အများအလိုကျ
အထားအသိုမတတ်ဘူး
အခက်အခဲတွေက
ဝှက်ဖဲလို
ရူးမိုက်စွာ
ဦးခိုက်ခဲ့တယ်
ဆန့်ကျင်လိုက်
စတန့်ထွင်လိုက်ပဲ
ရူးသွပ်စွာ
ဦးညွတ်ခဲ့တယ်
အဖြစ်အပျက်တစ်ခုမှ
နှစ်သက်မှုမပါဘူး
ခူးလိုက်တာနဲ့
စူးစိုက်သွားမဲ့ ဒသနတွေထဲ
အရေးကြီးရင်
အစည်းပြေတယ်
သုံးသပ်ရရင်တော့
အသုံးမကျတဲ့ကောင် ပေါ့
လျှောက်သွားရင်
ပျောက်သွားမဲ့ လမ်းပေါ်
ဂေါက်သွားတဲ့ ဦးနှောက်တစ်လုံး။
သုအိုင်စံ
Wednesday, August 24, 2011
ဗြဟ္မာဦးခေါင်း
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment