Wednesday, April 13, 2011

အမြင့်ဆုံးအနုပညာပြပွဲ

(၁)
မြောက်များစွာသောဘာသာစကားတွေကို
မဖြိုဖျက်ခင်
ကဗျာဟာ
စကားလုံးဝင်္ကဘာပယောဂအောက်က
လွတ်မြောက်ဖို့လိုတယ်တဲ့
သတ်သေသွားတဲ့ကဗျာဆရာပြောခဲ့တယ်။

(၂)
အလင်း အမှောင်ဆိုတဲ့ အကျဉ်းထောင်ထဲက
မခုန်ထွက်ခင်
ပန်းချီဟာ
အဆင်း အရောင်တွေရဲ့ အရိပ်သြဇာအောက်က
ဖောက်ထွက်ဖို့လိုတယ်တဲ့
ဂေါက်သွားတဲ့ ပန်းချီဆရာပြောခဲ့တယ်။

(၃)
လေထုနဲ့ ရေဒီယိုလှိုင်းတွေကို
မဖြိုခွင်းခင်
သံစဉ်ဟာ
ပညာရှိကြီး ဆယ့်နှစ်ပါးရဲ့ပိုင်နက်ထဲက
ခွဲထွက်ပြီးဖို့လိုတယ်တဲ့
ဆွံ.အသွားတဲ့ ဂီတဆရာကြီးပြောခဲ့တယ်။

(ပြပွဲ)
(တစ်) ကဗျာကို
(နှစ်) ပန်းချီနဲ့သရုပ်ဖော်ပြီး
(သုံး) သံစဉ်ထဲမှာတီးခတ်
ကမ္ဘာပျက်ပြီးနောက်၊ နောက်တစ်နေ့မှာ
ဖျော်ဖြေပါလိမ့်မယ်။ ။

သုအိုင်စံ
၀၁.၀၈.၀၁
(၂၀၀၂ လောက်မှာ ရုပ်ရှင်တေးကဗျာ မှာဖော်ပြခဲ့ပါတယ်။)

0 comments: