမှာ
ဝမ်းနည်းကြေကွဲစွာ
အလံနက်တွေနဲ့ ပြည့်လျှံကြမယ်။

ငါတို့ရဲ့လွမ်းသူပန်းခွေမှာ
မပျံသန်းနိုင်တဲ့အလွမ်းသီချင်းတဗုဒ်နဲ့အတူ
တိမ်တိုက်နဲ့တောင်တန်တွေကြေကွဲဖို့
ခေတ်အဆက်ဆက် ကြားနေရတဲ့ အသက်ရှူသံတွေ ငိုရှိုက်လို့။

ကမ္ဘာမဆန်တဲ့ဦးနှောက်တွေကို
စိတ်တွေကိုသိတဲ့ အသက်ရှုသံပိုင်ရှင်ရဲ့ မျက်လုံးမျိုးနဲ့
ကိုမင်းကိုနိုင်ရဲ့ နောက်ကြည့်မှန်ထဲကို ကြည့်တယ်။

အမှန်တရားကို ငယ်ငယ်တုန်းကလို ချစ်သလိုမျိုး
မယုံကြည်နိုင်စရာ အဖြစ်အပျက်တွေအတွက်
မြေခွေးရဲ့ရယ်သံတွေကို
ဘုရားသခင်ရဲ့သိက္ခာတော်တွေနဲ့ ကျိန်စာတိုက်ဖို့
ဒေါသဖြစ်နေတဲ့ဝိညာဉ်တွေကိုနှစ်သိမ့်ဖို့
နွေဦးရဲ့ပြတင်းပေါက်ကို ဖွင့်ပစ်ကြ။

စကားခပ်များများနဲ့လမ်းလျှောက်ထွက်တတ်တဲ့
ငါတို့ရှိရာ
ကျောပေးထားတဲ့ နံရံရှိရာ
နေ့လည်နေခင်းကြယ်တွေ လာဖို့
ပန်းတွေ ပွင့်ပြမယ်။

စိတ်နဲ့တည့်ရာ အရာမှန်သမျှ ပစ်မချရဘူး
လူငယ်တွေကို ဦးစားပေးရတဲ့ခေတ်မှာ
အရာရာလွတ်ချပြီမှ စိတ်ချလက်ချနေနိုင်ပြီး
ပြီးနောက် ...
ရွှင်မြူစရာနေ့တနေ့ရဲ့ တမျှော်တခေါ်လွင်ပြင်မှာ
ငါတို့အိမ်မက်တွေကို လွတ်ကျောင်းကြ။

0 comments: