skip to main |
skip to sidebar
ညီညွတ်ရေး(၁)
လက်နက်မှုနဲ့ထောင်ကျမှာ သေချာသော်လည်း
ကျည်ဆံမပါသောကြောင့် လွတ်မြောက်ခဲ့
ဘက်စုံမှာ မတော်ရင် တစ်ကိုယ်တော် မလုပ်နဲ့ကွာ။ ။
ညီညွတ်ရေး(၂)
လူတချို့သည်
ပို့ကျည်လို၏။
တချို့လူဟာ
ဗျူဟာမသိ။
တချို့စိတ်ဟာ
ရိက္ခာလို၏။
ရုပ်၏မာန်ကား
ဥာဏ်အားမရှိ။
တစ်ချက်ပဲရှိရဲ့
လက်တွဲကြည့်ပါ။ ။
ညီညွတ်ရေး(၃)
ခြောက်ကြိုးတွေ ညီမှ
စောက်ချိုးပြေ ဂီတ ရမှာပေါ့...ငါလိုးမသားရဲ့။ ။
ညီညွတ်ရေး(၄)
သေနတ်တစ်လက်
ဘဝပျက်သွားတယ်
မသိသာဘူး။
စစ်ပွဲတစ်ပွဲ
ပစ်လဲသွားတယ်
သိသာတယ်။ ။
သုအိုင်စံ
0 comments:
Post a Comment