Friday, April 27, 2012

ဤရထား ဘုရားသခင် မစီးပါ

အတိတ်ဆိုးတွေ ကြိတ်တိုးနေဆဲ
အမှားအယွင်းတွေ အားပြင်းနေဆဲ
စတေးအသက်တွေ သွေးပွက်နေဆဲ
အကျဉ်းထောင်တွေ ပုလင်းထောင်နေဆဲ
ဘဝနွမ်းတွေ ဇတ်ကြမ်းနေဆဲ

သော့ဂလောက်ကြီး စောင့်နေသည်
သော့ပျောက်သူတွေ ပင်ပန်းပြီ
ဘယ်တော့ရောက်မလဲ လင်းရောင်ခြည်
သံချေးညစ်ထပ် ညနက် ထိုတိုင်းပြည်

နေ့ရက်သစ်တွေနဲ့ ရှေ့ဆက်လွင့်နေတဲ့ ဒီကမ္ဘာကို
သံစဉ်မှန်တေးတပိုဒ်နဲ့ အမြန်ရှင်သန်အပြေးလိုက်ရမဲ့ ထိုသူတို့

မင်းအသက်ဟာ အလင်းတစ်ခက်ပဲ
မင်းဘဝဟာ အလင်းတစ်စပဲ
မင်းပွင့်မှ အလင်းခေတ် စမယ်
ဘူတာမှာ လူတကာစောင့်နေတယ် သင့်ကို။

ရထားရောက်ပေမဲ့ ခင်ဗျားပျောက်နေခဲ့တယ်။   ။

သုအိုင်စံ
၂၇.၀၄.၂၀၁၂

0 comments: