(ရိုးရိုးလူ)
ဇန်န၀ါရီ(၁)ရက်နေ့ကနေခရီးစထွက်ခဲ့
ဒီဇင်ဘာ(၃၁)ရက်နေ့ရောက်မှ
အကျီလဲဖို့သတိရတယ်
ဘ၀ဟာတော်တော်နံစော်ခဲ့ပြီပဲ
(လူထူး)
ဇွန်(၁)ရက်နေ့ကခရီးစထွက်ခဲ့
မေ(၃၁)ရက်နေ့ရောက်မှ
အကျီလဲဖို့သတိရတယ်
ဘ၀ဟာတော်တော်နံစော်ခဲ့ပြီပဲ
(လွပ်လပ်သူ)
ဘယ်နေ့ကခရိးစထွက်ခဲ့မှန်းမသိဘူး
ဘ၀ဟာနံစော်နေတော့မှ
အင်္ကျီကောက်လဲလိုက်တယ်
ဒီနေ့ဘာနေ့လဲသိဖို့မလို
(အခြေခံ)
မရပ်မနားခရီးသွားတာတူတယ်
ညစ်ပတ်ရင်အကျီလဲတာတူတယ်
နောက်ဆုတ်ဂီယာမပါတာတူတယ်
အတိတ်မေ့တာချင်းလည်းတူတဲ့
လူဆိုတာ
ကွဲပြားခြားနားနေတဲ့ ပြက္ခဒိန်တွေပဲ။ ။
သုအိုင်စံ
ဆင်းရဲခြင်းသည် ရောဂါ (Poverty is a disease)
-
ဆင်းရဲခြင်းသည် ရောဂါ (Poverty is a disease)
တင့်ဇော်
ဆင်းရဲမွဲတေမှု လျော့ချရေးကို ဦးသိန်းစိန်အစိုးရက လုပ်ဆောင်နေပါသည်။
နိုင်ငံသားတွေကလည်း ပါဝင်နေကြသည်။ နု...
3 hours ago
0 comments:
Post a Comment