Sunday, August 28, 2011

“ဆင်” ဖြစ်တယ်

ညိုထက် (လမ်းသစ်ဦး)

သဘောတရားတခုကို

လူထုက

အခိုင်အမာ ယုံကြည်ဆွဲကိုင်လိုက်တဲ့အခါ

အင်အားဖြစ်သွားသတဲ့။

အဲဒီလိုနဲ့

ငြိမ်းချမ်းရေးဆိုတဲ့စကားဟာ

လက်တွေ့အင်အားဖြစ်လာတယ်။

ပြောကြတယ်

“ဆင်” သွားရင် “လမ်း” ဖြစ်သတဲ့။

ဆရာဇော်ဂျီကတော့

“ရသစာပေအဖွင့်” မှာ

သွားပါများရင် “လမ်း” ဖြစ်တယ်လို့ ပြောတယ်။

“ဆင်” သွားရင် “လမ်း” ဖြစ်သလို

သွားပါများရင်လည်း “လမ်း” ဖြစ်တယ်ဆိုတော့

ဒီလိုတွေးမိတယ်

“လမ်း” ဖြစ်အောင်သွားနိုင်သူဟာ “ဆင်” ဖြစ်တယ်။

အဲဒီလိုနဲ့

ငြိမ်းချမ်းရေးဆိုတဲ့စကားဟာ

လက်တွေ့အင်အားဖြစ်လာတယ်။

ညိုထက် (လမ်းသစ်ဦး)

၁၂ - ၈ - ၂၀၁၁

0 comments: