Wednesday, December 28, 2011

မုန်တိုင်းကြီးနှင့် ဆူနာမီ ၃ ရက်အတွင်း ဖြစ်လာနိုင်ဖွယ်ရှိကြောင်း သတိပေး

ဆုံဆည်းရာ၊ ၂၈ ရက် ဒီဇင်ဘာလ ၂၀၁၁

၂၀၁၁ နှစ်ကုန်ပိုင်းမှာ အလွန်အားကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်းကြီးတစ်ခု ဘင်္ဂလား ပင်လယ်အော် အတွင်း ရှိနေတာကို မြင်တွေ့ရပါတယ်။ ဒီမုန်တိုင်းကြီးဟာ အိန္ဒိယနိုင်ငံတောင်ပိုင်း အရှေ့ဖက်ကမ်းခြေကို ဖြတ်ကျော် ၀င်ရောက်မယ်လို့ မြန်မာနိုင်ငံ မိုးဇလ ပညာရှင် ဒေါက်တာ ဦးထွန်းလွင်က ခန့်မှန်းထားပါတယ်။

ဘင်္ဂလား ပင်လယ်အော် အနောက်တောင် ပိုင်းမှာ ဖြစ်ပေါ် နေတဲ့ 03B မုန်တိုင်းကို တဖြည်းဖြည်း ပိုမိုအားကောင်းလာကာ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြီး တစ်ခုဖြစ်လာပြီးတဲ့နောက် (၃၀-၁၂-၂၀၁၁)ရက် နေ့ညနေပိုင်းအချိန်မှာ အိန္ဒိယနိုင်ငံတောင်ပိုင်း အရှေ့ဖက်ကမ်းခြေကို Chennai မြို့အနီးက ဖြတ်ကျော် ၀င်ရောက်လိမ့်မယ်လို့ မိုးလေ၀သပညာရှင် ဒေါက်တာ ဦးထွန်းလွင် က ခန့်မှန်းပြောဆိုပါတယ်။

အနေအထားကတော့ အန္တရာယ်အလွန်ကြီးမားတဲ့ အခြေအနေပါပဲ။ ဒီလိုအင်အားနဲ့သာဖြတ်ခဲ့ရင်သေချာပေါက် မုန်တိုင်းဒီရေက တက်တော့မှာပဲ။ အသေအပျောက်တွေကိုလည်း စိတ်မချမ်းမြေ့စရာ ကြားရတော့မှာပါပဲ။ ဒီနေရာမှာ တကယ်ဆိုရင် ကြိုတင်ကာကွယ်မှုပဲ လိုပါတယ်။ အချိန် (၃)ရက် အနည်းဆုံး ရပါတယ်။ အိန္ဒိယပြည်သူတွေ ကြိုတင် ကာကွယ်နိုင်ကြပါစေ။ ကျွန်တော်တို့ အတွက်ကတော့ ဒီမုန်တိုင်း နောက်(၃)ရက်အတွင်း လမ်းကြောင်းပြောင်းကာ အရှေ့မြောက်ဖက်ကို ပြန်ကွေ့မလာပါစေနဲ့... လို့ ဦးထွန်းလွင် ၀က်ဆိုက်ဘ်မှာ ဖော်ပြထားပါတယ်။

အရှေ့မြောက်ဖက်ကို ပြန်ကွေ့လာရင် မြန်မာပြည်မှာလည်း မှန်တိုင်းဖြစ်ပေါ်မယ့် အခြေအနေမှာ ရှိတယ်လို့ သိရပါတယ်။

(ရည်ညွှန်း - http://www.tunlwin.com/latestdetail.php?myanmar=639)

0 comments: