Tuesday, November 15, 2011

မန္တလေးမြို့တွင် သံဃာတော်ငါးပါးဦးဆောင်ကာ သပိတ်မှောက်

မန္တလေး၊ မဟာမြတ်မုနိဘုရားကြီး၊ မဟာဗုဒ္ဓ၀င် ဗိမာန်တော်ကြီးတွင် သံဃာတော်ငါးပါးဦးဆောင်ကာ သပိတ်မှောက်လျက်ရှိသည်။

အဖမ်း​ခံထား​ရတဲ့​ သံဃာ​တော်​တွေနဲ့ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ လွတ်​မြောက်​ရေး​၊​ တိုင်း​ရင်း​သား​ဒေသက စစ်ပွဲ​တွေရပ်​ရေး​အတွက် ဒီသံဃာ​တော် ၅ ပါး​က ဘုရား​ကြီး​ဝင်း​ထဲက မဟာဗုဒ္ဓဝင်ဗိမာန်မှာ အသံချဲ့စက်နဲ့ ​ဟော​ပြောကြပါတယ်။

ယနေ့ နေ့လည် ၁ နာရီ ၁၅ မိနစ်တွင် ဒေါ်အောင်ဆန်းစုကြည် ဘုရားကြီးမြောက်မုခ်တွင် ငြိမ်းချမ်းစွာစုဝေးမည် လူအားများ ဖုန်းဖြင့် အသံလွှင့်မည်ဖြစ်ကြောင်း သိရသည်။ မနက် ၇ နာ၇ီခန့်မှ စတင်ခြင်းဖြစ်သည်။ ဘုရားကြီး မြောက်မုခ်နှင့် အရှေ့မုခ်လမ်းတွင် ရဲကားတစ်စီးရဲ ၆ယောက်ခန့် လက်နက်အပြည့်အစုံဖြင့် နေရာယူထားသည်။ ဘုရားကြီးအရှေ့မုခ် အနီးရှိ ကြယ်နီသင်္ကန်းတိုက်အနီးတွင် ရဲကားတစ်စီး လက်နက်၊ အသံဖမ်း၊ အသံလွှင်စက် အပြည့်အစုံဖြင့် နေရာယူပြီးဖြစ်သည်။ စအဖ များမှာ မြောက်မုခ်ဘက်အတွင်းရှိ လူများထဲမှ သတင်းယူနေကြသည်။

နေ့လည် ၁၁နာရီခွဲခန့်က သံဃာတော်များထဲမှာ ဆရာတော် ၃ ပါးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲမှ ငွေပွင့် ဗိုလ်မှူးကြီးအဆင့်ရှိ လူတဦးနှင့်ညှိနှိုင်းပြီး နေရာပြောင်းခိုင်းပါသည်။ နေရာအား ယခုသတင်းရေးနေချိန်ထိ အတိအကျ မသိရသေးသော်လည်း ပြတိုက်အတွင်း နေရာယူထားသော သံဃာတော်များအား ၁၅ မိနစ်ခန့် စုရုံးရောက်လာကြသော လူထုအား ငြိမ်းချမ်းရေးတရား ဟောကြားခွင့်ပြုပါသည်။ နေ့လည် ၁ နာရီ ၁၅ မိနစ်တွင် ဒေါ်အောင်ဆန်းစုကြည်မှ စုရုံးလာကြသော လူထုကြီးအား ဖုန်းဖြင့် မေးခွန်းများကို ပြန်လည်ဖြေကြား အသံလွှင့်မည်ဟု သိရပါသည်။

0 comments: