Thursday, March 29, 2012

ဟဲဗီးမက်တယ်လ် (Heavy Metal)

လူ့မာန ဓါးနဲ့ တီးတဲ့ ခေတ် သီချင်း
လူ့သဘာဝ အမှားနဲ့ စီးတဲ့ မြစ်တစ်စင်း
ဂီတ အနှစ်သာရဟာ ဝုန်းဒိုင်း ပေါက်ကွဲ
ဒီဘဝအဖြစ်ထာဝရဟာ ဒုန်းစိုင်း တစ်ယောက်တည်း
လူ့ပင်လယ်ထဲ...
ဒုက္ခနှစ်ထပ်ကိန်းနဲ့ အတိတ် ပစ္စုပ္ပန် နောက်ထပ် တီးလုံးများ
လုပ်သမျှဇတ်သိမ်းတဲ့ တိတ်ဆိတ်မှုနဲ့ သံစဉ်တွေ ပျောက်ရှ ပြီးဆုံးသွားပေါ့...

သံစဉ် အဆိပ်မိုက် ၁၂ပါး နဲ့
မပြန်ခင် စိတ်ကြိုက် လှည့်ကစားခဲ့တဲ့....ငါတို့တွေ....။   ။

သုအိုင်စံ
၂၉.၀၃.၂၀၁၂

0 comments: