Monday, February 7, 2011

ယနေ့သတင်း (၇ ရက် ဖေဖော်ဝါရီလ ၂၀၁၁)

ဆုံဆည်းရာ၊ ၇ ရက် ဖေဖော်ဝါရီလ ၂၀၁၁

သတင်း
ဖေဖော်ဝါရီ (၄)ရက်နေ့  ညနေပိုင်းအချိန်က ၀ါးမီထနှင့် ဥကလိထကျေးရွာတ၀ိုက်တွင် လှုပ်ရှားလျှက်ရှိသည့် ရှေ့ တန်းခမရ (၂၀၄)၊ ဗိုလ်မှူးကြီး ရဲလင်းဦး ဦးစီးသည့် စစ်ကြောင်း(၂)သည် DKBA, KNU နှင့် ခုခံရေးစစ်ဆင်နွှဲနေကြသည့် ကျောင်းသားတပ်မတော်တို့ ၏ တိုက်မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့်(၆)ဦး ဒါဏ်ရာရ၍ (၃)ဦးထက်မနည်း သေဆုံးသွားကြောင်းနှင့် ဒါဏ်ရာရသူများအား တဖက်နိုင်ငံထိ လိုက်လံထမ်းပိုး ပို့ဆောင်ခဲ့သူ ရွာသားများ၏ ပြန်လည်ပြောဆိုချက်အရ သိရသည်။

ဖေဖော်ဝါရီ (၅)ရက်နေ့  မနက် (၆)နာရီ အချိန်ခန့် တွင်လည်း ဘလက်ဒို့ကျေးရွာ အနောက်ဘက် တောင်သူငို တောင်ခြေတွင် ရှေ့ တန်း ခမရ (၃၅၇)မှ နင်းမိုင်းတစ်လုံး နင်းမိပေါက်ကွဲသဖြင့် တပ်သားတစ်ဦး ဒါဏ်ရာ ရရှိသွားကြောင်း သိရသည်။

ဖေဖော်ဝါရီလ (၅)ရက်နေ့  မနက်(၆)နာရီ (၃၀) မိနစ်အချိန်တွင် ရွှေအေးမြိုင်ကျေးရွာ အနီးတစ်ဝိုက်တွင်လည်း ရှေ့တန်း ခမရ (၂၀၄)တပ်ရင်းမှ တိုက်မိုင်းတစ်လုံးထိမိ ပေါက်ကွဲမှုကြောင့် (၃)ဦး ဒါဏ်ရာရရှိသွားကြောင်း သိရသည်။

0 comments: