Thursday, December 29, 2011

စက်ဆန်းမီးလောင်ပေါက်ကွဲမှု လူ ၂၀ ကျော်သေဆုံး

ဆုံဆည်းရာ၊ ၂၉ ရက် ဒီဇင်ဘာလ ၂၀၁၁

ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ် စက်ဆန်းတွင် ယနေ့နံနက် ၁ နာရီ ၅၀ မိနစ်မှ မေတ္တာမွန်ဆားစက်နှင် ဂိုထောင်များမှ စတင်ကာ ပေါက်ကွဲလောင်ကျွန်းခဲ့ပြီး ပေါက်ကွဲမှုအရှိန်ပြင်းသောကြောင့် ကျား၊ မ ၂၀ ကျော်သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရှိကြောင်း သိရှိရပါတယ်။ မီးသတ်ဦးစီးဌာနမှ ၄ ဦးသေဆုံးပြီး မီးသတ်သမား ၃၀ ကျော်မှာလည်း ဒဏ်ရာရှိကြောင်း သိရပါတယ်။

အဆိုပါ မီးလောင်ပေါက်ကွဲမှုကြောင့် ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ် စက်ဆန်း ကူးတို့ဆိပ်ရပ်ကွက်ရှိ အိမ်ခြေ ၂၅၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

0 comments: