Tuesday, November 1, 2011

ဂုဏ်ယူတယ်သူငယ်ချင်း

သူငယ်ချင်း
မင်းတာဝန်ယူနေတာ
မျိုးဆက်သစ်တို့ရဲ့ ခိုလှုံရာ
အနာဂတ်ဆိုတဲ့ ကမ္ဘာအတွက်
ခိုင်မာတဲ့ လက်တွေနဲ့
ယုံကြည်ချက်ကို ကိုင်စွဲ
ဒေါင်းအလံကို လေမှာဝဲလို့
အပွဲပွဲနွှဲဖို့ အသင့်ဖြစ်ရင်း
ပေးဆပ်စွန့်လွှတ်ခြင်း ဆိုတဲ့
မလွယ်ကူခြင်းတရား
အပြုံးများနဲ့ ချေဖျက်
တိုက်ပွဲဝင်လျှက်ရှိနေတဲ့
မင်းနဲ့ ရဲဘော်အားလုံးအတွက်
လေးစား ဂုဏ်ယူလျက်။

ထူးသျှား

0 comments: