Wednesday, February 15, 2012

ကမ္ဘာဣိတ္တိယ

သူမရဲ့ဆန္ဒတွေကို ဖြည့်တင်းရင်း
တစ်စင်းပြီးတစင်း
ကြွေဆင်းသွားတဲ့ နေ တွေ
တစ်လုံးပြီးတစ်လုံး
ကျဆုံးသွားတဲ့ လ တွေ
မိုးကုတ်စက်ဝိုင်း တစ်ခုရဲ့
အနားသတ်စက်ဝန်း တစ်ခုအောက်မှ
သေ။

နှစ်ရောင်စပ်ချုပ်ထားတဲ့
ဖက်ရှင် ရိုးရိုးလေးကို ဝတ်
မချွတ် မဖွတ် မလျှော်
လွှတ်တော်လည်းမခေါ်ပဲ
ပါးတစ်ဖက်စီကို
တစ်ယောက် တစ်လှည့်စီအတွက် ဝေခြမ်း
တစ်ယောက် တစ်လှည့်စီရဲ့ အနမ်းကို
တစ်ယောက် တစ်ဖက်စီ နမ်းစုပ်ခံဖို့
နှစ်ယောက်စီရဲ့ နှလုံးသားတွေကို
ဆွဲစားထားတဲ့သူမ
ဆွဲအားက သိပ်သန်။

ရင်ခွင်မှာ
အဆင်ပကာသနတွေနဲ့ လန်းစိမ်းညို့
အစဉ်ထာဝရ နန်းသိမ်းမြို့များစွာနဲ့
ခေတ်အဆက်ဆက် မေတ္တာတရားကို
အဖြစ်အပျက်နဲ့ သစ္စာမြဲထားတယ်။

လောကထဲက
လောဘများစွာကို
ဒေါသမထားပဲ စောင့်ရှောက်တယ်။

ဘာသာခြားတွေကို
သဒ္ဒါတရားနဲ့ ထိန်းကွပ်တယ်။

လူမျိုးခြားတွေအတွက်
မတူမျိုးပွားရေးမူ ရှိတယ်။

သေနတ်တစ်လက်နဲ့
ဘဝပျက်ခဲ့တဲ့စစ်ကို ဖေးမတယ်။

ငြိမ်းချမ်းရေးတစ်ခက် မဖူးသေးပေမဲ့
သိန်းသန်းကုဋေ အသက်ကြွေတွေအတွက်
စိတ်မပျက်ဘူး
ဆက်တူးတယ်။

အဲဒီသူမဟာ
အမှောင်ထဲမှာ တစ်ယောက်နဲ့ အိပ်
အလင်းထဲမှာ တစ်ယောက်နဲ့ တွဲ
အသဲကလည်း ရဲ လွန်းတယ်
အချွဲကလည်း ကဲ လွန်းတယ်။

မာယာက လှတာလား
သမာသမတ် ကျတာလား

သဘာဝ ကျတာလား
ရည်းစားနှစ်ယောက်နဲ့ သူမ
စကြဝဠာထဲမှာ နေကြတယ်။ ။

သုအိုင်စံ
၁၉၉၅

0 comments: