Wednesday, May 4, 2011

ထိုင်း-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်မှု မြင့်မားလာ

ဆုံဆည်းရာ၊ မေလ ၄ ရက် ၂၀၁၁

ထိုင်းနိုင်ငံ မဲဆောက် မြို့မှာ နေထိုင်နေကြတဲ့ မြန်မာ အတိုက်အခံ တွေရဲ့ စာရင်းကို မြန်မာအစိုးရက ထိုင်းဝန်ကြီးချုပ်ဆီကို ပေးပို့ခဲ့တယ်လို့လည်း တာ့ခ် ခရိုင်အုပ်ချုပ်ရေးမှူး နိုင်စမတ်လွိုင်ဖာ က ပြောပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ အမျိုးသား လုံခြုံရေး ကောင်စီက ကိုင်တွယ်ဖြေရှင်း လိမ့်မယ်လို့လည်း တာ့ခ် ခရိုင်အုပ်ချုပ်ရေးမှူးက ယမန်နေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ထိုင်းအစိုးရဟာ ထိုင်း-မြန်မာနယ်စပ်မှာ ရှိနေကြတဲ့ မြန်မာဒုက္ခသည်တွေနဲ့ နိုင်ငံရေး လှုပ်ရှားသူတွေ အပေါ် အရင်တုန်းကလည်း တင်းကြပ်မှုတွေ လုပ်ခဲ့ဘူးပါတယ်။ ဒီတကြိမ် တင်းကြပ်မှုတွေကတော့ မဲဆောက်-မြဝတီ စီးပွားရေးဇုံ တည်ဆောက်ဖို့ အစီအစဉ်နဲ့ ပတ်သက်နိုင်တယ်လို့ မဲဆောက် အခြေစိုက် ဘီဘီစီ သတင်းထောက် ကပြောပါတယ်။

မြန်မာဖက်မှာလည်း အထူးစီးပွားရေးဇုံ တည်ထောင်မယ့် ဒေသတွင်းမှာရှိတဲ့ လူမျိုးစု လက်နက်ကိုင်တွေကို မြန်မာအစိုးရက ရှင်းလင်း နေပြီး လုံခြုံမှု ရှိအောင် ဆောင်ရွက် နေတယ်လို့ တာ့ခ် ခရိုင် အုပ်ချုပ်ရေးမှူး နိုင်စမတ် လွိုင်ဖာက မေလ ၃ ရက်နေ့က မဲဆောက်မြို့မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ကူးယူကိုးကား။ ။ ဘီဘီစီ (http://www.bbc.co.uk/burmese/burma/2011/05/110503_thai_burma.shtml)

1 comments:

tunaung said...

သတင်းတွေကတော.အမျိုးမျိုးပဲနော်
ကိုယ်ထင်တာတွေပဲရေးကြပေါ.။
ကိုယ်လုပ်စရာရှိတာမလုပ်ပဲ။သူများလုပ်တာ
စောင်ကြည်.ပြီး-မျော်နေကြတာ---ဒီလိုနဲ.နှစ်၂၀ကျော်ခဲ.လေပြီ။။။။။။။။။။။။။။
ဝေဖန်ဲကည်.တာပါ..............