Monday, February 7, 2011

ကေအိုင်အိုနဲ့ နအဖ စစ်တပ် တိုက်ပွဲဖြစ်ပွား

ဆုံဆည်းရာ၊ ဖေဖော်ဝါရီ ၇ ရက် ၂၀၁၁ ခုနှစ်

နေ့လည် (၂ နာရီ ၃၀ မိနစ်)
ကချင်ပြည်နယ် ဗန်းမော်မြို့အရှေ့တောင်ပိုင်း၊ နမ့်ခမ်းမြို့ အနောက်မြောက်ဘက်နေရာမှာ နအဖ မိုးညှင်းအခြေစိုက် ခလရ (၁၅) စစ်တပ်များနဲ့ KIA တပ်မဟာ(၃) တပ်ရင်း (၂၇) တပ်ဖွဲ့များ ယနေ့မနက် ၉ နာရီကျော်မှ နေ့လည်ပိုင်းအထိ တိုက်ပွဲ တစ်နာရီကျော်ကြာ အပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။ KIA မှ ပစ်လွှတ်လိုက်သော RPJ က နအဖ စစ်ကားကို တည့်တည့်တိုက်ရိုက် ထိမှန်ခဲ့သောကြောင့် နအဖ ဘက်မှ ဒု-ဗိုလ်မှူးကြီးယဉ်ထွေး ကျဆုံးပြီး၊ ၁၀ ဦး ဒဏ်ရာရထားကြောင်း သိရှိရပါတယ်။ ကေအိုင်အေ တပ်ရင်း (၁) နယ်မြေတွင်လည်း နအဖ စစ်တပ်များနဲ့ ကေအိုင်အေ တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။

နအဖ စစ်တပ် ခလရ (၁၅) မှ တပ်ရင်းမှူးယဉ်ထွေး ဦးဆောင်သည့် စစ်ကားသည် ကေအိုင်အို ထိန်းချုပ်နယ်မြေရှိ ကန့်သတ်နယ်မြေထဲသို့ ဂရုမစိုက်ဘဲ ကျူးကျော် ဝင်ရောက်သွားသဖြင့် တွေ့ရင်ပစ် (shoot on sigh) အမိန့်အတိုင်း တိုက်ပွဲစတင် ဖြစ်ပွားခဲ့တာပါ။ နအဖ ဘက်က ဘိန်းခင်းရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ကေအိုင်အေ တပ်များရှိတဲ့နေရာကို လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်း စတင်ချည်းကပ်နေတာ ဖြစ်ပါတယ်။ ကေအိုင်အို ကန့်သတ်နယ်မြေထဲသို့ နအဖ စစ်ကားဝင်လာတာကို ကေအိုင်အေ တပ်ဘက်ကနေပြီး မိုးပေါ်ထောင်ပြီး အချက်ပေးပါသေးတယ်။ နအဖ ဘက်က မိုးပေါ်ထောင်မပစ်ပဲ ကေအိုင်အေ တပ်များရှိတဲ့ဆီကို လက်နက်ငယ်တွေနဲ့ စတင်ပစ်ခတ်တာကြောင့် ကေအိုင်အေ ဘက်မှ နအဖ စစ်ကားကို အာပီဂျေနဲ့ ပစ်သောကြောင့် နအဖ ဘက်မှ တပ်ရင်းမှူးသေပြီး ၁၀ ဦး ဒဏ်ရာရခဲ့တာလို့ ကေအိုင်အေ နဲ့ နီးစပ်တဲ့ အသိုင်းက ပြောဆိုပါတယ်။

နအဖ ရဲ့ နယ်ခြားစောင့်တပ်ကို လက်မခံတဲ့ ကေအိုင်အိုနှင့် မွန်ပြည်သစ်ပါတီတို့သည် ယမန်နှစ် ၂၀၁၀မှ စတင်၍ ၄င်းတို့ ကန့်သတ်နယ်မြေများ သတ်မှတ်ကာ ကျူးကျော်ဝင်ရောက်လာတဲ့ ရန်သူ နအဖ တပ်များကို အထက်အမိန့် စောင့်ဆိုင်းနေစရာမလိုဘဲ တွေ့ရင်ပစ်နိုင်တဲ့ shoot on sigh ကို ထုတ်ပြန်ထားကြောင်း သိရှိရပါတယ်။

0 comments: