Saturday, July 9, 2011

မှတ်တမ်းတဗုဒ်နဲ့ ဇိုရာ

ဇိုရာ
ဒီကောင်းကင်ကြီးထဲမှာ
ကြယ်စင်တွေ လင်းလက်
ဘုရားသခင်ရဲ့  ကောင်းချီးပေးတော်မှုကို ခံယူခဲ့ပီ။

ဇိုရာ
ပြောကြားပေးပါ....
လူထုကြီးကို ပြောကြားပေးပါ
ကျနော်တို့  မှတ်တမ်းမဲ့ စာတအုပ်နဲ့ 
ခရီးဆက်ခဲ့... ဆဲ။

ဇိုရာ
ဒီတောင်တန်းတွေရဲ့ အပေါ်မှာ အမှန်တရားတွေ ရှိခဲ့
လွတ်မြောက်မှုအတွက်နဲ့ 
ဘ၀တွေကို ကျောပိုးလို့ နေခဲ့။

ဇိုရာ
ဒီမြစ်ကမ်းတွေမှာ
ဒီ ဗြောင်ပြန်စီးနေတဲ့ မြစ်ကမ်းတလျှောက်မှာ
အသဲနှလုံးတွေ ကြွေကျ
မားမားရပ်ရပ် ...
ရပ်တည်ချက်ကောင်းခဲ့သူပါ။

ဇိုရာ
ဘုရားသခင်ရဲ့  ချီးမြှင့်မှုကို ခံယူပါ
ကောင်းကင်အထပ်ထပ်မှာ ရှိတဲ့ ကြယ်စင်တွေလို ..
အလွမ်းတွေ ပြည့်နက်
အလင်းပြန့် နေတဲ့ ..
အဲဒီ ယူနီဗာဆယ်နဲ့ 
ဟောဒီမြေပေါ်မှာ
စစ်ပွဲကြီးတွေ ဖြစ်လို့ ။

ဇိုရာ
ပြောကြားပေးပါ
လူထုကြီးကို ပြောကြားပေးပါ ... ဇိုရာ။ ။

SummaryRest of your post

0 comments: