Wednesday, June 6, 2012

ရမှတ်နည်းတဲ့ဘာသာ

အဖေမဲ့သားက
အဖေရဲ့ဓါးကို ဆောင်လို့
စစ်ထဲမှာ

အမေမဲ့သမီးက
အမေရဲ့နာကျည်းချက်ကို မှတ်လို့
စစ်ထဲမှာ

အစ်ကိုမဲ့ဘဝနဲ့ညီက
အစ်ကိုရဲ့ သေနတ်ကို ချီလို့
စစ်ထဲမှာ

သူငယ်ချင်းမဲ့သူငယ်ချင်းက
သူငယ်ချင်းရဲ့ M16 ကို လွယ်လို့
စစ်ထဲမှာ

အမုန်းရန်တွေ မရပ်စဲ
ဗုံးဆံတွေ ကျကွဲလို့
စစ်ထဲမှာ

လူမဲ့ရွာတွေ ပျက်ဆွေးလို့
ရွာမဲ့လူတွေ ထွက်ပြေးလို့
စစ်ထဲမှာ

ဖိနှိပ်မှုကို
အသိစိတ်နဲ့ကုတဲ့အခါ
စစ်ထဲမှာ
ရန်ကြွေးများ
ပြန်မွေးဖွားလာတယ်
စစ်ထဲမှာ

ဘဝကိုဘဝနဲ့ခုတ်ထစ်တယ်
စစ်ထဲမှာ
သေနတ်ကိုသေနတ်နဲ့ထုတ်ပစ်တယ်
စစ်ထဲမှာ

စစ်ရဲ့အနိဌာရုံဟာ
ခေတ်ရဲ့သိက္ခာဂုဏ်ပဲ
စစ်ထဲမှာ

အိုကေ
စစ်ကို ပင်စင်ပေးရမယ်
ခေတ်ကို စင်စင်ဆေးရမယ်
ငြိမ်းချမ်းရေး
ခွေးရူးကိုလည်း ရအောင် လက်ပေးသင်ရမယ်။   ။

သုအိုင်စံ
၀၇.၀၆.၂၀၁၂

0 comments: