Thursday, January 12, 2012

မြန်မာအစိုးရစစ်တပ် ပစ်ခတ်မှုကြောင့် ခရီးသွား ကချင်လူငယ်နှစ်ဦးသေဆုံး

ဇန်န၀ါရီ (၁၁)ရက် ၂၀၁၂

ကချင်ပြည်နယ် ဥရုဆိုင်းမှော်ဒေသ ဖားကန့် ကားလမ်းပိုင်း ဆိုင်းဖရာကျေုးရွာ(Seng Hpra) နေ မောင်လဂွီ ယိန်းဝမ်( ၁၇)နှစ် နှင့် မ ဆိုင်းခေါန် ( ၁၈)နှစ် တို့ သည် ယနေ့ ဇန်န၀ါရီ(၁၁)ရက် မနက်(၉း၀၀)နာရီခန့် တွင် ဆိုင်းဖရာကျေးရွာ မှ နန့် ယားကျေုးရွာသို့ ဆိုင်ကယ်ဖြင့် ဆင်းလာရာ နန့် ယားကျေုးရွာ နှင့် ကပ်မှော်ကျေးရွာကြားအရောက်တွင် အဆိုပါလမ်းပိုင်းတွင်ရောက်ရှိနေသော မြန်မာစစ်တပ် ခလရ (၅၈)တပ်ရင်းမှစစ်သားများက အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်းသိရသည်။ မောင်လဂွီယိန်းဝမ် မှာ နောက်ကျောဘက်ခြမ်းတည့်တည့် ထိမှန်သေဆုံးပြီး မဆိုင်းခေါန်သည် ၀မ်းဗိုက်အောက် ပေါင်ရင်းတွင်ထိမှန်သေဆုံးသွားကြောင်း ဒေသခံများမျက်မြင်များမှသတင်းပေးပို့ လာပါသည်။
Source ( Jinghpaw kasa)

0 comments: