ဧ ရာ ဝ တီ ...
ကြည်ကြည်လင်လင် ပီပီသသ
လှပတဲ့ မြစ်တစ်စင်း
သွေးချင်းတို့အပိုင်
ငါတို့နိုင်ငံရဲ့ ရတနာ
မြစ်နှစ်ဖြာရဲ့ ရင်နှစ် ...။
ဧရာဝတီ ... ဧရာဝတီငဲ့ ...
လူသားတွေအပေါ် သင်တာဝန်ကျေခဲ့သမျှ
သင့်အလှည့်ကျကာမှ
မကြားဝံ့ မနာသာ
နားနဲ့မနာ ဖဝါးနဲ့လည်းမနာ
ရင်ဘတ်တစ်ခုလုံးနဲ့ နာ ...
ဧရာဝတီ မျက်ရည်ကျရှာတယ် ... ။
အငြင်းပွားမနေကြနဲ့
အချင်းများမနေကြနဲ့တော့
တစ်သားတည်း တစ်ညီတူ
ဧရာဝတီကို ကူကယ်ကြဖို့
ငါတို့ရဲ့ မေတ္တာဆေးမြီးတိုနဲ့
စွမ်းသလောက် ဖေးမ
ခမ်းနားလှပတဲ့ ရာဇဝင်များရဲ့ ပိုင်ရှင်ကို ...။
ဧရာဝတီ ... ဧရာဝတီရယ် ...
အားမပျော့ပါနဲ့
အားမလျှော့လိုက်ပါနဲ့ ...
သင့်ရဲ့ သေဆုံးခြင်းဟာ ငါတို့ရဲ့ သေဆုံးခြင်းသာဖြစ်တယ်
ငါတို့အားလုံး ...
ငါတို့တစ်တွေအားလုံး
ချစ်မြတ်နိုးခြင်း စာနာခြင်းများစွာနဲ့
သင့်အတွက် သင့်ဘက်မှာ
ထာဝရ ကမ္ဘာတည်သရွေ့ဆိုတာ ...
ဧရာဝတီ ကြားသိစေ ...
ဧရာဝတီ ကြားသိစေ ... ။ ။ ။
(အခမ်းနားဆုံးသော သက်ရှိကဗျာသို့)
ချစ်ကြည်အေး
Friday, August 26, 2011
အခမ်းနားဆုံးသော သက်ရှိကဗျာ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment