Tuesday, August 9, 2011

ရှစ်လေးလုံး ၂၃ နှစ်ပြည့် အခမ်းအနားကို လိုင်ဇာမြို့တွင် ကျင်းပ

ဆုံဆည်းရာ၊ သြဂုတ်လ ၉ ရက် ၂၀၁၁

မြန်မာအစိုးရနှင့် စစ်ဖြစ်ပွားနေသော ကေအိုင်အေတပ်များ ထိန်းချုပ်ရာနယ်မြေဖြစ်တဲ့ လိုင်ဇာမြို့တွင် ကေအိုင်အိုဦးစီးမှုဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ) မှ ၂၃ နှစ်မြောက် ရှစ်လေးလုံး အထိမ်းအမှတ် အခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ အခမ်းအနားကို နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီအထိ လိုင်ဇာမြို့ ခန်းမတွင် ကျင်းပခဲ့တာပါ။ မြန်မာ တရုတ်နယ်စပ်မြို့တခု ဖြစ်သည့် လိုင်ဇာတွင် ပထမဆုံးအကြိမ် ရှစ်လေးလုံး အရေးတော်ပုံ အခမ်းအနားကို ပြုလုပ်နိုင်ခြင်းဖြစ်ပါတယ်။ အခမ်းအနားကို ကေအိုင်အို အဖွဲ့ဝင်များ၊ သျှမ်းပြည် တပ်မတော်၊ ချင်းအမျိုးသား တပ်မတော်၊ ရခိုင်အမျိုးသား တပ်မတော်၊ ကချင် ရပ်မိရပ်ဖများနှင့် အမျိုးသမီး သမဂ္ဂများ အပါအဝင် စုစုပေါင်း လူဦးရေ ၃ဝဝ ကျော် တက်ရောက်ခဲ့ကြပါတယ်။

၁၉၉၄ ခုနှစ်က အေအိုင်အိုနှင့် န၀တ စစ်အစိုးရတို့ အပစ်အခတ်ရပ်စဲရေးပြုလုပ်အပြီး ၁၉၉၇ တွင် ကေအိုင်အို ထိန်းချုပ်ရာနယ်မြေအတွင်းမှ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မြောက်ပိုင်း) ထွက်ခွာခဲ့ရာ လွန်ခဲ့တဲ့လပိုင်းအတွင်းမှ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မြောက်ပိုင်း) အဖွဲ့ကို ကေအိုင်အို ထိန်းချုပ်ရာနယ်မြေတွင် ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါတယ်။ Ref: S.H.A.N

0 comments: