Monday, July 11, 2011

ခေတ်တခေတ်ကို အရောင်ဆိုးခြင်း

ဘ၀တွေနေပျော်ဖို့ အတွက်
ကျနော်တို့  မြစ်တို့ ရဲ့  စီးမြဲအတိုင်း
တခါတလေ စီးဆင်းခံလိုက်ရ။

ချစ်သုရေ ..
မင်းကို တည်ငြိမ်စွာ ထားရစ်လိုက်ရပြီး။

တချို့  ဖြစ်စင်တွေမှာ
ပေါ်လစီတွေ နဲ့ ရှုပ်ပွ
လက်တွေ့ အားကျတဲ့ သူတွေ ရှိစေ။

နာမည်မှားပေးတာ ဘယ်သူလဲ
သူလား ... ငါလား။

ရာဇ၀င်တပုဒ် ရေးချလိုက်ဦးမယ်
မျှော်လင့်ချက်နဲ့ လက်တွေ့ ဟာ
ခြားနားလွန်းတယ်။

ကျဆုံးခြင်း သင်္ကေတကို
အမှတ်တရ ခါးသီးခြင်းလို့ ဘဲ ခေါ်တော့မယ်။

ကျနော်တို့  ရောက်လာခဲ့ပြီး
အဖိနှိပ်ခံဘက်က ရပ်တည်ဖို့ ။

မှားယွင်းမှုကို ၀န်ခံပါရစေ
ဘ၀နဲ့  ထပ်တူထပ်ကျ မဖြစ်သေးတဲ့အခါ
တော်လှန်ရေးကို အခမဲ့ ရောင်းစားခဲ့ဖူးတယ်။

သေချာတာက
လူတွေဟာ အသက်ကြီးလာလေလေ
ပိုပြီးလွတ်မြောက်မှုကို လိုချင်လာလေလေဘဲ။

ချစ်သူရယ် .. နေရစ်ပါကွယ်
ငြိမ်းချမ်းစွာ နေရစ်တော့
ခေတ်ကြီးကို အရောင်ဆိုးထားတဲ့ နေရာကို
အော်ကြီးဟစ်ကျယ် ဖော်ပြပေးဖို့ 
အဲဒီ မကောင်းဆိုးဝါးေ တွ မောင်းထုတ်ပစ်ဖို့ 
ခရီးဆက်ထွက်ရဦးမှာလေ။





0 comments: