Wednesday, April 20, 2011

နအဖ နှင့် ရှမ်းပြည်တပ်မတော်ကြား SSPP/ SSA တိုက်ပွဲပြင်းထန်

ဆုံဆည်းရာ၊ ဧပြီလ ၂၀ ရက် ၂၀၁၁


ရှမ်းပြည်နယ်၊ တောင်ကျိုးအုပ်စု ဟွေ့လောင်ရွာနှင့် ဟောင်ကျိုးရွာများတွင် နအဖ အခြေစိုက်တပ်များနှင့် လှုပ်ရှားတပ်များဖြစ်တဲ့ ခမရ ၅၃၁၊ ခမရ ၅၄၂ တပ်များကို သင်္ကြန်အတက်နေ့ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့ နှစ်ဆန်းတရက်နေ့များတွင် ရှမ်းပြည်တပ်မတော် SSPP/ SSA တပ်မဟာ ၃၆ တပ်များ ၀င်ရောက်တိုက်ခိုက်ရာ နအဖ စစ်တပ်မှ တပ်ရင်းမှူးတဦးအပါအ၀င် ၁၀ ဦးသေဆုံးပြီး ၁၅ ဦးဒဏ်ရာရှိခဲ့ပါတယ်။

နအဖ စစ်တပ်မှ အင်အား ၂၀၀ နီးပါးရှိ ခမရ ၅၃၁၊ ခမရ ၅၄၂ နှင့် ရှမ်းပြည်တပ်မတော် SSPP/ SSA တပ်မဟာ ၃၆ တပ်များ နှင့် သင်္ကြန်အတက်နေ့နှင့် နှစ်ဆန်းတရက်နေ့တွင် တိုက်ပွဲများဖြစ်ပွားရာ တပ်ရင်းမှူး ၁ ယောက်၊ အရာခံဗိုလ်တယောက်၊ တပ်ကြပ်ကြီးတယောက် နှင့် တပ်သား ၇ ယောက် စုစုပေါင်း ၁၀ ယောက်သေဆုံးပြီး ၁၅ ဒဏ်ရာရှိခဲ့ပြီး အာပီဂျီသီး ၅ လုံးနှင့် ကျောပိုးအိတ် ၆ လုံးသိမ်းဆီးရမိကြောင်း သိရသည်။

0 comments: