Tuesday, March 8, 2011

ယနေ့ သတင်းများ (မတ်လ ၇ ရက် ၂၀၁၁ ခုနှစ်)

ဆုံဆည်းရာ၊ မတ်လ ၇ ရက် ၂၀၁၁ ခုနှစ်

သတင်း
နေ့လည် (၁၂ နာရီ ၃၈ မိနစ်)
မြဝတီမြို့နယ် ဝေါ်လေဒေသတွင် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့၊ မတ်လ ၆ ရက်နေ့က ဝေါ်လေစခန်းရှိ အစိုးရစစ်တပ် ခြေမြန်တပ်ရင်း -ခမရ (၃၄၆) ကနေပြီး ကနဲလေးစခန်းသို့ ရိက္ခာသွားရောက် ပို့ဆောင်တဲ့ နအဖ စစ်တပ်ကားအား ကေအန်ယူ၊ ဒီကေဘီအေ တပ်ဖွဲ့ဝင်များက နေရာ ၂ နေရာတွင် ၂ ကြိမ်တိုင်တိုင် ချုံခို တိုက်ခိုက်ခဲ့တဲ့သောကြောင့် နအဖ စစ်တပ်ဘက်မှ ၆ဘီးကားတစီး ပျက်ဆီးသွားပြီး တပ်ကြပ်ကြီးတဦးအပါအ၀င် ၄ ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါတယ်။

နေ့လည် (၁၂ နာရီ ၃၀ မိနစ်) ဝေါ်လေစခန်းရှိ အစိုးရစစ်တပ် ခြေမြန်တပ်ရင်း -ခမရ (၃၄၆) ကနေပြီး ကနဲလေးစခန်းသို့ တပ်ရိက္ခာပို့ ဆောင်ရန် ၆ဘီးကားတစ်စီးနှင့်အတူ သွားခဲ့ရာ ယမန်နေ့ ညနေ ၄နာရီခွဲခန့်အချိန်၌ ဖောမုဘောထာနေရာ သို့ ရောက်ရှိစဉ် ကရင်အမျိုးသားလွှတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၂၀၁တို့မှ ချုံခိုတိုက် ခိုက် ခဲ့ခြင်းဖြစ်ကြောင်း KNLA တပ်ရင်း (၂၀၁)မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး စောကြည်အောင်က ပြောသည်။ (ကိုးကား - ကေအိုင်စီ)

နေ့လည် (၁၂ နာရီ ၂၀ မိနစ်) မတ်လ ၅ ရက်နေ့ ညပိုင်းက မြ၀တီ မြို့ပေါ် ရဲစခန်းအနီးတွင် ဗုံးပေါက်ကွဲမှုကြောင့် မြို့သူ၊ မြို့သားများ ယနေ့တိုင် စိုးရိမ် ထိတ်လန့်မှုများ ဖြစ်ပေါ်နေကြောင်း သိရှိရပါတယ်။

0 comments: