Sunday, June 10, 2012

ရခိုင်ပြည်နယ်အခြေအနေ (ဇွန်လ ၁၀ ရက် ၂၀၁၂ခုနှစ်) - စစ်တွေတွင် ပစ်မိန့်ပေး

မြန်မာစံတော်ချိန် ၁ နာရီ ၄၉ မိနစ်

စစ်တွေ ဆူပူ အကြမ်းဖက်မှု တစ်ဦးသေ သုံးဦး ဒဏ်ရာရ
ရိုဟင်ဂျာ အဓိကရုဏ်း ကူးစက်နေပြီဖြစ်သော စစ်တွေမြို့တွင် ဘင်္ဂါလီလူမျိုးများ၏ ဆူပူ အကြမ်းဖက်မှုကြောင့် ယနေ့ နံနက် ၁၀ နာရီ ၀န်းကျင်တွင် စစ်တွေမြို့ မင်းဂံရပ်ကွက်တွင် ရခိုင်တိုင်းရင်းသား တစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားကြောင်း ဒေသခံများထံ ဆက်သွယ်မေးမြန်းချက် အရသိရှိရသည်။
မင်းဂံရပ်ကွက် အကွက် (၁) ကို ဘင်္ဂါလီလူမျိုးများ ယမန်နေ့ ၁၂နာရီခန့်တွင် ၀င်ရောက် မီး ရှို့ ဖျက်ဆီးမှုကြောင့် ဗလီတစ်ခု အပါအ၀င် အိမ်ခြေ ၄၀ကျော် ပျက်စီးသွားပြီး အဆိုပါ အစ္စလာမ်ဘာသာ ၀င် ဘင်္ဂါလီလူမျိုးများသည် ယနေ့မနက် ငါးနာရီခန့်တွင် ဝေသာလီ အားကစားကွင်း အနီးရှိ ရထားဘူတာမှ မြို့ ပတ်ရထားကို မီးရှို့ဖျက်စီးနေစဉ် ရဲတပ်ဖွဲ့ဝင်များ အချိန်မီ တားဆီးနိုင်ခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

စစ်တွေမြို့ လုံခြုံရေးအင်အားမှာ အားနည်းနေကြောင်း၊ တပ်မတော်သားနှစ်ဆယ် ၀န်းကျင်၊ ရဲတပ်ဖွဲ့ဝင် ၃၀၀ ၀န်း ကျင်သာရှိကြောင်း၊ ယင်းအင်အားနှင့် လက်ရှိဆူပူနေမှုကို ထိန်းသိမ်းတားဆီးရန် ခက်ခဲနေကြောင်း ရခိုင် တိုင်း ရင်းသား တိုးတက်ရေးပါတီမှ ပါတီဝင် တစ်ဦးက ဆိုသည်။

“မင်းဂံမှာ လုံးဝထိန်းမနိုင်ဘူးဖြစ်နေတယ်။ အရမ်းဆူနေတယ်“ ဟု ၄င်းက လက်ရှိ အခြေအနေကို ရှင်းပြသည်။

လက်ရှိ စစ်တွေမြို့တွင် ဘေးလွတ်ရာထွက်ပြေးနေရသော ရခိုင်တိုင်းရင်းသား ဒုက္ခသည် ၆၀၀ ၀န်းကျင်ထိရှိနေပြီ ဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

စစ်တွေ ဆူပူမှု သေနတ်ပစ် ထိန်းသိမ်းခွင့် အမိန့်ထုတ်
ဆူပူ အကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပေါ်နေသော ရခိုင်ပြည်နယ်ရှိ မြို့တော် စစ်တွေမြို့တွင် ဆူပူအကြမ်းဖက် မှု အခြေအနေများကို ထိန်းသိမ်းရန် သေနတ်ပစ် ထိန်းသိမ်းခွင့် အမိန့် ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း ဒေသခံများ က ပြောကြားသည်။

“သေနတ် စပစ်နေပြီ“ ဟု ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီမှ ပါတီဝင်တစ်ဦးက ဆိုသည်။

စစ်တွေမြို့ ကန်တော်ကြီးရပ်ကွက်တွင် ဆူပူ အကြမ်းဖက်မှုတွင် ရခိုင်တိုင်းရင်းသားများနှင့် အစ္စလာမ်ဘာသာဝင် ဘင်္ဂါလီလူမျိုးများ အပြန်အလှန် သတ်ဖြတ်မှုများကြောင့် ရခိုင်တိုင်းရင်းသား တစ်ဦးသေဆုံးပြီး တစ်ရာကျော် ဒဏ်ရာရှိသွားကြောင်း၊ အစ္စလာမ်ဘာသာဝင် ဘင်္ဂါလီလူမျိုး နှစ်ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ အနည်းငယ်ရှိ ကြောင်း ဒေသခံများက ပြောကြားသည်။ကိုးကား - The Voice
ဘင်္ဂါလီအများစု နေထိုင်ရာ ရွှေပြားရပ်ကွက်ကို ဘင်္ဂါလီများက ကိုယ်တိုင် မီးရှို့ပြီး ထွက်ပြေးသွား
----------------------------------
မြန်မာစံတော်ချိန် ၁ နာရီ

မောင်တောမြို့နှင့် ပတ်သက်ပြီး လတ်တလော ထပ်မံသိရှိရသော သတင်းများအရ ဘင်္ဂါလီ ရိုဟင်ဂျာများ၏ အကြမ်းဖက်မှုကြောင့် သရေကုန်းဘောင်ရွာတွင် လူသုံးဦး သေဆုံးခဲ့ပြီး သေဆုံးခဲ့သူများမှာ ဦးချမ်းသာ (အသက် ၄၀ ကျော်)၊ ဦးအောင်သိန်းလှ (အသက် ၅၀နှစ်)၊ ဦးဘတိုး (၇၂ နှစ်) တို့ ဖြစ်ကြပါသည်။

မောရ၀တီရွာတွင် နှစ်ဦးသေဆုံးခဲ့ပြီး ဦးစံထွန်း (၃၈နှစ်) နှင့် ဦးသာတိုးအောင် (အသက် ၆၀နှစ်) တို့ ဖြစ်ပါသည်။ ရွှေရင်အေးရွာတွင်မူ လူငါးဥ
ီး သေဆုံးခဲ့ပြီး သေဆုံးခဲ့သူများအနက် သုံးဦးသည် ဘုန်းကြီးကျောင်းသားများဖြစ်ကာ ကျန်နှစ်ဦးမှာ ရွာသားများ ဖြစ်ပါသည်။

 ရွှေရင်အေးရွာရှိ ဘုန်းကြီးကျောင်းမှာ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ရဟန်းတစ်ပါးမှာလည်း ဓားဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါသည်။ လက်ရှိအချိန်တွင် ရွှေရင်အေးရွာရှိ ဘုန်းကြီးကျောင်းနှင့် ထိုအနီးအနားရှိ ဘုန်းကြီးကျောင်းများမှ ရဟန်း ၁၅ ပါးမှာ လေးမိုင်ရဲတပ်ရင်းရှိ ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိနေသည်ဟု သိရပါသည်။ ကိုးကား - Eleven Media Group 
----------------------

စစ်တွေတွင် ပစ်မိန့်ပေးပြီ

ဇွန်လ ၁၀ ရက် ၂၀၁၂ခုနှစ်။ မြန်မာစံတော်ချိန် ၁၂ နာရီ ၄၅ မိနစ်

အကြမ်းဖက်သူ ဘင်္ဂါလီလူစုလူဝေးသည် စစ်တွေမြို့မင်းဂံရပ်ကွက်ဘက်မှ မြို့ထဲသို့ ၀င်ရောက်လာမည့် အန္တရာယ်ကြုံတွေ့နေရပြီးနောက် လွန်ခဲ့သည့် မိနစ်ပိုင်းတွင် လုံထိန်းရဲတပ်ဖွဲ့အား ပစ်မိန့်ပေးလိုက်ပြီဖြစ်ကြောင်း၊ လုံထိန်းရဲတပ်ဖွဲ့ဝင်များက အသံချဲ့စက်များဖြင့် သတိပေးနေကြောင်း စစ်တွေမြို့ခံတဦးက YPI သို့ပြောသည်။

ရထားသံလမ်းတလျှောက် မြို့ထဲဘက်သို့ ဦးတည်လာနေသည့် လူစုလူဝေးကို လုံထိန်းရဲများက တားဆီးထားလျှက်ရှိပြီး ရှေ့ဆက်တက်လာပါက ပစ်ခတ်ရမည်ဟု သတိပေးလျှက်ရှိသည်ဟု ဆိုသည်။

လုံထိန်းရဲတပ်ဖွဲ့ဝင်များကို စစ်တွေမြို့ခံ ရခိုင်အမျိုးသားများက အကူအညီပေးနေသည်ဟုလည်း သိရသည်။ ကိုးကား - Yangon Press International 
-------------------------------------
မောင်တောမြို့နှင့် ဘူးသီးတောင်မြို့တို့တွင် ယမန်နေ့နံနက်ပိုင်းမှ စ၍ အခြေအနေကို ထိန်းသိမ်းထားနိုင်ပြီဖြစ်ကြောင်း နိုင်ငံပိုင် ရုပ်သံမှ ကြေညာခဲ့သော်လည်း  အလယ်သံကျော်ကျေးရွာ ရဲစခန်းကို အကြမ်းဖက်သူ ဘင်္ဂါလီလူစုလူဝေးက သိမ်းပိုက်ထားလိုက်သည့် သတင်းများ မောင်တောမြို့သို့ ၀င်ရောက်လာပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များ ရဟတ်ယာဉ်ဖြင့် သွားရောက်နေသည်ဟု မောင်တောမြို့ခံက YPI သို့ပြောသည်။

မောင်တောနှင့် အလယ်သံကျော်ကျေးရွာအကြား တံတားကိုလည်း ယခုရက်ပိုင်း အကြမ်းဖက်မှုများပေါ်ပေါက်ပြီးနောက် ဘင်္ဂါလီအကြမ်းဖက်သူများက ဖျက်ဆီးထားကြသည်ဟု မောင်တောမြို့ခံက ပြောသည်။

ယင်းရဲစခန်းအတွင်း ခိုလှုံနေသည့် နတလ ကျေးရွာများနေ ဗမာလူမျိုးများနှင့် ရခိုင်လူမျိုးများ ခိုလှုံနေသဖြင့် ၎င်းတို့၏ အခြေအနေကိုလည်း စိုးရိမ်လျှက်ရှိကြသည်။

နတလ ကျေးရွာများဆိုသည်မှာ ဦးခင်ညွှန့်လက်ထက်တွင် ရန်ကုန်နှင့် အခြားမြို့များမှ ဘင်္ဂါလားဒေ့ရှ် နယ်စပ်တွင် သွားရောက် အခြေစိုက်စေခဲ့သည့် ဗမာကျေးရွာများဖြစ်သည်။

အလယ်သံကျော်ကျေးရွာမှာ မောင်တောမြို့မှ ဆိုင်ကယ်ဖြင့် ၁ နာရီသာသာမောင်းနှင်ရသည့် အကွာအဝေးတွင်ရှိကာ ၁၉၅၁ ခုနှစ် ရိုဟင်ဂျာ ဘင်္ဂါလီများ၏ အလယ်သံကျော်ညီလာခံကြောင့် ထင်ရှားသည့် ကျေးရွာလည်း ဖြစ်သည်။ ရိုဟင်ဂျာ ဘင်္ဂါလီလူမျိုးများက ထိုညီလာခံမှဆုံးဖြတ် တောင်းဆိုရာတွင် ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်တို့ကို ၎င်းတို့အား အုပ်ချုပ်ခွင့်ပေးရန်နှင့် စစ်တွေမြို့ကို ရခိုင်နှင့် တလှည့်စီအုပ်ချုပ်ခွင့်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ကိုးကား - Yangon Press International  
  ။------------------------------
မြန်မာစံတော်ချိန် ၁၂ နာရီ ၃၀ မိနစ်
ယနေ့ နံနံက် ၉ နာရီခွဲ အချိန်တွင် မင်းဂံရပ်ကွက် (ဒိုးမြောင်ရပ်ကွက်)အား ရခိုင်များက မီးရှီုးခဲ့ရာ ရခိုင်သားတစ်ဦးအား ဘင်္ဂလီများက ၀ိုင်းရိုက်လိုက်သဖြင့် အရေးပေါ်ဆေးရုံတင်ထားရကြောင်းသိရသည်။

“ ဘင်္ဂလီတွေက သူကို့ဓါးနဲ့လိုက်ခုတ်လို့ အပြင်းထန်ဒဏ်ရာ ရသွားတယ်၊ လူနာကိုတောင်ရခိုင်တွေ ဘင်္ဂလီတွေဆီကမနည်းလုယူခဲ့ရတယ်’’ဟုစစ်တွေမြို့မင်းဂံရပ်ကွက်မှ ဦးလှမောင်က ပြောသည်။

ယနေ့ နံနက် ၉ နာရီကျော် တွင် စစ်တွေမြို့ မင်းဂံရပ်ကွက် ( အကွက် ၇-၈- ) ရှိ ဘင်္ဂလီ နေအိမ်များ အား ရခိုင်အမျိုးသားများက မီးရှို့ခဲ့သည်။စုစုပေါင်း အိမ်ခြေ နှစ်ရာကျော် ရှိပြီးဖြစ်ကြောင်းသိရသည်။

“ ကျနော်တို့ က ဘင်္ဂလီအိမ်တွေကို မီးမရှို့ရင် သူတို့က ကျနော်တို့ အိမ်တွေကိုလာရှို့ကြမှာ ၊ဒါကြောင့် ကျနော်တို့ မီးရှီုးရတာဖြစ်တယ်၊ မနေ့ညကလဲ အကွက် (၁၃)မှာ ဘင်္ဂလီတွေ ဟာ ရခိုင်အိမ်တွေကို မီးရှီုးခဲ့တယ်“ဟုဒေသခံတစ်ဦးကပြောသည်။

ယခု မင်း ဂံရပ်ကွက်ကလူကြီးလူငယ်တွေ ဟာ ဘေးကင်းရာသို့ရွှေးနေရပါတယ်၊ အခုမင်းဂံ အကွက် (၁၃)(၁၄) ကစတဲ့ ဒေသခံတွေဟာ မနေရဲတော့ဘဲဟိုရောက်ဒီရောက်ဖြစ်နေကြတယ်“ဟုဒေသခံတစ်ဦးကပြောသည်။
ကိုးကား - မြစ်မခ

ယနေ့ မြန်မာစံတော်ချိန် ၁၀း ၃၀

စစ်တွေမြို့ မင်းဂံရပ်ကွက် အကွက် (၁၃) (၁၇) တွင် ရခိုင်နှစ်ဘင်္ဂလီများနှစ်ဘက်တင်းမာနေသည်၊။ ရဲကလုံခြုံရေးချထားသည်။ အဆိုပါ အရေးအခင်းသို့ ရခိုင်ဘက်မှ အင်အားဖြည့်ရန် ကျေးတော၊ ရွှေပြည်သာစသည့်ကျေးရွာများက အင်အား ဖြည့်ပေးနေရကြောင်းသိရသည်။

ဒုက္ခသည်များဘေးကင်းရာသို့ပြောင်းရွှေ့လက်ရှိတွင် စစ်တွေမြို့ မင်းဂံရပ်ကွက်မှ လူငယ်လူကြီးများသည် ဘေးကင်းရာသို့ ပြောင်းရွှေ့နေရသည်။ ဒုက္ခသည်များသည် လက်တလောတွင် အာကျိတ်တော်ကုန်း ရှိ အဓိဌာန်ကျောင်းတွင် ခုံလုံနေရသည်။
ကိုးကား - မြစ်မခ

စစ်တွေဈေးဆိုင်ခန်းများပိတ်ထား

စစ်တွေမြို့ရှိဆိုင်ခန်းများအားလုံး ပိတ်ထားရသည်။ နေရာအနှံ့လုံခြုံရေးချထားသည်။
ကိုးကား - မြစ်မခ

ဇွန် ၉ ရက်နေ့၊၂၀၁၂၊စစ်တွေမြို့၊ ရခိုင်ပြည်နယ်။

နေ့လည်ပိုင်း တွင် ဘုမေရပ်ကွက်မှ ဘင်္ဂလီ ၂၀၀ကျော်သည် စစ်တွေမြို့ ဓည၀တီရပ်ကွက် ပြည်နယ် ပညာရေးမှူးရုံးလမ်းကြား )သို့ချီတက်လာရာ ရုံးအား ခဲများဖြင့် ပစ်ပေါက်ကြသည်၊ ထိုဖြစ်ရပ်အား ဒေသခံများက တားဆီးနိုင်ခဲ့သည်။ရဲက နှစ်ဘက်ညိနှိုင်းခဲ့သော်လည်း ပြည်လည်မှု မရခဲ့သလို ညနေပိုင်းတွင်ပိုဆိုးလာသည်။ ညနေတွင် နှစ်ဘက် ပြင်းထန်လာခဲ့သည်။ ဒေသခံရခိုင်များကင်းလှည့်နေရသလို လုံခြုံရေးကို အထူးစိုရိမ်းနေရသည်။

ညနေ ၈နာရီကျော်တွင် စစ်တွေမြို့ မင်းဂံရပ်ကွက် အကွက် (၁၇)အကွက်သစ်တွင် ဒေသခံ ရခိုင်နေအိမ်များကို ဘင်္ဂလီများမီးရှီးဖျက်ဆီးခဲ့သည့်အပြင် ယင်းရပ်ကွက်နေ ဦးဘဆွေ(စစ်ပြန်) အား ဘင်္ဂလီများက ဆွဲယူသွားကြောင်း၊ အဆိုပါ ရခိုင်သားတစ်ဦးအားဘင်္ဂလီများကသတ်ပစ်ခဲ့ကြောင်း သိရသည်။

ညအချိန် တွင် စစ်တွေမြို့ မင်းဂံရပ်ကွက် အကွက်(၁) မှဝေသာလီကျောင်းအား ဘင်္ဂလီလူမျိုးများ စတင်မီးရှီုးရန်ကြိုးစားခဲ့သော်လည်းဒေသခံများနှင့်ရဲများ အချိန်မီတားဆီးနိုင်ခဲ့သည်။

မနေ့က ညဉ့် ဘူမေ ရွာ မှာ ရဲက ကင်းချတယ်၊ ဘင်္ဂလီ ၇၀၀ ကျော်ချီတက်လာတယ်၊ အဲဒီ အချိန်က ရဲကသေနတ်နဲ့မိုးပေါ်ထောင်ပစ်တယ်၊ ဒါပေမယ့်ကျည်ဆံသာကုန်သွားတယ် ဘင်္ဂလီ တွေကနောက်မဆုတ်ဘူး။ အဲဒီအချိန်ရဲတပ်အကူရောက်လာလို့ အချိန်မီတားဆီးနိုင်ခဲ့တယ်၊ ကိုးကား - မြစ်မခ

--------------------------------------- 
လက်ရှိအခြေအနေအရ စစ်တွေမြို့ပြင်ရှိ လူနေရပ်ကွက်များမှ စိုးရိမ်ရသည့် အနေအထား ရှိနေကြောင်း သိရှိရပါသည်။ လုံထိန်းတပ်ဖွဲ့အင်အားမှာ နည်းပါးနေပြီး တစ်နေ့မှ အခြားတစ်နေရာသို့ ရွေ့ပြောင်းနေရကြောင်း သိရသည်။ ထိုသို့ ရွေ့ပြောင်းစောင့်ကြပ်နေရသည့် အတွက် လုံထိန်းတပ်ဖွဲ့ဝင်များ မရှိတော့အချိန်တွင် စစ်တွေ မြို့ပြင် ဘင်္ဂါလီရွာများမှ ဘဂါင်္လီများက စစ်တွေမြို့ပေါ်ရှိ ရပ်ကွက်များကို မီးရှို့ရန်ကြိုးစားနေဆဲ ဖြစ်ကြောင်း စစ်တွေဒေသခံတစ်ဦးက ပြောပါသည်။

ထို့အပြင် စစ်တွေမြို့တွင်း လုံခြုံရေးအတွက် မြို့ခံ ရခိုင်တိုင်းရင်းသားများက မိမိကိုယ်ကို ခုခံကာကွယ်နိုင်သည့် ပစ္စည်းများကို ကိုင်ဆောင်၍ မိမိတို့၏ နေအိမ်ရှေ့တွင် သက်ဆိုင်ရာ အိမ်ထောင်စုအလိုက် စုဖွဲ့စောင့်ကြည့်နေရကြောင်း သိရပါသည်။ ကိုးကား - Eleven Media Group
-----------------------------------
စစ်တွေမြို့ မင်းဂံရပ်ကွက် ၁၃ သို့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်က ဘဂါင်္လီများ ၀င်ရောက်လာသဖြင့် ရခိုင်တိုင်းရင်းသားများနှင့် ထိပ်တိုက်တိုးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရပါသည်။ ဘင်္ဂါလီများ ၀င်ရောက်လာမှုကို ခုခံကာကွယ်ရာမှ ရခိုင်တိုင်းရင်းသားများ ထိခိုက်ဒဏ်ရာရမှု ဖြစ်ပေါ်ခဲ့ပြီး ယခုအချိန်တွင် ရခိုင်တိုင်းရင်းသားလေးဦးကို စစ်တွေဆေးရုံသို့ ပို့ဆောင်ထားရ ကြောင်းသိရပါသည်။ အဆိုပါလေးဦးအနက် နှစ်ဦးမှာ စိုးရိမ်ရကြောင်း သိရပါသည်။

မင်းဂံရပ်ကွက် ၁၃ သို့ ၀င်ရောက်ရန်ကြိုးစားသည့် ဘင်္ဂါလီများမှာ စစ်တွေမြို့ပြင်ရှိ ဒေါပြင်ရွာမှ ဘင်္ဂါလီများဖြစ်ကြပြီး ယခုအချိန်တွင် အဆိုပါရွာအနီးသို့ လုံထိန်းတပ်ဖွဲ့ဝင်များ ရောက်ရှိနေပြီး သတိပေးမှုများ ပြုလုပ်နေ သော်လည်း ဘင်္ဂါလီများမှာ ဒေါပြင်ရွာထိပ်တွင် စုဝေးနေဆဲပင် ဖြစ်ကြောင်း သိရသည်။ ကိုးကား - Eleven Media Group
----------------------------------------
မောင်တောမြို့၌ လုံထိန်းတပ်ဖွဲ့ဝင်များ၊ ရခိုင်တိုင်းရင်းသားများ သွားလာ နေသည်ကို ဘဂါင်္လီများက နေအိမ်အတွင်းမှ နေ၍ ခဲဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။ မောင်တောမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိလာသူ အရေအတွက်မှာ အတိအကျ မသိရှိရသေးသော်လည်း ထောင်ဂဏန်းရှိနေပြီဖြစ်ကြောင်း မောင်တောဒေသခံတစ်ဦးက ပြောပါသည်။ ထို့အပြင် ဘူးသီးတောင်ရှိ အမှတ်(၁) အလယ်တန်း ကျောင်း ကယ်ဆယ်ရေးစခန်းသို့ လူဦးရေ ၁၀၀၀ ကျော်ရောက်ရှိနေကြောင်းလည်း သိရပါသည်။ ကိုးကား - Eleven Media Group
----------------------------------------
စစ်တွေမြို့အနောက်ဘက်ရှိ မင်းဂံရပ်ကွက် ၁၄ ကို ဘဂါင်္လီများက မီးရှို့ရန် ကြိုးစားနေသဖြင့် လုံထိန်းတပ်ဖွဲ့ဝင်များမှာ တားဆီးမှု ပြုလုပ်နေရကြောင်း စစ်တွေဒေသခံ တစ်ဦးက ပြောပါသည်။

မင်းဂံရပ်ကွက် ၁၃နှင့် ၁၄ တို့သည် ဘင်္ဂါလီရွာဖြစ်သော ဒေါပြင်ရွာနှင့် အနီးကပ်ဆုံးရှိနေပြီး ဒေါပြင်ရွာမှ ဘင်္ဂလီများက မင်းဂံရပ်ကွက် ၁၃နှင့် ၁၄ ကို မီးရှို့ရန် ကြိုးစားနေခြင်း ဖြစ်ပါသည်။

လက်ရှိအချိန်တွင် အဆိုပါနေရာသို့ လုံထိန်းတပ်ဖွဲ့ဝင်များ ရောက်ရှိနေပြီး သေနတ်ပစ်ဖောက် သတိပေးနေသော်လည်း ဘဂါင်္လီများမှာ ဒေါပြင်ရွာထိပ်တွင် စုဝေးလျက်ရှိနေဆဲ ဖြစ်ကြောင်း သိရပါသည်။

လက်ရှိအနေအထားအရ စစ်တွေမြို့မှ လုံခြုံရေး အင်အားနည်းသော ရပ်ကွက်များကို ဘဂါင်္လီများက မီးရှို့ရန် ကြိုးစားနေကြောင်း သိရသည်။ လုံထိန်းတပ်ဖွဲ့များရောက်ရှိလာပါက နောက်ပြန်ဆုတ်သွားပြီး လုံထိန်းများ ပြန်လည်ထွက်ခွာသွားသည်နှင့် ဘဂါင်္လီများက မီးရှိုရန် ကြိုးစားနေဆဲ ဖြစ်ကြောင်း သိရပါသည်။
  ကိုးကား - Eleven Media Group   
------------------------------

 စစ်တွေမြို့ ရပ်ကွက်အချို့ အကြမ်းဖက်မှု မီးရှို့မှုများဖြစ်ပွားနေ


အလယ်သံကျော် ရဲစခန်းကျသွားသည့် သတင်းဝင်လာပြီးနောက် ရဟတ်ယာဉ်သွားရောက်လျှက်ရှိ

နံနက် ၁၁ နာရီခွဲ၊


ယနေ့နံနက် ၁၁နာရီရရှိသည့် သတင်းများအရ စစ်တွေမြို့မင်းဂံရပ်ကွက်တွင် နေအိမ်များ မီးရှို့ရန်ကြိုးစားသည့် ဘင်္ဂါလီလူအုပ်စုနှင့် လုံထိန်းရဲတပ်ဖွဲ့များ ထိပ်တိုက်ရင်ဆိုင်နေရကြောင်းနှင့် နှစ်ဘက်စလုံး အကျအဆုံးရှိကြောင်း စစ်တွေမြို့ခံများအား ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

ယမန်နေ့ညက အခြေအနေမှာ ငြိမ်သက်ခြင်းမရှိခဲ့ပဲ ယခုနေ့ခင်းပိုင်းအထိ အခြေအနေကို ငြိမ်သက်အောင် မထိန်းသိမ်းနိုင်သေးကြောင်းလည်း မြို့ခံတဦးက ပြောသည်။

၎င်းအနေဖြင့် လုံထိန်းအင်အားနည်းပါးနေသည်ကို တွေ့မြင်ရကြောင်း၊ ယနေ့နေ့ခင်းအခြေအနေကို ငြိမ်သက်အောင် မထိန်းသိမ်းနိုင်ပါက ယနေ့ညပိုင်းတွင် ပိုမိုဆိုးရွားလာမည်ကို စိုးရိမ်လျှက်ရှိသည်ဟုလည်း ၎င်းကပြောသည်။

မကြာသေးမီ မိနစ်ပိုင်းက စစ်တွေမြို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီအား ဆက်သွယ်မေးမြန်းရာတွင်မူ မင်းဂံရပ်ကွက်တွင် ငြိမ်သက်လျှက်ရှိကြောင်းသာ ဖြေကြားခဲ့သည်။

မင်းဂံမှာ ရွာသူ၊ ရွာသားများ နေအိမ်များအား စွန့်ခွာလေပြီ...

အလယ်သံကျော် ရဲစခန်းစီးနင်းသိမ်းပိုက်ခံရ

မောင်တောမြို့နှင့် ဘူးသီးတောင်မြို့တို့တွင် ယမန်နေ့နံနက်ပိုင်းမှ စ၍ အခြေအနေကို ထိန်းသိမ်းထားနိုင်ပြီဖြစ်ကြောင်း နိုင်ငံပိုင် ရုပ်သံမှ ကြေညာခဲ့သော်လည်း  အလယ်သံကျော်ကျေးရွာ ရဲစခန်းကို အကြမ်းဖက်သူ ဘင်္ဂါလီလူစုလူဝေးက သိမ်းပိုက်ထားလိုက်သည့် သတင်းများ မောင်တောမြို့သို့ ၀င်ရောက်လာပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များ ရဟတ်ယာဉ်ဖြင့် သွားရောက်နေသည်ဟု မောင်တောမြို့ခံက YPI သို့ပြောသည်။

မောင်တောနှင့် အလယ်သံကျော်ကျေးရွာအကြား တံတားကိုလည်း ယခုရက်ပိုင်း အကြမ်းဖက်မှုများပေါ်ပေါက်ပြီးနောက် ဘင်္ဂါလီအကြမ်းဖက်သူများက ဖျက်ဆီးထားကြသည်ဟု မောင်တောမြို့ခံက ပြောသည်။

ယင်းရဲစခန်းအတွင်း ခိုလှုံနေသည့် နတလ ကျေးရွာများနေ ဗမာလူမျိုးများနှင့် ရခိုင်လူမျိုးများ ခိုလှုံနေသဖြင့် ၎င်းတို့၏ အခြေအနေကိုလည်း စိုးရိမ်လျှက်ရှိကြသည်။

နတလ ကျေးရွာများဆိုသည်မှာ ဦးခင်ညွှန့်လက်ထက်တွင် ရန်ကုန်နှင့် အခြားမြို့များမှ ဘင်္ဂါလားဒေ့ရှ် နယ်စပ်တွင် သွားရောက် အခြေစိုက်စေခဲ့သည့် ဗမာကျေးရွာများဖြစ်သည်။

အလယ်သံကျော်ကျေးရွာမှာ မောင်တောမြို့မှ ဆိုင်ကယ်ဖြင့် ၁ နာရီသာသာမောင်းနှင်ရသည့် အကွာအဝေးတွင်ရှိကာ ၁၉၅၁ ခုနှစ် ရိုဟင်ဂျာ ဘင်္ဂါလီများ၏ အလယ်သံကျော်ညီလာခံကြောင့် ထင်ရှားသည့် ကျေးရွာလည်း ဖြစ်သည်။ ရိုဟင်ဂျာ ဘင်္ဂါလီလူမျိုးများက ထိုညီလာခံမှဆုံးဖြတ် တောင်းဆိုရာတွင် ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်တို့ကို ၎င်းတို့အား အုပ်ချုပ်ခွင့်ပေးရန်နှင့် စစ်တွေမြို့ကို ရခိုင်နှင့် တလှည့်စီအုပ်ချုပ်ခွင့်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။       ။

 စစ်တွေမြို့ ရပ်ကွက်အချို့ အကြမ်းဖက်မှု မီးရှို့မှုများဖြစ်ပွားနေ
 မြန်မာ စံတော်ချိန် နံနက် ၉နာရီခွဲ

စစ်တွေမြို့ ဘုမေရွာဘက်တွင် ယမန်နေ့ညက ဘင်္ဂါလီလူမျိုး အကြမ်းဖက်သူများနှင့် လုံထိန်းတပ်ဖွဲ့ဝင်များအကြား အပြန်အလှန်ပစ်ခတ်မှုမျိုးအထိ ရှိခဲ့ကာ ရခိုင်အမျိုးသား တချို့ဒဏ်ရာရရှိခဲ့သည်ဟု မြို့ခံများက ဆိုသည်။

အကြမ်းဖက်သူများ၏ လက်ထဲတွင် သေနတ်ရှိနေသည့် အချက်က အရပ်သားများကို စိုးရိမ်မှုပိုမိုမြင့်တက်စေသည်ဟုလည်း မြို့ခံများက ပြောသည်။

ယမန်နေ့ညက တညလုံး အခြေအနေမှာ လုံခြုံစိတ်ချရသည့်အနေအထား မရှိပဲ ဘင်္ဂါလီလူအုပ်စုက နေအိမ်တချို့ကို မီးရှို့ကာ ယောက်င်္ကျားများက မီးငြိမ်းသတ်ရန် အိမ်မှထွက်ခွာသွားစဉ် နေအိမ်ရှိ မိန်းမနှင့်ကလေးများအား ရန်ပြုသည့် အဖြစ်အပျက်များရှိခဲ့သည်ဟုလည်း ယင်းကျေးရွာများမှ လာသည့်သတင်းများအရသိရသည်။

ယနေ့နံနက်ပိုင်းတွင် မင်းဂံရပ်ကွက် အကွက် ၁၂ တွင်လူနေအိမ်ပေါ်တက်ကာ ရိုက်နှက်ခြင်း၊ ဆွဲချခြင်းများ ရှိနေသည်ဟု စစ်တွေမြို့ခံတဦးက ပြောသည်။

သီးခြားအဖြစ်အပျက်တရပ်တွင် စစ်တွေမြို့ လမ်းသစ်ရပ်ကွက် အန်အယ်လ်ဒီရုံး ဆိုင်းဘုတ်ကို စစ်တွေမြို့ခံတချို့က ယမန်နေ့ညက ဖြုတ်ချသွားကြသည်ဟု သိရသည်။ ယခုရခိုင်အရေးကိစ္စကို ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၀င်ရောက်ပြောဆိုခြင်း မရှိသည့်အချက်နှင့် ယမန်နေ့က ထုတ်ပြန်သည့် အန်အယ်လ်ဒီ ကြေညာချက်ကို မကျေနပ်ခြင်းကြောင့် ယခုလိုဖြုတ်ချခြင်း ဖြစ်သည်ဟုလည်း မြို့ခံက ပြောသည်။ ။ ကိုးကား -
  YPI

2 comments:

moe kyaw said...

ငါတို့နိုင်ငံကိုကျူးကျော်လာသူမှန်သမျှအမြှစ်ဖြတ်ချေမှုန်းရမယ်။မြန်မာ့သွေးဘယ်လောက်နီသလဲဆိုတာပြဖို့အချိန်တန်ပြီ။အရေးကြီးရင်သွေးနီးရမယ်။ငါတို့ရဲ့တိုင်းပြည်ကိုကာကွယ်ဖို့ကငါတို့ရဲ့တာဝန်ပဲ။ဒီကုလားအမျိုးယုတ်တွေကိုသုတ်သင်ကြဆို့

moe kyaw said...

ငါတို့နိုင်ငံကိုကျူးကျော်လာသူမှန်သမျှအမြှစ်ဖြတ်ချေမှုန်းရမယ်။မြန်မာ့သွေးဘယ်လောက်နီသလဲဆိုတာပြဖို့အချိန်တန်ပြီ။အရေးကြီးရင်သွေးနီးရမယ်။ငါတို့ရဲ့တိုင်းပြည်ကိုကာကွယ်ဖို့ကငါတို့ရဲ့တာဝန်ပဲ။ဒီကုလားအမျိုးယုတ်တွေကိုသုတ်သင်ကြဆို့