Monday, December 12, 2011

ဗာရာဏသီဖွား

 ခုတော့ သွားလေရာ သဲဖြူခင်း ရာဇမတ်ကာ
ခုတော့ ရောက်လေရာ လက်အုပ်တချီချီ ခွေးတစီစီ
ခုတော့ လက်ညှိုးညွှန်ရာ မြို့ရွာဇနပုဒ် မီးလောင်ငုတ်
ရာဇဝင်ကို အမြစ်လှန် နရသိန်ကို နံရံကာပြီးပြီ
သာသနာကို အရေဆုတ် ဝတ်လဲတော်ချုပ်ပြီးပြီ
ဇာတိမာန်ကို ရင်ခွဲအသည်းထုတ် မြို့ရိုးအောက်မှာ မြှုပ်ပြီးပြီ
တရားကို ဓားစောင့်တဲ့ ပစ္စန္တရစ်အရပ်မှာ
နတ်တွေလည်း ထင်းခွေရေခပ် ဖိနပ်စောင့်
စုန်းမနဲ့ လင်းတ စပ်ကျထားတယ်ဆိုမှတော့
စဉ်းစားသာကြည့်ပေတော့ ဘီလူးချောလေးပေါ့ ဟေ့လူရေ ...
အရပ်ထဲ တီးတိုးပြောကြတာကတော့ အဲဒီ့သကောင့်သားဟာ
ဝရမ်းပြေးဘိုးသိန်းနဲ့ ဟိုသူငယ်မ တောဘုရားပွဲမှာ ညားကြရာက
ကျောက်ဖျာတခုပေါ် ပစ်အသွားမှာ
ဖုတ်သွင်းရထားဆိုက်ခဲ့တာတဲ့
ဘယ်သူသေသေ ငရွှေမာရင်ပြီးရော မဟုတ်ဘူးလား။ ။

သစ်ကောင်းအိမ်
(၁၇၊ သြဂတ်စ်၊ ၂၀၁၁)

1 comments:

layaung said...

great poem! once more please.