Sunday, January 1, 2012

ကေအိုင်အေ တပ်မဟာ(၃)(၄)နယ်မြေ တို့ တွင် တိုက်ပွဲဖြစ်ပွား

ဆုံဆည်းရာ၊ ၁ ရက် ဇန်န၀ါရီလ ၂၀၁၂

ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေ တပ်မဟာ (၃)နယ်မြေ ဖြစ်သော လဂတ်ဘွမ်( Lagat Bum) ၊ ဘရင်ဝိုင် (Byen Wai ) နှင့် ဘွမ်ရောင်ဘွမ် ( Bum Rawng Bum) ဒေသတို့ တွင် ကေအိုင်အေ တပ်ရင်း ( ၁၆) (၂၁)တပ်ဖွဲ့ ဝင်များနှင့် မြန်မာစစ်တပ် တပ်မ(၈၈)လက်အောက်ခံ တပ်ဖွဲ့ တို့  ဒီဇင်ဘာ (၃၁)ရက် မနေ့ က မနက်ပိုင်း (၇း၀၀)နာရီခန့် မှ ညနေပိုင်း အထိ တနေကုန် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ နှစ်ဖက် ထိခိုက်ကျဆုံးမှု အားမသိရှိရသေးပါ။

ထို့ အတူ ကေအိုင်အေ တပ်မဟာ(၄) တပ်ရင်း (၈)နယ်မြေ နမ်လက်ဘွမ် ( Namlek Bum) တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း မြန်မာစစ်တပ် ခလရ (၆၈) (၂၄၁)တို့ မှ ဒဏ်ရာရ ဖျားနာသူများအား နောက်တန်းသို့ ပြန်လည်ပို့ ဆောင်သော စစ်ကား (၃)စီးပါ စစ်တပ် ယာဉ်တန်း တစ်ခုအား ကေအိုင်အေ တပ်ရင်း(၈)တပ်ဖွဲ့ ဝင် တို့ မှ ဒီဇင်ဘာ(၃၁)ရက် နေ့ လည် ( ၂း၃၀) နာရီခန့် အချိန်တွင် ဟူးဖြက် ( Hu Hpyet) လမ်းဆုံတွင် ဆွဲမိုင်းဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကားတစ်စီးမှာ လုံးဝပျက်စီးသွားပြီး မြန်မာစစ်တပ် ဘက်မှ အယောက်(၂၀)ကျော်ခန့်  ဒဏ်ရာရရှိသွားကြောင်း သိရှိရသည်။

ကိုးကား ။ ။ kachinnet

0 comments: