Monday, October 31, 2011

ရမ္မက်

ကဗျာက
ငါ့ရဲ့ လက်ဝါးကပ်တိုင်
ဝတ္ထုတွေက
ငါ့ရဲ့ သမ္မာကျမ်းစာ
သီချင်းတွေက
ငါ့ရဲ့ တမန်တော်
ရုပ်ရှင်ရုံက
ငါ့ရဲ့ ဘုရားကျောင်း
ငွေစက္ကူတွေက
ငါ့ရဲ့ ဆူးခက်သရဖူ ။ ။

ကြည်မောင်သန်း
ရုပ်ရှင်တေးကဗျာ ၊ ၂၀၀၀ ၊ ဇူလိုင်

" ကဗျာဆရာတစ်ယောက် ကွယ်လွန်သွားသည်။ ကျန်ရစ်သူမှာ ကမ္ဘာမြေကြီးဖြစ်သည်။ ကျန်ရစ်သည်မှာ ကဗျာဖြစ်သည်။ " လို့ ဆရာမြေချစ်သူ ကွယ်လွန်ခြင်းအတွက် အမှတ်တရရေးခဲ့တဲ့ ဆရာလှသန်း သို့..

( သီဟနွယ်ရဲ့ ဖေ့ဘွတ်စာမျက်နှာမှ ကူးယူဖော်ပြပါသည်။)

0 comments: